ငွေတွေ ဘယ်က ရမလဲ

by Hla Soewai - Apr 28 2025

ကယ်ဆယ်ရေး လုပ်ငန်းများက ပြီးစီးသလောက် ဖြစ်သွားပေပြီ၊ ငလျင်ဘေးသင့် လူထု အဖို့က လာလတ္တံ့သော မုတ်သုံ မိုး၏ ဒဏ်ကို ရွက်ဖျင်တဲများ အောက်မှ ကြံ့ကြံခံကြရဖို့ ရှိနေသည်။ ငလျင်ဒဏ် ခံရသည့် ပြည်သူ ၂၀၆,၀၀၀ ကျော် အနက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ၄၂,၀၀၀ ခန့်သည် မိုးရွာသီ အတွင်း ထိုသို့ နေကြရဖို့ ရှိနေသည်ဟု သတင်းများက ဆိုသည်။

 

အားလုံး အတွေးထဲတွင်တော့ စီးပွားရေး ပျက်စီး ပြိုလဲနေသည့် ကြားမှ မည်သို့များ ပြန်လည် တည်ဆောက်ပြီး နာလံ ထူလာနိုင် ပေမည်နည်း ဟု မေးခွန်းသည် အဖြေမရှိဘဲ ချာချာလည် နေကြပုံရသည်။

 

မင်းအောင်လှိုင်ကတော့ နေပြည်တော်ရှိ ရုံး အဆောက်အအုံများကို modular ပုံစံမျိုး အပိုင်းပိုင်းခွဲ၍ ကျစ်ကျစ်လစ်လစ် တည်ဆောက်သွားမည်ဟု လေသံထွက်လာသည်မှ အပ အခြား ဘာလုပ်မည် ဆိုသည်ကို ခေါင်းထဲ ရှိပုံ မရသေးပေ။

 

အမေရိကန် ဘူမိဗေဒ အသင်းကြီး မှ စီးပွားရေး အရ ပျက်စီးဆုံးရှုံး ခဲ့မှု များသည် တနိုင်ငံလုံး၏ ကုန်ထုတ်လုပ်နိုင်မှု ပမဏထက် များစွာ ကျော်လွန်နေသည်ဟု ခန့်မှန်းထားပြီး ဖြစ်သည်။

 

ထို့အတွက် အားလုံးကလည်း မင်းအောင်လှိုင် ဘာဆက်လုပ်မည်ကို စောင့်ကြည့်နေကြသည်။

 

ပျက်စီးဆုံးရှူံးသွားသည့် ပမာဏ ကို ကြည့်မည်ဆိုလျင် နိုင်ငံတကာ အကူအညီများ အလုံးအရင်း ရမှသာ ဖြစ်နိုင်ခြေ ရှိသည်ဟု ဗြိတိသျှ သံအမတ်ကြီး ဟောင်း နှင့် တာဝန်သိ စီးပွား‌ ရေး လုပ်ငန်း ဆိုင်ရာ မြန်မာ စင်တာ မှ ဒါရိုက်တာ မစ္စက် မာတင် ဘိုးမင်း က မြန်မာနောင်းကို ပြောပြခဲ့သည်။ ရမည်ဆိုလျင်ပင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်ပမှ စေတနာ အလှုရှင်များ၊ စစ်ကောင်စီ ၏ ဘတ်ဂျက်ထဲ မှ သာ ဖြစ်နိုင်ပေသည်ဟု ထောက်ပြသွားခဲ့သည်။

 

ထိုသို့ ပြန်လည် တည်ဆောက်ရာတွင်လည်း ပုဂ္ဂလိကများဖက်က ယုံကြည်မှု နှင့် အကောင်းဖက်က ရှုမြင်တတ်မှု လည်း လိုအပ်နေသည်။ မန္တလေး၏ စီးပွားရေး အနေအထားကို ကြည့်မည် ဆိုက ထိုအကြောင်းချင်းရာ နှစ်ရပ်လုံး ကွယ်ပျောက်နေပြီး တနိုင်ငံလုံး အတိုင်းအတာ နှင့်လည်း ထိုအတိုင်း ဖြစ်နေသည်ဟု ဆိုသည်။ သူ့ အမြင်အရ ဆိုက ဖြစ်လာမည် မဟုတ်ဟု မှတ်ချက် ချသွားခဲ့သည်။

 

