မြန်မာ သည် ပြင်းအား ၇.၇ ရှိ ငလျင် ကြီးကြောင့် အပျက်အစီး ပုံကြီးကြား နစ်မြုပ်နေခဲ့ ရာမှ ဖြေးညှင်းလှစွာ ပုံမှန် အနေအထား ရောက်အောင့် ရွေ့လျား နေသော်လည်း တဖက်တွင်လည်းတော်လှန်ရေး တပ်ဖွဲ့များက စစ်ကောင်စီ ကို တဖြေး ဖြေး တိုး၍ ဝိုင်း ပတ်လာနေပြီ ဖြစ်သည်ဟု အယ်ဂျာဇီယား သတင်း တွင် သုံးသပ် ရေးသားထားသည်။
ငလျင်ကြီး ၏ သက်ရောက်ခဲ့မှု သည် လာမည့် နှစ် အတွင်း တော်လှန်ရေး အား ပြတ်ပြတ်သားသား အဆုံး အဖြတ် ပေးလာတော့မည်လည်း ဖြစ်သည်။
စစ်တပ် ၏ ထောက်ပံ့ပေးနေရသည့် အရင်းအမြစ်များ နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည့် လက္ခဏာ အဖြစ် အထင်အရှား ထွက်ပေါ်လာရသည်က မကြာမီက တော်လှန်ရေး ဖက်မှ သိမ်းဆည်းရမိခဲ့သော ကျည်ခွံ နှင့် အမြှောက်ဆံ များ ပေါ်ရှိ ရေးထိုးထားသော ထုတ်လုပ်သည့် နှစ်သည် ၂၀၂၅ ဖြစ်နေခြင်းပင်၊ ဤသည်ကို ကြည့်မည် ဆိုက စက်ရုံ မှ အလျင်မီအောင် ထုတ်ပေးနေရသည်မှ သိသာနေသည်ဟု စီဒီအမ် ဗိုလ်မှုး တင်လင်းအောင်က ထောက်ပြခဲ့သည်။
လက်နက် စက်ရုံ များ တည်ရှိရာ နေရာ များကိုလည်း တော်လှန်ရေး တပ်ဖွဲ့ အသီးသီး၏ ဘက်ပေါင်းစုံ မှ ဝိုင်းပတ်ထားခြင်း ခံနေရသည်။ မြို့ပြ များ ရှိရာ သို့ ကျုံးသွင်းခံလာနေရ၍ စစ်တပ်သည် ၎င်းတို့ အရှူံး ကို သက်သာလို သက်သာငြား လေကြောင်းမှ မဲမဲ မြင်ရာ ဗုံးကြဲတိုက်ခိုက်ပြီး ရွာများကို မီးရှို့ ဖျက်ဆီး ကုန်ကြသည်။
ငလျင်ကြီး လှုပ်ခပ်ပြီး နောက် ဆက်လက် ဗုံးကြဲ တိုက်ခိုက်နေပြန်၍ ဆယ်ရက် အတွင်း အရပ်သား စုစုပေါင်း ၇၄ ဦး သေဆုံးသွားခဲ့ရသည်ဟု ပြုစုထားသော စာရင်းဇယားများက ဖေါ်ပြနေသည်။
စစ်တပ်ဖက်က ငလျင်ကို အခွင့် ကောင်း ယူနေသော်လည်း ဘေးသင့်ရာ ဒေသများ ရှိ PDF တပ်များက ကယ်ဆယ်ရေး လုပ်ငန်းများ အဓိက ထား လုပ်ပေးနေကြရသည်။ သို့သော် PDF သည် ယခင်ကထက် တိုင်းရင်းသား တပ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန် ကောင်းလာပြီ ဖြစ်၍ တိုက်ပွဲများက လာမည့် လ အတွင်း ပို၍ ပြင်းထန် လာဖွယ် ရှိနေသည်ဟု စစ်ကိုင်း PDF တပ် ရင်း ၃ က ပြောလာသည်။
စစ်တပ်သည် ငလျင်ကြောင့် ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များကို အထိခိုက် မခံဘဲ စစ်သားများသည် ကယ်ဆယ်ရေး လုပ်ရမည့် အစား တပ်စခန်း များထဲတွင်သာ ရှိနေသည်ဟု ဒေသတွင်း လုံခြုံရေးရာ များ လေ့လာဆန်းစစ်သည့် သုတေသီ အန်တော်နီ ဒေဗီစ်က ဆိုသည်။
လက်ရှိတွင် ငလျင်ဘေး မှ လွတ်ကင်းခဲ့သည့် ရခိုင် ပြည်နယ် အနောက်ခြမ်းသည် အရေးကြီးဆုံး စစ်မြေပြင် ဖြစ်လာနေသည်။ အာရက္ခ တပ်တော်သည် စစ်တွေ၊ ကျောက်ဖြူ ဒေသများတွင် စစ်ကောင်စီ တပ်များ နှင့် တိုက်ပွဲ များ ဖြစ်ပွားလာနေပြီး မကွေး၊ ပဲခူး နှင့် ဧရာဝတီ တိုင်း ဖက်သို့ ထိုးဖောက် ဝင်ရောက်လာနေပြီ ဖြစ်သည်။
