မွန် ပြည် သစ် ပါတီ နှင့် ကေအင်ယူ ပူးပေါင်းပြီဟု အမေရိကန် Foreign Policy မဂ္ဂဇင်း က ဆို

by Hla Soewai - Jun 27 2025

၂၀၂၁ အာဏာမသိမ်းမီက မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲ အတွေ့အကြုံသည် ကရင် လွတ်မြောက်ရေး တပ်တော် KNLA နှင့် တိုက်ခိုက်နေရခြင်းမျိုးသာ ရှိသည်ဟု အစချီကာ အဆိုပါဒေသသို့ ဖေဖေါ်ဝါရီ လ အတွင်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာခဲ့သည့် ဆောင်းပါးရှင် Andrew Nachemson က ယခုလို ရေးသားလာခဲ့သည်။

 

မွန်ပြည်သစ် ပါတီသည် ၎င်းတို့ လူ့အစည်းအရုံးကြီး နိုင်ငံရေး အရ ကိုယ်ပိုင် အုပ်ချုပ်နိုင်ခွင့် ရရန် ၁၉၅၉ ခုနှစ်တွင် စတင် ဖွဲ့စည်းပြီး တော်လှန်လာခဲ့သည်။

 

၁၉၉၅ တွင် ကရင် ပြည်နယ် အတွင်းရှိ ကျေးရွာ များ အပါအဝင် ၎င်းတို့ ထိန်းချုပ် နယ်မြေ များ အတွင်း တရားဝင် ရပ်တည်ခွင့် ပေးမည်ဆိုသော သဘောတူညီချက်ဖြင့် စစ်တပ် နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။

 

သို့သော် မွန်ပြည်နယ် အတွင်း ကရင်ကျေးရွာများ ရှိနေခြင်း၊ ကရင်ပြည်နယ် အတွင်းတွင်လည်း မွန် ကျေးရွာများ ရှိနေခြင်းတို့သည် အဆိုပါ နှစ်ဖွဲ့အကြား တင်းမာမှု များ မြစ်ဖျားခံရာ ဖြစ်လာခဲ့ရသည်။ အထူးသဖြင့် အုပ်ချုပ်ရေး နှင့် အခွန် ကောက်ခံရေး ပိုင်းတွင် ပြဿနာများ ရှိလာခဲ့၍ ၂၀၁၉ လောက်အထိ ထိတွေ့ တိုက်ပွဲများ ဖြစ်လာခဲ့သည်။

 

ယခုအခါတွင်တော့ စစ်အာဏာသိမ်း အုပ်စုကို အတူ တကွ တွန်းလှန်လာကြပြီး ကေအင်ယူဖက်မှ မဟာဗျူဟာ ပိုင်းတွင် အကြံဉာဏ်များ ပေးခြင်း၊ အထူးသင်တန်းများ ပေးခြင်း နှင့် လက်နက်များပင် တပ်ဆင်ပေးလာခဲ့သည်။

 

မွန်ပြည်သစ် ပါတီ တပ်များသည် လည်း တိုက်ပွဲ အတွေ့အကြုံ မရင့်ကျက်သေး၍ အမှီလိုက်နိုင်ရန် ကြိုးစားလာခဲ့သည်။ ၎င်းတို့သည် အာဏာသိမ်းပြီး နောက်တွင်ပင် အပစ်အခတ် ရပ်စဲရေးကို လိုက်နာခဲ့ကြပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများသို့ စစ်မီး ကူးစက်မလာစေရန် ကြိုးစားနေခဲ့သောကြောင့် ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်တွင်မူ မွန်ပြည်သစ် ပါတီ လက်အောက်ခံ တပ်ရင်း နှစ်ရင်းသည် စစ်အုပ်စု ကို တိုက်ခိုက်ရန် ခွဲထွက်လာခဲ့သည်။ ထိုလုပ်ရပ်ကို မွန် အမျိုးသားရေး လှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။ ၎င်းတို့ အဖွဲ့အတွင်းသို့ စစ်အုပ်စုကို တိုက်ခိုက်လိုကြသော လူငယ် များ တဖွဲဖွဲ ဝင်ရောက်လာကြသည်။ သို့သော် မွန်ပြည်သစ် ပါတီ ခေါင်းဆောင်ပိုင်း၏ လမ်းညွှန်မှု ကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

 

