မင်းအောင်လှိုင် ၏ ဗုံးကြဲ မပြတ် အပစ်ရပ် တပတ်တိုးပြန်

by Hla Soewai - Apr 28 2025

မင်းအောင်လှိုင်မှ ၎င်းပေးထားသည့် ကတိကို တည်သည် ဆိုယုံမျှ သဘောဖြင့် ဧပြီ ၃၀ အထိ အပစ်ရပ်ထားမည် ဟု ဆိုလာပြန်သည်။ ၎င်း၏ စကားသည် မည်သို့မျှ အနှစ်သာရ မရှိ ဆိုသည်ကိုလည်း အားလုံးက သဘောပေါက်ထားကြပြီးလည်း ဖြစ်သည်၊ တပတ်မက တနှစ်တိုးသည် ဆိုစေဦး မည်သူကမျှ လည်း ခေါင်းထဲ ထည့်ထားကြတော့မည် မဟုတ်ပေ။

 

အီကောနော်မစ် မဂ္ဂဇင်းကြီးက အပစ်ရပ်ထားသည် ဆိုသော ကာလ အတွင်း ပြည်သူများအား လေကြောင်းမှ အကြိမ်ပေါင်း ၁၂၀ ခန့် တိုက်ခိုက်ခဲ့၍ လူ ပေါင်း ၈၀ သေဆုံးသွားရသည့် သတင်းကို ကမ္ဘာသိ ထုတ်ဖေါ်ရေးသားလာသည်။ ၎င်းတို့၏ လုပ်ရပ်ကြောင့် မြန်မာသည် နှစ်ထပ်ကွမ်း ကပ်ဆိုက်ခဲ့ရပြီ ဖြစ်သည်ဟုလည်း ခေါင်းစဉ် တပ်ထားသည်။

 

မြန်မာ ပြည်သူများ အဖို့လည်း ၎င်းတို့အား လူ လို့ပင် သဘောမထားတော့ဘဲ ကိန်းဂဏန်း တခုမျှသာ ယူဆခံခဲ့ရသည့် အဖြစ်ကိုလည်း တသက်တာ မေ့ပျောက်နိုင်ကြမည် မဟုတ်ပေ။

 

လက်ရှိတွင် မြေငလျင်ဒဏ် သင့် ပြည်သူ ၆၀,၀၀၀ ခန့် ရွက်ဖျင်တဲများ နှင့် နေ နေကြရပြီး လူ နှစ်သန်းခန့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ကုလ သမဂ္ဂ က ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

နိုင်ငံခြားရေး၊ ကမ္ဘာလှည့် ခရီးသွား နှင့် ဗဟိုဘဏ်တို့လည်း အပြင်တွင် တဲ ထိုး၍ လည်ပတ်နေရသည်။

 

စစ်‌ ကောင်စီ သည် နေပြိုတော် ဖြစ်သွားသည်ကို ယခင် အနေအထား အတိုင်း ပြန်ရောက်အောင် မည်သို့မျှ မစွမ်းဆောင်နိုင်တော့ပေ။

 

နေပြည်တော်သည် မန္တလေး ပြီးလျင် အသေ အပျောက် အများ ဆုံး ဖြစ်သည်ဟု သိရသည်။ ဝန်ထမ်း အိမ်ယာ ၁၁၆ လုံး ပြိုကျသွားပြီး ၄၉၄ လုံး ပျက်စီးသွားပြီး ၆၁၀ သည် လူနေ၍ မဖြစ်တော့ဟု လည်း ၎င်းတို့ ထုတ်ပြန်သော သတင်းများတွင် ဆိုသည်။

 

မင်းအောင်လှိုင်ကမူ အကြီးစား တစ်ခုတည်းသော အဆောက်အအုံကြီးများ တည်ဆောက်ခြင်းထက် သေးငယ်ပြီး စနစ်တကျ စီမံထားသော အဆောက်အအုံများကို တည်ဆောက်သင့်ကြောင်း ငလျင်ဒဏ် ကို ၈.၀ အထိ ခံနိုင်ရည်ရှိရန် လုပ်သွားမည်ဟု ဆိုသည်။

 

သို့သော် မင်းအောင်လှိုင် အလိုရှိနေသည့် နျူကလီယား ဓါတ်ပေါင်းဖို ကို ဆက်၍ အကောင်အထည် ‌ဖေါ်သွားမည်ဟု တာဝန်ယူ တည်ဆောက်ပေးမည့် ရုရှားရှိ ရိုဆာတွန် ကုမ္ပဏီ မှ သတင်းထုတ်ပြန်လာသည်။ အဆိုပြုထားသော ၅၅ မီဂါဝပ် ရှိ ဓါတ်ပေါင်းဖို နှစ်ခု အား မည်သည့် နေရာ၊ မည်သည့် အချိန်ဆိုသည်နှင့် ပတ်သက်၍ မူ မသိရှိရသေးပေ။