အင်အား ၄၀,၀၀၀ ခန့်ရှိ အာရက္ခ တပ်တော်သည် လက်ရှိ ပြည်တွင်းစစ်ကို တနည်းမဟုတ် တနည်း ပြောင်းလဲသွားအောင် တွန်းပို့ နိုင်မည့် အင်အားစု အဖြစ် ထွက်ပေါ်လာခဲ့သည်။ ထိုသို့ လုပ်နိုင်စွမ်း ရှိကြောင်းလည်း သက်သေ ပြခဲ့ပြီး ဖြစ်သည်။
နိုင်ငံ မြောက်ပိုင်း နှင့် အ နောက် မြောက်ခြမ်းတွင် စစ်တပ်သည်လည်း ဆုတ်ခွာပေးနေရသည့် အနေအထား တွင် ရှိနေသည်။
ကချင် လွတ်လပ်ရေး တပ်တော် နှင့် PDF တပ်ပေါင်းစု သည် အင်းတော် မြို့အား ရှစ်လကြာ ဝိုင်းရံ ပိတ်ဆို့ထားခဲ့ရာမှ ဧပြီ ၇ ရက်နေ့တွင် အပြီးအပိုင် သိမ်းယူ နိုင်ခဲ့သည်။ ချင်းတော်လှန်ရေး တပ်ဖွဲ့များကလည်း ဖလမ်း မြို့ကို သိမ်းပိုက် နိုင်ခဲ့သည်။
စစ်တပ်သည် ငလျင်၏ နောက်ဆက်တွဲ ပြဿနာများ နှင့် အာရုံ များ နေချိန်တွင် နောက်ထပ် မြို့များ တဖြေးဖြေး နှင့် လက်လွှတ်ရဖို့ ရှိနေသည်ဟု စစ်ရေး လေ့လာသုံးသပ်သူ တဦးက ဆိုသည်။
မြေငလျင်ကြီးသည် စစ်တပ်ကို ပြတ်ပြတ်သားသား မထိုးနှက် နိုင်သေးသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ စိတ်ဓါတ်ပိုင်းကို တုန်လှုပ်ခြောက်ခြားသွား အောင် လုပ်နိုင်စွမ်း ရှိခဲ့သည်။
ဗေဒင် နက္ခတ် နှင့် အယူသည်းမှု များ ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များအား သဘာဝ တရားကြီး၏ ဒဏ်ခတ်မှု အဖြစ် အများစုက အဓိပ္ပါယ် ဖွင့်ဆိုနေကြသည်။ ငလျင်သည် အုပ်ချုပ်သူ မင်း ၏ အမှားများ အတွက် နတ်ဘုရားများက ပင် မနေသာတော့ပဲ အပြစ်ပေးလာရသည်ဟု ယူဆလာသည်ဟု ဗိုလ်မှုး တင်လင်းအောင်က ဆိုသည်။ ကြားရသည့် သတင်းများ အဆိုအရ မင်းအောင်လှိုင်ကို တိုက်ရိုက် အပြစ်မဖို့ကြသော်လည်း ၎င်း၏ ဦးဆောင်မှု နှင့် လုပ်ရည်ကိုင်ရည် အပေါ် မေးခွန်းထုတ်လာကြပြီဟု သိရသည်ဟု လည်း ပြောပြခဲ့သည်။
စစ်ကောင်စီ သည် ဝန်ထမ်းများအား ပရိတ် တရားများကို တနေ့လျင် ကိုးခေါက် နှုန်းဖြင့် ကိုးရက်တိတိ ရွတ်ဖတ် ပူဇော်ကြရန် ပင် ညွှန်ကြားလာခဲ့သည်။
မြေငလျင် အပေါ် စစ်တပ်၏ တုန့်ပြန်မှု များကို ကြည့်၍ အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများ အကြား နားမလည် နိုင်အောင် ဖြစ်လာပြီး စိတ်ရှုပ်ထွေးလာနေကြသည်ဟု ဆိုသည်။ ၎င်းတို့ ခေါင်းဆောင်များက နိုင်ငံတကာ အကူအညီများ ချက်ခြင်းလို တောင်းခံ၊ အပစ်ရပ်ရေး ကြေညာ ခဲ့ကြသော်လည်း တဖက်တွင် ဆက်လက် တိုက်ခိုက်နေကြ၍ ဖြစ်သည်။ ထို့အတွက် လူများက ၎င်းတို့ အပေါ် မုန်းတီးသည်ထက် မုန်းတီးလာကြပြီး ၎င်းတို့ ကိုယ်နှိုက်လည်း ဦးတည်ချက် ပျောက်နေကြပုံ ရှိသည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