အကြမ်းဖက် စစ်အုပ်စုသည် မွန်ပြည်နယ် အတွင်း ကျေးရွာများကို မီးတင်ရှို့ခြင်း၊ အတင်းအကျပ် ပေါ်တာ ဆွဲခြင်း၊ ပစ္စည်း ဥစ္စာများ သိမ်းယူခြင်းများ ကျူးလွန်နေကြသည်ကို တွေ့မြင်လာကြသော ကြောင့်လည်း ဖြစ်သည်။

 

စစ်တပ်သည် မွန်တို့ နှင့် အပစ်အခတ် ရပ်စဲရေးကို အများအားဖြင့် လိုက်နာခဲ့ကြသော်လည်း ၎င်းတို့၏ ထိန်းချုပ် နယ် မြေ များ အတွင်းရှိ လူထု၏ နေထိုင်မှု ဘဝများသည် တဖြေးဖြေး ဆိုးဝါးလာခဲ့သည်။ လျပ်စစ်ဓါတ်အားများလည်း လွန်ခဲ့သည့် တနှစ်ကျော် ‌လောက်ကစ၍ ဖြတ်တောက်ခံခဲ့ရသည်။ နိုင်ငံ နှင့် တဝှမ်း ကုန်ဈေးနှုန်းများ ခေါင်ခိုက်လာသည်။

 

ပို၍ ဆိုးလာရသည်က ပြည်နယ် မြို့တော် မော်လမြိုင်သို့ သွားရာ လမ်း တလျောက်တွင် စစ်ဆေးရေး ဂိတ်များ ထူထပ်စွာ ချကာ ဖုန်းများစစ်‌ ဆေးခြင်းနှင့် မထင်လျင် မထင်သလို အဖမ်းအဆီးများ လုပ်လာခြင်း၊ လူငယ်များကို စစ်ထဲ ဆွဲသွင်းလာခြင်း တို့ကြောင့် သွားရေးလာရေး ခက်ခဲလာပြီး မည်သူမျှ အကြောင်းကြီးငယ် မရှိဘဲ သွားလာကြခြင်း မရှိတော့ဘဲ မိမိတို့ နယ်မြေများ အတွင်းတွင်သာ နေထိုင်ခဲ့ကြရသည်။

 

ထိုသို့သော အ‌ခြေအနေများကြောင့် ဖိနှိပ်ခံလာရသော တိုင်းရင်းသား လူနည်းစုဝင်များသည် မိမိတို့ အချင်းချင်း သဘောကွဲလွဲမှု များကို ဘေးချိတ်ကာ အချင်းချင်း လက်တွဲလာလိမ့်မည်ဟု ယူဆစရာ ဖြစ်လာသော်လည်း စစ်အုပ်စုသည် ၎င်းတို့ အကြား သပ်လျို သွေးကွဲ အောင် လုပ်ရာတွင် ကျွမ်းကျင်သူ များ ဖြစ်သည်။

 

မွန် တို့ နှင့် မဝေးလှသော ဗုဒ္ဓဘာသာ ပအို့ တိုင်းရင်းသားများအားလည်း ကက်သိုလစ် ဘာသာဝင် ကရင်နီများ ကျုးကျော်လာမည်ဆိုကာ သွေးခွဲထားခဲ့ကြသည်။ ထို့အတွက် ပအို့ တိုင်းရင်းသား တပ်များသည် စစ်တပ်နှင့် ပေါင်း၍ KNDF တပ်များကို ရှမ်းပြည်တောင်ပိုင်း တွင် တိုက်ခိုက်လာကြ၍ လွိုင်ကော်ကို မသိမ်းနိုင် ဖြစ်သွားခဲ့ရသည်။

 

နိုင်ငံ၏ တဖက်ခြမ်းတွင်လည်း ရိုဟင်ဂျာများကို လက်နက် တပ်ဆင်ပေးကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော အာရက္ခ တပ်များအား တိုက်ခိုက်စေခဲ့သည်။ ၎င်းတို့ ယခင်က ရိုဟင်ဂျာ များ အပေါ် ရက်စက် ယုတ်မာစွာ ဆက်ဆံခဲ့သည်များ ရှိခဲ့သည့်ကြားမှ ထိုသို့ ဖြစ်လာခြင်းသည် လွန်စွာထူးဆန်းသော အလှည့် အပြောင်းကြီးလည်း ဖြစ်ပေသည်။

 

စစ်တပ်သည် မွန်တို့အား KNLA နှင့် ဒီမိုကရေစီ တပ်များ ရန်မှ မိမိတို့၏ ရွာများကို ကာကွယ်ကြရန် ဖျားယောင်းသွေး ဆောင်ခဲ့ကြသော်လည်း ၎င်းတို့ဖက်သို့ ပါမသွားခဲ့ဟု မွန်ပြည်သစ် ပါတီ မှ ခွဲထွက်လာသော အဖွဲ့၏ ခေါင်းဆောင် ဗညားလက်ယာက ပြောပြခဲ့သည်။

