စစ်ကောင်စီ ၏ အပစ်အခတ် ရပ်စဲရေး ချိုး ဖောက်လာမှု သည် ကြံရာမရ ဖြစ်လာခြင်းကို ညွန်ပြနေ

by Hla Soewai - Apr 28 2025

နိုင်ငံသည် ငလျင်ဒဏ်ကြီး နှင့် ရင်ဆိုင်နေရစဉ် တွင်ပင် မရပ်မနား ဗုံးကြဲ တိုက်ခိုက်လာနေခြင်းသည် လုပ်ရိုး လုပ်စဉ် အာဆီယံ ကို ပေးထားသော ကတိ ချိုးဖောက်ခြင်း မဟုတ်တော့ဘဲ ပြိုလဲ လိုက်လာ နေသည့် အ‌ခြေအနေ နှင့် ရင်ဆိုင်နေရ၍ ဖြစ်သည်ဟု အစချီကာ အေးရှား တိုင်းမ် စာစောင်တွင် ယခုလို ရေးသားလာခဲ့သည်။

 

အလှည့်ကျ အာဆီယံ ဥက္ကဌ မလေးရှား ဝန်ကြီးချုပ် မှ သမိုင်းဝင် အဆိုပြုချက် တရပ် ချပြလာပြီး မင်းအောင်လှိုင် နှင့် ရခဲ့သော သဘောတူညီချက် မှတ်တမ်းသည် မှင်ပင် မခြောက်သေးမီ ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခု တကြိမ်တွင် ငလျင်၏ ဗဟိုချက် ဖြစ်သော စစ်ကိုင်း ကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လာခဲ့သည်။ ဤသည်ကပင် လူသားချင်း စာနာ ထောက်ထားသင့်သည် ဆိုသည်အား ကတိပျက်မှု ဖြင့် ရေးချယ်လိုက်ခြင်းပင် ဖြစ်သည်။ ဒီတကြိမ်တွင်‌ တော့ ၎င်းတို့ ထိုသို့ ကတိဖေါက်ဖျက်လာမှု သည် အာဆီယံ ကို အပြစ်လည်း မဟုတ်သည့်ပြင် အန်နဝါ နှင့်လည်း မဆိုင်ရေးချ မဆိုင် ဟု ဆိုရမည် ဖြစ်သည်။

 

အန်နဝါသည် လက်ရှိ အနေအထား ကို အလှည့် အပြောင်းကြီး ဖြစ်လာရန် စစ်ကောင်စီ နှင့် ရော အမျိုးသား ညီညွတ်ရေး အစိုးရနင့်ပါ နိုင်ငံရေး အရသတ္တိရှိရှိ စွန့်စားပြီး တွေ့ဆုံခဲ့သည်။

 

၎င်း ထိုသို့ တွေ့ဆုံခဲ့၍ ရက်ပိုင်း အတွင်း ငြိမ်းချမ်းရေး ရသွားစရာ အကြောင်း မရှိသော်လည်း စစ်ဗိုလ်ချုပ် များ၏ မပြောင်းလဲ နိုင်သော ခေါင်းမာ‌ နေသည့် အဖြစ်ကို ဘွင်းဘွင်းကြီး ထုတ်ဖေါ်နိုင်ခဲ့သည့်အပြင် အာဆီယံ၏ သံတမန်‌‌ ရေး ဆိုင်ရာ ကြိုးပမ်းမှုများအားလည်း အသစ်တဖန် ပြတ်ပြတ်သားသား ကြိုးပမ်းနိုင်ရန် နှင့် တရားဝင်မှု ကို လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး အဖွဲ့မှ မြန်မာ အရေး တာဝန်ခံ ရစ်ချတ် ဟိုဆေးက စစ် ခေါင်း‌ဆောင်များ သည် အပစ်အခတ် ရပ်စဲရေးကို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန်ဟု မယူဆဘဲ ၎င်းတို့ နည်းဗျူဟာ မြောက် ပြန်လည် နေရာချထားရန် အတွက်သာ ယူဆထားကြသူများ ဖြစ်သည်ဟု ဆိုသည်။ ယခုလို တခုပြီး တခု ချိုးဖောက်လာခြင်းသည် အံ့ဩစရာ မဟုတ်ဘဲ ၎င်းတို့ အနေအထား မည်သို့ ရှိနေသည်ကို အချက်ပြလာခြင်းပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