မင်းအောင်လှိုင်က ထိုသို့ အယူသည်း ပြောဆိုနေမှု များကို ပယ်ချခဲ့သော်လည်း ၎င်း၏ အတွင်းလူများက ထိုအရေး အပေါ် အလေးအနက် ထား လာကြ၍ ၎င်းအတွက် အန္တရာယ် မကင်း ဖြစ်လာနေသည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မြန်မာ အရေး တာဝန်ခံ ရစ်ချတ် ဟိုဆေးက ပြောလာခဲ့သည်။
အာဏာသိမ်းသည် အထိ ဖြစ်လာနိုင်ဖွယ် မရှိသေးသော်လည်း အတိတ်နမိတ် ဆိုး အဖြစ် လက်ခံထားကြပြီး ဖြစ်၍ ၎င်း၏ အာဏာစက် တိုက်စားခံလာရပြီး ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုမှု များ ထွက်ပေါ် လာတော့မည် ဖြစ်သည်ဟုလည်း ထောက်ပြခဲ့သည်။
အားလုံးက ၎င်း၏ အမိန့်များကို လျစ်လျုရှုလာပြီး မိမိတို့ အချင်းချင်း သဘောတူ ညီကြသည် များကိုသာ လုပ်လာကြတော့မည်ဟု ဆိုသည်။
အချို့က ငလျင်ကြီးသည် ၎င်းတို့ အုပ်ချုပ်ရေး ပြိုလဲတော့မည်ဆိုသော နမိတ် ပြလာခြင်း ဖြစ်၍ အချိန်မီ ကာကွယ် နိုင်ရန် စစ်မြေပြင်တွင် ပြတ်ပြတ်သားသား အောင်ပွဲ ခံနိုင်မှ ဖြစ်တော့မည်ဟု ယူဆလာကြကြောင်း နိုင်ငံရေး လေ့လာ သူ တဦးက ထောက်ပြခဲ့သည်။
အယူသည်း မှု သည် စစ်တပ်၏ စစ်မြေပြင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အဓိက နေရာမှ ရှိနေခဲ့သည်။
လက်ရှိတွင် မန္တလေးသည် အကြီးအကျယ် ပျက်စီးသွား၍ မြို့ခံများ နေရာရွှေ့ပြောင်းခံရဖွယ် ရှိနေသည်ဟုလည်း ရစ်ချတ် ဟိုဆေးက ဆိုသည်။
သဘာဝ ဘေးအန္တရာယ်ကြီး အပေါ် စစ်တပ်ဖက်က တုန့်ပြန်လာမှု များ နှင့် ဆက်လက်၍ တိုက်ခိုက်နေမှု များကို ကြည့်၍ ၎င်းတို့၏ ဂုဏ်သိက္ခာသည် လူထု အကြား ဒလဟော ထိုးကျသွားခဲ့ရသည်။
ထို့အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်များက ၎င်းတို့ နှင့် စေ့ဆပ် ဆွေးနွေးရမည့် အရေးကို လိုလိုလားလား ရှိကြတော့မည် မဟုတ်ဟု ရစ်ချတ် ဟိုဆေးက ဆိုသည်။ ၎င်းတို့၏ လက်ရှိ လုပ်ရပ်များကို ကြည့်၍ ရရှိလာသော သဘောတူညီချက်များအားလည်း လိုက်နာကြမည် မဟုတ်ဟု ယုံကြည်လာကြသော ကြောင့် ပင် ဖြစ်သည်။
မည်သို့မျှ တရား ဝင်မှုလည်း မရှိ၊ အရည်အချင်းလည်း မရှိသည့် အဖွဲ့က လက်မှတ်ထိုးထားသည့် စာရွက်ကို မည်သူက အယုံအကြည် ရှိမည်လဲဟုလည်း မေးခွန်းထုတ်ထားသည်။
မိမိအမြင်အရ ပြောရလျင် လားရှိုးကို မည်သည့် နည်း နှင့် ပြန်ရသွားခဲ့သည်ကို အားလုံးအသိပင် ဖြစ်၍ အရှက် အတော်အတန် ရှိသော လူများပင် ၎င်းတို့၏ အောင်ပွဲဟု ဂုဏ်ယူ ဝင့်ကြွား နိုင်ကြတော့ မည် မဟုတ်ပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!