 

စစ်တပ်၏ ထောင်ချောက်မှ ရှောင်နိုင်ခဲ့ကြပြီး ၎င်းတို့ကို မောင်းထုတ်နိုင်ခဲ့လျင်ပင် အာဏာ လစ်ဟာမှု ဖြစ်သွားမည့် အန္တရာယ်က ရှိနေသည်။ ယင်းကို ရှမ်းမြောက်ဒေသတွင် KIA နှင့် TNLA တပ်များ အကြား ဖြစ်ခဲ့သည့် တင်းမာမှု များ က ညွှန်ပြနေသည်။

 

မွန်ပြည်သစ် ပါတီသည် မြောက်ပိုင်းမှာကဲ့သို့ အောင်ပွဲခံရန် အလှမ်းဝေးနေသေးသော်လည်း ယခုလို အချိန်မျိုး တွင် ဘေးထွက်ထိုင်နေပြီး စစ်တပ် ပြိုလဲသွားသည့် အခါကျမှ မိမိတို့ အခွင့် အရေးကို တောင်းဆိုလာမည် ဆိုက ဘာမှ ရလာမည် မဟုတ်တော့ဘဲ နောက်ချန် ထားခြင်း ခံရလိမ့်မည်ဟု ယူဆလာကြသည်။

 

လက်ရှိ ပဋိပက္ခသည် မည်မျှအထိ သိမ်းပိုက်နိုင်မှု ဆိုသည် အပေါ် မူတည်နေ၍ မွန် တို့ စိုးရိမ် ကြောင့်ကြလာကြခြင်းလည်း ဖြစ်သည်။ တအာင်း တို့သည် လူဦးရေ အားဖြင့် နည်းပါးသော်လည်း အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့များ တွင် ပါဝင်လာခဲ့သည်။ ထို့အတွက် ကချင် အဖွဲ့ နှင့် အငြင်းပွားမှု များ ရှိ‌ နေ သော်လည်း ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို အုပ်ချုပ်ပိုင်ခွင့် ရှိသည် ဆိုသည့် အချက်အား တော်လှန် ရေး အဖွဲ့များထဲမှ စောဒက တက်မည်သူ မရှိ။

 

မွန် ပြည်သစ် ပါတီ သည်လည်း KNLA နှင့် ရှေ့လျောက် နယ်မြေ အငြင်းပွားမှု များ ရှိလာပါကလည်း ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်လိမ့်မည်ဟု အကောင်းဖက်က ရှုမြင်လျက် ရှိနေသည်။ ၎င်းတို့ အနေဖြင့် စစ်တပ်မှ လွဲ၍ မည်သူ နှင့် မဆို ‌‌ဆွေးနွေး နိုင်သည်ဟုလည်း ဆိုသည်။

 

"လွယ်လှသည်‌ တော့ မဟုတ်၊ တင်းမာမှု များ သေချာပေါက် ရှိမည် ဖြစ်သော်လည်း ဖြေရှင်းရမည်သာဖြစ်သည်၊ ဒီဒေသ ကို မွန် ဖြစ်ဖြစ် ကရင် ဖြစ်ဖြစ် ထိန်းချုပ်ထားသည် ဆိုစေဦး၊ ဒီမိုကရေစီ နည်းလမ်းကျကျ၊ လူ့အခွင့် အရေး ကို လေးစားသမှု ဖြင့် အုပ်ချုပ်သွားမည် ဆိုလျှင် လက်မခံနိုင်စရာ မရှိ" ဟု မွန် ပြည်သစ် ပါတီ မှ ခွဲထွက်‌သွား သော အဖွဲ့ဝင် တဦးက ပြောပြခဲ့သည် ဟု ဆောင်းပါးကို နိဂုံးချုပ်ထားသည်။

 

တော်လှန်ရေး အဖွဲ့များ အချင်းချင်း စည်းလုဲးညီညွတ်လာခြင်းအား လူထုက ဝမ်းပမ်းတသာ ကြိုဆိုကြမည် ဖြစ်ပြီး စစ်အုပ်စု အတွက်မူ ‌‌ေ-မင်း တမန် ခေါင်းလောင်းထိုးသံကြီး ကျယ်လောင်စွာ မြည်းဟီး လာခြင်းပင် မဟုတ်ပါလား၊ 

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!