ယခု တကြိမ်သည် အချက်ပြယုံတင် မဟုတ်တော့ဘဲ ၎င်းတို့ အတွက် အန္တရာယ် ရှိလာနေသည်ကို ပြဆို နေခြင်းလည်း ဖြစ်သည်။ နယ်မြေများ ဆုံးရှုံးလာနေသည်သာမက နိုင်ငံတကာ နှင့်ပါ ယုံကြည်မှု ဆုံးရှုံးသွားရပြီး တပ်တွင်း အမိန့်ပေး အမိန့်ခံ စနစ်တွင်ပါ ရှေ့နောက်ညီညွတ်မှု မရှိ ဖြစ်လာနေသည်။

 

တော်လှန်ရေး၏ အထင်ကရ ပြယုဒ် ဖြစ်လာသည့် စစ်ကိုင်း တွင် ပို၍ သိသာ ထင်ရှားလာသည်။

 

မင်းအောင်လှိုင် အဖို့က ငလျင်ဒဏ် ခံနေရသော်လည်း တော်လှန်ရေး အဖွဲ့များ စစ်ကိုင်း ဒေသအား ပို၍ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာနိုင်မည့် အရေးကို မည်သို့မျှ စိတ်ကူး၍ပင် မရ အောင်ဖြစ်လာသည်။ ထို့အတွက် ဗုံးကြဲ တိုက်ခိုက်လာခြင်းသည် ပြစ်ဒဏ် ခတ်ခြင်းမျိုး မဟုတ်တော့ဘဲ ကြံရာမရ ဂမူးရှုးထိုး လုပ်လာနေခြင်းပင် ဖြစ်သည်။

 

ထိုသို့ ၎င်းတို့ဖက်တွင် အနေအထားများ မှုန်ဝါးလာနေချိန်မျိုး တွင် အန်နဝါ နှင့် အာဆီယံ အတွက် အင်အား များ ဖြစ်လာရသည်။ မင်းအောင်လှိုင်၏ ကတိဖေါက်ဖျက်မှု သည် အန်နဝါ အတွက် မရည်ရွယ်ပဲ နှင့် နိုင်ငံရေး အရရော၊ ကိုယ်ကျင့် သိက္ခာ ပိုင်းအရပါ အရင်းအနှီးများ ပို၍ တိုးပွား လာရသည်။ အန်နဝါ အတွက် ၂၀၂၅ မေလကုန်ပိုင်း တွင် အာဆီယံ၊ တရုတ် နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) တို့၏ ပူးတွဲထိပ်သီး အစည်းအဝေး လက်ခံ ကျင်းပရမည့် အချိန်နှင့်လည်း အံကိုက် ဖြစ်လာခဲ့သည်။

 

အပစ်အခတ် ရပ်စဲရေး ပြိုလဲသွားခဲ့ရခြင်းသည်ကပင် လက်ရှိ အနေအထား အတိုင်း ဆက်သွားခွင့် ပြု၍ မရတော့ ဆိုသည်ကို ရှင်းလင်းစွာ ပြဆိုလိုက်ပြီ ဖြစ်သည်။ မည်သို့မျှ ဖြေရှင်းမှု မရှိဘဲ ကြားနေခြင်းသည် ကြံရာပါ သဘော ဖြစ်သွားနိုင်ပြီး နိုင်ငံ အတွင်း အကွဲအပြဲ များ ဖြစ်လာခြင်းအတွက် အာဆီယံ သည် တပြေးညီ စုပေါင်း ကြိုးပမ်းရတော့မည် ဖြစ်သည်။

 

အန်နဝါသည် နှစ်ဖက်စလုံး နှင့် ထိတွေ့ ဆက်ဆံပြီးသူ ဖြစ်၍ မရေမရ ကြေညာချက်များ ထုတ်ပြန်ရမည့် အချိန် မဟုတ်တော့ဘဲ ပြဿနာ ကို ဖြေရှင်းနိုင်ရန် နည်းလမ်းများကို ရောက်ရှိလာမည့် ခေါင်းဆောင်များကို တင်ပြနိုင်ရန် အကောင်းဆုံး အနေအထား တွင် ရှိလာသည်။

 

