တော်လှန်ရေး ကို အားပျော့သွားစေရန် စစ် လော်ဘီများက ကမ္ဘာစစ်ကြီး ဖြစ်တော့မည်ဟု သွေး ထိုး လှုံ့ဆော်ပေးလာနေချိန်တွင် တဖက်က စစ်အုပ်စု သည် တရုတ် လုံခြုံရေး တပ်ဖွဲ့များ နိုင်ငံထဲ ခေါ်သွင်းရန် မှ သည် ရွေးကောက်ပွဲ တွင် ၎င်းတို့ အကွက်ချထားသည့် ရလဒ်များ တသွေမတိမ်း ဖြစ်လာစေရန် အထိ အကောင်အထည် ဖေါ်လာနေကြပြီ ဖြစ်သည်။
စစ်အုပ်စု ခန့် ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် ထွန်းထွန်း နောင်မှ တရုတ် လုံခြုံရေး တပ်ဖွဲ့များ နိုင်ငံတွင်း ခြေချ နိုင်ရေး ကို ကြီးကြပ်ရေး ကော်မတီ အစည်းအဝေး ကို နေပြည်တော်ရှိ ရဲချုပ်ရုံး တွင် စတင် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။
တရုတ် လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံ လုံခြုံရေး၊ ဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး တို့ အတွက် လိုအပ်သည်ဟု ၎င်းတို့ ဘာလုပ်လုပ် ထောက်ခံကြရမည့် လူများကို အရှက်မရှိ ပြောလာခဲ့သည်။
မင်းအောင်လှိုင်၏ အာဏာ သိမ်းမှုသည် တိုင်းပြည်အား မည်သည့် အခြေ အထိ ဆိုက်ရောက်သွားစေခဲ့သည် ဆိုသည်က ငြင်းမရ အောင် ထုတ်ပြလိုက်ရသည့် သက်သေ ဖြစ်လာခဲ့သည်။
၎င်းတို့ အားကိုးတကြီး နှင့် ခွင့်ပြုလိုက်ရသည့် အဆိုပါ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ များကို ကြီးကြပ် ပေးရမည် ဆိုသည်စကားကလည်း ထမင်းစား ကြီးသူတိုင်း၏ ဦးနှောက် ကို လှောင်ပြောင်လိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်သည် ရှမ်းမြောက်ဒေသတွင် ၎င်းတို့၏ လက်အောက်ခံ ကိုးကန့် တပ်များကို လားရှိူး အထိ စေလွှတ်ခဲ့ပြီး နောက် ဝမ်ယီသည် ၂၀၂၄ သြဂုတ်လ တွင် နေပြည် တော် သို့ ပထမဆုံး အကြိမ် တရားဝင် ခရီးစဉ် အဖြစ် ပေါက်ချလာပြီး ၎င်းတို့ လုံခြုံရေး တပ်များ ဝင်ရောက်ခွင့် ပြုရန် အထိ ခြိမ်း ခြောက် အကျပ်ကိုင်လာခဲ့ရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။
ဤသို့ ဖြင့် ထွက်ပေါ်လာသော ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ အက်ဥပဒေ ဖြင့် စိတ်ချ ရလောက်သည့် အခြေ အနေ ရောက်လာချိန်တွင်တော့ ကိုးကန့် တပ်များအား လားရှိုး မှ ပြန်ဆုပ်ခိုင်းခဲ့ပြီး ယခု အခါ သီ ပေါ ကိုပင် ပြန်ပေးရန်အထိ စီစဉ် နေသည်။
ဗြိတိသျှ ကိုလိုနီ ဘဝ မှ လွတ် မြောက်ရန် အသက်သွေး ချွေး ပေါင်း များစွာ ရင်း၍ တိုက်ယူခဲ့ရ သောတိုင်းပြည် ၏ အချုပ်အခြာ အာဏာသည်ကား ၎င်းတို့ အာဏာ တည်မြဲရေး သာ ပဓာန ဆိုသော စစ်အုပ်စု များ လက်တွင် စတင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
နောက်ပိုင်း တွင် တရုတ် သာ မက မြောက်ကိုရီယား၊ ရုရှား တို့ကိုပါ ခေါ်သွင်းလာကြဦး မည် ဖြစ်သည်။