 

လားရှိူး တွင် လည်း တရုတ် သံတမန် တိန်ရင်ချွန်း ကိုယ်တိုင် ရောက်ရှိလာပြီး အပစ်အခတ်ရပ်စဲမှု စောင့် ကြည့် ရေး အုပ်စု ဆိုသည့် စာတန်းများ ချိတ်ဆွဲထားသော တရုတ် စစ်ကားများ ရောက်ရှိလာသည်ဟု သိရသည်။ လားရှိုး ရှိ ဆင်နှစ်ကောင်ဟိုတယ် တွင်လည်း မြန်မာ စစ်ဖက် အရာရှိများ နှင့် ဆွေးနွေးနေကြဆဲ ဖြစ်သည်။ နှစ်ဖက်စလုံးမှ လားရှိုး ၏ အနေအထားကို တစုံတရာ ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးဟု လည်း AFP သတင်းက ဆိုသည်။

 

ထိုသို့ နှစ်ဖက်စလုံးက ရှက်နေကြပုံ ရှိသော်လည်း တရုတ်တို့ ရောက်ရှိလာသည့် အဖြစ်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အတည်ပြုလိုက်ပြီ ဖြစ်သည်။ နှစ်ဖက်စလုံးက ‌မြောက်ပိုင်းတွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ထိန်းသိမ်းပေးခဲ့သည့် တရုတ်နိုင်ငံ၏ အပြုသဘော ဆောင်သည့် အခန်းကဏ္ဍ ကို ကျေးဇူး ဥပကာရ တင်နေကြသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရ အပတ်စဉ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ကိုယ့်ဖာသာ ကိုယ် ကျောသပ်ရင်သပ် ပြောဆိုသွားခဲ့သည်။

 

သို့သော်လည်း တရုတ်သည် တွယ်ရာ မဲ့နေရှာသည့်မြန်မာ စစ်ခေါင်းဆောင်များ ကို ကျွန်ယုံ ကျွန်ကောင်းများ ဖြစ်လာရန် အကြိုက်ပေး မြူဆွယ် နေခြင်းသာ ဖြစ်သည်။

 

ယခုလည်း လားရှိူးအား စီမံခန့်ခွဲ ပေးပါရန် တိန်ရီချွန်း လက်ထဲ ထိုးအပ်လိုက်ရပြီ ဖြစ်သည်။

 

MNDAA စစ်ဆေးရေး ဂိတ်များအား မြို့လယ်ခေါင်မှ မြောက်ဖက် ငါးမိုင်၊ တောင်ဖက် သုံးမိုင် အကွာ တွင် ချ ထား၍ ကိုးကန့်တို့၏ နယ်နမိတ် စည်းခြားထားပုံရသည်ဟု ဒေသခံများ၏ ‌အပြောကို ကိုးကား၍ မြန်မာ ‌နောင်းတွင် ဖေါ်ပြထားသည်။ ကိုးကန့် အဖွဲ့သည် လားရှိုးမြို့ထဲရှိ စက်ပစ္စည်း တခု မကျန် ဖြုတ်ယူ သွားကြသည်ဟုလည်း သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ PDF တပ်များက နိုင်ငံ အလယ်ပိုင်းကို ခြိမ်းခြောက်‌လာနေပြီ ဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ တို့ တွင် စစ်စခန်းပေါင်း ၁၆၂ ခု ကို သိမ်းယူထားပြီး ဖြစ်သည်။

 

ထို့ပြင် ခမ်ပတ်၊ ရွှေပြည်အေး၊ မော်လူး၊ စဉ့်ကူ၊ တကောင်း၊ သပိတ်ကျဉ်း၊ ပင်လယ်ဘူး၊ အင်းတော် စုစုပေါင်း မြို့ ရှစ် မြို့ကို သိမ်းပိုက် ထားနိုင်ခဲ့သည်။

 

ယခုအခါ တိုက်ခိုက်ရေး စွမ်းရည် နှင့် လက်နက်အင်အား တောင့်တင်းလာပြီ ဖြစ်၍ ထိုးစစ်ကြီးများ ရေရှည် ဆင်နွှဲနိုင်စွမ်း ရှိလာပြီလည်း ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ညီနောင် သုံးဖေါ် အဖွဲ့သည် လက်ရှိ အနေအထား ရောက်အောင် ဆယ်နှစ်ခန့် အချိန်ယူခဲ့ရသော်လည်း PDF တပ်များသည် လေးနှစ် အတွင်း အောင်ပွဲများ ဆက်တိုက် ရရှိလာခဲ့သည်ဟု ဧရာဝတီ က ဆိုသည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

"The death of dogma is the birth of morality."

(တရားသေ လက်ခံထားမှုများ မချုပ်ငြိမ်း မခြင်းကိုယ်ကျင့်တရား ဆိုသည်က ပေါ်ပေါက်မလာနိုင်)

 

Immanuel Kant