မြန်မာ အရေး ဂျပန်၏ အထူးသံတမန် ဖြစ်သူ ယိုဟီ ဆာဆာကာဝါ မှ "ယုံကြည်မှု ဟူသည် အကန့်အသတ် နှင့် သာ ရှိသော အရင်းအမြစ်လည်း ဖြစ်၍ ယင်းအား ထပ်တလဲလဲ ချိုးဖောက်ခံလာရပါက ရှေ့လျောက် ထိတွေ့ ဆက်ဆံမှု တိုင်းအား စည်းကမ်း သတ်မှတ်ချက်များ နှင့် လုပ်လာရမည်" ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

တချိန်က တိတ်တိတ်ဆိပ်ဆိပ် နှင့် ဇွဲနပဲ ကြီးစွာ ကြိုးပမ်းခဲ့သော ဆာဆာကာဝါသည် ပင် ပြောင်းလဲလာနေသော ရေလှိုင်း နှင့် အတူ မျောပါလာခဲ့ပြီး သံတမန်ရေးသည် စောင့်ကြည့်ယုံဖြင့် မလုံလောက်တော့ဘဲ ဖိအားပေးနိုင်မှ ဖြစ်မည်ဟု ယုံကြည်လာပြီ ဖြစ်သည်။

 

မြန်မာ အရေး ကျွမ်းကျင်သူ ဒေးဗစ် စကော့ မေသီဆန် မှလည်း စစ်တပ်သည် ဆွေးနွေးပွဲ ဆိုသည်ကို အချိန်ဆွဲ၍ ရသည်ဟုသာ သဘောထားတတ်၍ ‌အာဆီယံ ၏ စိတ်ဓါတ်များ တဖြေးဖြေး လုံးပါး ပါးလာအောင် ထိုင်စောင့်နေကြသူများသာ ဖြစ်သည်ဟု ၂၀၂၅ အစောပိုင်းက ထောက်ပြခဲ့ဖူးသည်။

 

အန်နဝါ၏ နှစ်ဖက်စလုံး နှင့် ဆက်ဆံပြခဲ့မှုသည် ၎င်းတို့ မျှော်လင့်နေသလို အာဆီယံ၏ ညီညွတ်မှုသည် အစမ်းသပ်ခံနိုင်ကြောင်း ထုတ်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

အားလုံး အတွက် စိုးရိမ်မကင်း ဖြစ်လာနေသည်က တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနယ်စပ်များ တွင် အုပ်ချုပ်ရေး မဲ့သည့် နယ်မြေများ ဖြစ်လာပြီး မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှု များ အပြင် အင်အားကြီး နိုင်ငံများ၏ တဆင့်ခံ စစ်ပွဲများ အဖြစ် အသွင်ကူးပြောင်းသွား နိုင်မည့် အရေးများပင် ဖြစ်သည်။

 

ငလျင်ဒဏ် သင့်ခဲ့သည့် စစ်ကိုင်းတွင်ပင် အပစ်အခတ် ရပ်စဲရေး ကို ချိုးဖောက်ပြီး ဗုံးကြဲ တိုက်ခိုက်နေရခြင်းကပင် လုပ်နေကျ ကတိ ဖေါက်ဖျက်ခြင်းမျိုး မဟုတ်တော့ဘဲ စစ်ကောင်စီ အတွက် အဆုံးအဖြတ် ပေးလာတော့မည့် အနေအထား ရောက်ရှိလာခြင်းလည်း ဖြစ်သည်။ အန်နဝါ နှင့် အာဆီယံ သည် ၎င်းတို့၏ အားနည်းချက်ကို အမိအရ ဆုပ်ကိုင်ပြီး ရှုတ်ချ ပြစ်တင် မနေတော့ပဲ ပြဿနာ ဖြေရှင်း နိုင်သည် အထိ လုပ်သွားရမည် ဖြစ်သည်။

 

အန်နဝါသည် အဖွဲ့ဝင် နိုင်ငံများ၏ ထောက်ခံမှု နှင့် အညီ ဆယ်စုနှစ် နှင့် ချီ၍ အာဆီယံ၏ စိတ်ရှည်စွာ ဖြင့် မလှုပ်မယှက် ငြိမ်သက်နေသည့် သံခင်းတမန်ခင်းကို ဖေါက်ထွက် နိုင်မှသာ စစ်ကိုင်းသို့ ကျလာသော ဗုံးများသည် နေပြည်တော်သို့ တိုက်ရိုက် သက်ရောက် မှု ရှိလာမည် ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!