မြန်မာအရေး သုတေသီ ဒေးဗစ် စကော့ မေသီဆန်မှ လည်း ထိုအတိုင်းပင် ရှူမြင်ခဲ့သည်။ ငွေတွေ ဘယ်က ရမလဲ ဆိုသည်မှာ သဲသဲကွဲကွဲ မရှိလှဟု ဆိုသည်။

 

လက်ရှိ အနေအထား တိုင်းဆိုက မြန်မာသည် ကိုယ့်ဖာသာ ကိုယ် ဖြေရှင်းရတော့မည်ဟု ၎င်း၏ ထင်မြင်ချက်ကို ထုတ်ပြောလာခဲ့သည်။

 

လက်ရှိတွင် စစ်ကောင်စီသည် ထိုအကြောင်းများကို ခေါင်းထဲ ထည့်ထားပုံ မရသေးဘဲ လက်ရှိ ဖရိုဖရဲ ဖြစ်နေမှု ကို မည်သို့ မည်ပုံ အမြတ်ထုတ်ရမည်နည်း ဆိုသည်ကိုသာ ခေါင်းထဲ အရင် ရောက်လာနေသည်ဟု တော်လှန်ရေး အုပ်စုများက ပြောဆိုခဲ့ကြသည်။

 

ငလျင်ဒဏ် ခံရပြီး လူ ထောင်ပေါင်းများစွာ ပိတ်မိနေသည်ကို အသည်း အသန် ကယ်ထုတ်နေရချိန်တွင်ပင် မည်သို့မျှ အရေးမကြီးသော ‌ဒေသတွင်း ဆွေးနွေးပွဲသို့ မပျက်မကွက် သွားခဲ့သည်ကပင် သိသာ ထင်ရှားနေသည်၊ ၎င်း ရောက်လာသည်ကို ကြည့်ပြီး ကျန် ခေါင်းဆောင်များပင် တအံ့တဩ ဖြစ်ကြပေမည်၊ ၎င်းတို့သာ သူ့ နေရာတွင်ရှိက လာဖို့ စိတ်ပင် ကူးရဲကြမည် မဟုတ်သောကြောင့်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင် ခေါင်းထဲတွင် ရှိနေသည်က ထိုသို့သွား၍ ၎င်း ပြန်ရောက်နိုင်လောက်အောင် စစ်တပ်ကို ယုံကြည်၍ ရမည်လောဟု သာ တွက်ချက်နေပြီး ယုံကြည်မှု အပြည့်နှင့် ထွက်လာခဲ့ခြင်းသာ ဖြစ်သည်ဟု မေသီဆန် က ဆိုသည်။

 

ငလျင် ကြီး အပေါ် မည်သို့ ပြောရဆိုရမည် ဆိုသည်ကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်၊ ရောက်လာမည် လူများအားလည်း မည်သို့ ထိန်းချုပ်ထားရမည်၊ နိုင်ငံတကာ အကူအညီများ မဆိုင်းမတွ တောင်းခံလိုက်ခြင်းဖြင့် လူထု အမြင်တွင် ရက်ရက်ရောရော ကူညီ ကြတော့မည်ဟု အထင်ရောက်လာနိုင်သည်။ ပြည်ပ၏ အသိအမှတ်ပြုခြင်းလည်း ပြန်ရလာနိုင်သည်၊ ဒီလောက်နှင့် လောလောဆယ် လုံလောက်ပြီဟု သာ ယူဆခဲ့သည်ဟု မြန်မာနောင်းကို ပြောပြခဲ့သည်။

 

မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင် တဦးသာ ဖြစ်၍ အကျဉ်းထောင်ထဲတွင်သာ ရှိသင့်သော လူမျိုးအား မတန်မရာ လွန်လွန်ကဲကဲ မြှောက်စားခြင်းသည် မည်သို့မျှ မဖြစ်သင့်ဟု ဆိုသည်။

 

၎င်းတို့၏ လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေများ၊ အဖွဲ့အစည်းများ အပေါ် လေးစားသမှု မရှိသည်ကို ပြသ နေပြီး မင်းအောင်လှိုင်အားလည်း ဆက်၍ သတ်ဖြတ်ရန် တိုက်တွန်းသလို ဖြစ်သွားခဲ့သည်ဟု ကျွန် တော် အနေဖြင့် ထင်မြင်မိသည်။

 