ကမ္ဘာကြီး အခြေအနေကား ပြောင်းလဲ လာနေပြီး အားလုံးကလည်း နှစ်ပေါင်း ၆၀ ကျော် အခြေကျလာပြီး ဖြစ်သည့် ကမ္ဘာလုံခြုံရေး၊ ငြိမ်းချမ်းရေး စနစ် ကြီးကို အရေးမထားတော့၊ ကိုယ်လုပ်ချင်ရာ မျက်နှာပြောင် တိုက်ကာ လုပ်နေကြပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည်လည်း ၎င်း၏ အာဏာ တည်မြဲရေး အား ထိုမျှ နှင့် စိတ်မချ နိုင်သည့် အလား ရွေးကောက်ပွဲ အား ၎င်း ဖြစ်စေချင်သည်မှ တစက်ကလေးမျှ အတိမ်းအစောင်း မခံရလေအောင် အီလက်ထရောနစ် မဲပေး စနစ် ကျင့်သုံးလာခဲ့သည်။ အဆိုပါ မဲပေးစနစ်သည် ကား ရှင်းလင်းလှသည်၊ မဲ ကိုပင် ရေတွက်နေစရာ မလို၊ မည်သို့သော ရလဒ် ပင် ထွက်ပေါ်စေကာမူ ၎င်းတို့ လိုသလို တမဟုတ်ချင်း ပြောင်းလဲပစ်၍ ရသည်။ ထိုစနစ်သည် ဝိုင်ဖိုင်၊ အင်တာနက်၊ ဘလူးတု မလို၊ operating system ၎င်းတို့ ၏ microcontroller ဖြင့် ထိန်းချုပ် နိုင်၍ "simple and secure" ဟု ပင် ကြွေးကြော်နေပြီ ဖြစ်သည်။
ထို့အတွက် ခေတ်မီ တိုးတက်နေသော အနောက်နိုင်ငံများ၊ အာရှ နိုင်ငံများပင် ယခုထိ မဲပုံးတွင် မဲလာထည့်ရသည့် စနစ်ပင် ကျင့်သုံးနေကြဆဲ ဖြစ်သည်။
ထိုမျှ နှင့် အားမရသေး၊ မဲရုံများကို ကြီးကြပ်ရန်၊ မဲပေးစက်များကို ကိုင်တွယ်ရန် ၎င်းတို့ လက်ရွေးစင် ရွေးချယ်ထားသူများကို လေ့ကျင့်ပေးရန်ပင် မင်းအောင်လှိုင် ဖြစ်စေချင်သည့် ရွေးကောက်ပွဲ ကို တာဝန်ယူ ကပြ အသုံးတော် ခံရမည့် ရွေးကော်က ညွှန်ကြားလာပြီ ဖြစ်သည်။
ယခင်က ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဆပ်ကော်မရှင် ဥက္ကဌ အဖြစ် တသီးပုဂ္ဂလိက ရပ်မိရပ်ဖ သုံးဦး ဖြစ်ရမည်၊ လက်ထောက်များ အဖြစ် ပညာရှင် အဆင့် ရှိသူ နှစ်ဦး ပါဝင်ရမည် ဆိုသည်တို့ အား ပယ်ဖျက်လိုက်ပြီ ဖြစ်၍ ယခုအခါ မင်းအောင်လှိုင် အလိုကျ လုပ်ပေးမည့် နိုင်ငံဝန်ထမ်း (စစ်ထွက်) မည်သူမဆို ခန့်လို့ရသွားပြီ ဖြစ်သည်။ ကျေးရွာ အဆင့်အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အားလုံး ကို စစ်အုပ်စု မှ လုံးဝ ထိန်းချုပ်ခွင့် ရသွားပြီ ဖြစ်သည်။
ထိုသို့ ပြင်ဆင်လိုက်ပြန်သည့် အတွက် ယခင်ကပင် အယုံအကြည်မဲ့နေသည့် ရွေးကောက်ပွဲသည် ပို၍ပင် ဆိုးသွားပြီ ဖြစ်သည်။
ဘီဂျင်းကလည်း သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်ထားသည့် USDP ပါတီ ခေါင်းဆောင် ခင်ရီ နှင့် အရန် အဖြစ်ထားသည့် သက်သက်ခိုင်တို့ အား ၎င်းတို့ မူဝါဒ အတိုင်း ကပြ အသုံးတော်ခံရေး သေချာစေရန် တရုတ် ကွန်မြူနစ်ပါတီ မှ ဖိတ်ကြားသည် ဆိုကာ ဘီဂျင်း သို့ ဆင့်ခေါ်လိုက်ပြီ ဖြစ်၍ ထွက်ခွာသွားပြီ ဖြစ်၍ ပီကင်းပြန် ခင်ရီ၊ ပီကင်းပြန် သက်သက်ခိုင်တို့ ဖြစ်လာပေတော့မည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Credit - Original creator