ထို့အတွက် ကြောင့်လည်း မင်းအောင်လှိုင်သည် ပို၍ ရဲတင်းလာပြီး အပစ်ရပ်ထားသည်ဟု လူသိရှင်ကြား ကြေညာထားသော်လည်း ပြောင်ပြောင်တင်းတင်းပင် ချိူးဖောက်ရဲလာခြင်းလည်း ဖြစ်သည်။ စစ်မြေပြင် ရှိ ၎င်း၏ သစ္စာခံများကလည်း အပစ်ရပ်ရေးဆိုသည်က စာရွက်ပေါ်တွင်သာ ရှိသည်ကို ကောင်းစွာ သိထားကြပြီး ဖြစ်သည်။

 

ကုလသမဂ္ဂမှ အကြိမ် မည် ရွေ့ မည်မျှ ချိုး ဖောက်ခဲ့သည်၊ အပြစ်မဲ့ အရပ်သားများ မည်မျှ သေဆုံးခဲ့ရပြီ ဆိုသည်ကို အတိအကျ ထုတ်ပြန်ထား‌ သော်လည်း ယခု အချိန်ထိ မည်သူ တဦးတယောက်ကမျှ ပြစ်တင် ရှုတ်ချခြင်းမျိုး မရှိသေးပေ။

 

အာရက္ခ တပ်‌ တော်၏ သတင်းထုတ်ပြန်ချက်တွင် မြေငလျင် ကြီး အပြီး သုံးပတ် အတွင်း ရခိုင် ပြည်နယ် တခုထဲ တွင် ပင် ဗုံး အလုံးရေ ၄၀၀ ကျော် ကြဲချ ခဲ့သည်ဟု ပါရှိလာသည်။ အဓိကအားဖြင့် ကျောက်ဖြူ၊ ကျောက်တော၊ တောင်ကုပ်၊ စစ်တွေ၊ ပေါက်တော မြို့နယ် များ အား တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အားလုံးက နိုင်ငံ နှင့် ပြည်သူများ အတွက် ရင်လေး နေကြချိန်တွင် မင်းအောင်လှိုင် နှင့် အဖွဲ့ကတော့ business as usual သာ ဖြစ်နေသည်။

 

အပစ်အခတ် ရပ်စဲပြီး စစ်ရေး လှုပ်ရှားမှု များ ရပ်တန့်ကာ အရင်းအမြစ်များကို လူသားချင်း စာနာ အကူအညီပေးရေး ဖက် ဦးတည်သင့်သော်လည်း ထိုသို့ ဖြစ်မလာဟု လူ့အခွင့်အရေး ဆိုင်ရာ ကုလ ရုံး၏ မြန်မာ အကြီးအကဲ ဂျိမ်း ရိုဒီဟေဗာ က ဆိုသည်။

 

သေနတ်တချက် ပစ်သံကြားယုံမျှ နှင့် ဗုံးကြဲ တိုက်ခိုက်မည် ဆိုသည့် အပစ်အခတ် ရပ်စဲရေး မျိုးလားဟု လည်း မေးခွန်းထုတ်လိုက်သည်။

 

သို့သော် ကူညီ ကယ်ဆယ်ရေး လုပ်ငန်း များ တွင် သိသိသာသာ ပျောက်ကွယ်နေကြသော်လည်း ရုရှား၏ ဒုတိယ ကမ္ဘာစစ် အောင်ပွဲရ အထိမ်းအမှတ် တွင် ပါဝင်ဆင်နွှဲရန် လက်ရွေးစင် ရွေးထုတ် လေ့ကျင့်ထားသော တပ်ဖွဲ့ တဖွဲအား မော်စကို သို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။ 

 

 လက်ရှိတွင်တော့ စစ်‌ဗိုလ်ချုပ်များသည် တသက်နှင့် တကိုယ် ခံစားခဲ့ရဖူးခြင်း မရှိသည့် အကြောက်တရား များသည် ၎င်းတို့ သွေးထဲတွင် လေးနှစ်လုံးလုံး စီးဆင်းလည်ပတ် နေပြီ ဖြစ်သည်။

 

တချိန်မဟုတ် တချိန် တော်လှန်‌ ရေး အဖွဲ့များအချင်းချင်း စုစည်း ညီညွတ်ပြီး စစ်မျက်နှာစုံ ဖွင့် တိုက်ခိုက်လာလျင် သေနင်္က ဗျူဟာ တွင် ဆရာတဆူ ဖြစ်သည့် ဆွန်ဇူး ပင် ၎င်းတို့အား ကယ်မ နိုင်တော့မည် မဟုတ် ဆိုသည်ကိုလည်း သိထားကြ၍ ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!