အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
8. STAND OUT (2)
ထရီစာ ပရီကီရိုဝါ အတွက် အထက်တန်း ကျောင်း ပညာရေး ပြီးဆုံးတော့မည့် နှစ်လည်း ဖြစ်သည်။ သူမ၏ မိသားစု ပစ္စည်းဥစ္စာများသည် ဂျာမန်များ လက်တွင်းသို့ ကျရောက်သွားခဲ့ရပြီး ဝါဆော သို့ အတင်းအကျပ် ပြောင်းရွှေ့ခံခဲ့ရ၍ အိမ်ငှား ဘဝ ရောက်ခဲ့ရသည်။ ဖခင် ဖြစ်သူလည်း အဖမ်းခံခဲ့ရသည်။ သူမ၏ ဦးလေး တော်စပ်သူ တဦးလည်း တိုက်ပွဲ တွင် ကျဆုံးသွားခဲ့သည်။ အကို နှစ်ယောက်လည်း ဂျာမန် စစ်သုံ့ပန်း စခန်း တွင် ရောက်နေသည်။ ဝါဆော မြို့ကြီးသည်လည်း ဂျာမန် တို့၏ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ရသည့် အပြင် လူပေါင်း နှစ်သောင်းခွဲခန့် အသက် ဆုံးရှုံးသွားခဲ့သည်။
ထရီစာ သည် အသက်အရွယ် အားဖြင့် ငယ်လှသေးသော်လည်း သူမ တို့ ရင်ဆိုင်နေရသော ထိတ်လန့်စရာ အဖြစ်ဆိုး များ အတွက် သူမ၏ မိတ်ဆွေများ၊ မိသားစု ထဲတွင် ရှေ့မှ ထွက်၍ ရပ်တည်ခဲ့သူ ဖြစ်လာသည်။ ထိုအချိန်က ကိုယ့်အတွက်သာ ကိုယ်စဉ်းစားရမည် ဖြစ်သော်လည်း ထရီစာသည် အခြားသူများ အတွက်ပါ ထည့်စဉ်းစားလာခဲ့သည်။
၁၉၄၀ ကုန်ပိုင်းတွင် ဂျာမန် တို့သည် ပိုလန်ရှိ ၎င်းတို့ ထိန်းချုပ်မှု အောက်ရှိ နယ်မြေများတွင် ဂျူးများ စုဝေး ထားရှိမည့် ဂက်တို ဟု ခေါ်သည့် ရပ်ကွက် များ တည်ဆောက်လာကြသည်။
အောက်တိုဘာလ တွင် ဝါဆော နှင့် အနီးပတ်ဝန်းကျင် ဒေသများနေ ဂျုးများအား မြို တော် အတွင်းရှိ နေရာတနေရာသို့ ရွှေ့ပြောင်းပေးရန် စီစဉ်လာကြသည်။ ထရီစာ၏ အကိုများထဲမှ တဦးသည် စစ်မဖြစ်မီကပင် ဂျူးမိန်းကလေး တဦး နှင့် ရည်ငံ နေပြီး မိသားစု နှင့် ပါ ရင်းနှီးနေသညိ။ ယခုအခါ ဂျုး မိတ်ဆွေများအား သူတို့ ကျင်လည် ခဲ့ရာ ဘဝ များ မှ အဝေးသို့ ဆွဲထုတ် သွားကြတော့မည် အဖြစ်ကို လူများ က တိတ်ဆိတ်စွာပင် လက်ပိုက်ကြည့် နေကြတော့မည်ကိုလည်း သိလာခဲ့သည်။
သူမ၏ မိသားစု ကို ပြောမနေတော့ဘဲ စွန့်စားပြီး ၁၉၄၀ နှစ်ကုန် ပိုင်းလောက်မှစ၍ ဝါဆော ရှိ ဂျူးများ ထားရာ ဂက်တိုထဲသို့ အကြိမ် တဒါဇင်ခန့် ဝင်ရောက်ပြီး သူသိသည့် ဂျူးများကိုရော၊ မသိသူများကို ပါ အစားအသောက် နှင့် ဆေးဝါးများ ဝေငှ ပေးခဲ့သည်။
နှစ်ကုန် တွင် တော့ အကို ဖြစ်သူ၏ မိန်းကလေး အား ဂက်တို ထဲမှ ထွက်ပြေးရန် စည်းရုံး နိုင်ခဲ့သည်။ ၁၉၄၂ တွင် မိန်းကလေး မိဘများ နှင့် အတူ အကို ဖြစ်သူပါ ထွက်ပြေး နိုင်ဖို့ အကူအညီ ပေးခဲ့သည်။
ထိုနှစ် နွေရာသီ အတွင်းမှာပင် ဂျာမန် တို့သည် အဆိုပါ ဂက်တိုကြီးထဲနေ ဂျူး ၂၆၅,၀၄၀ အား "Great Action" ဟူ သော စီမံချက် ဖြင့် ထရီဘလင်ကာ ရှိ မရဏ စက်ရုံ ခေါ် အဆိပ်ဓါတ်ငွေ့ ခန်း များသို့ ပို့ဆောင်ပေးခဲ့ပြီး နောက်ထပ် ၁၀,၃၈၀ ဦးအား ဂက်တို ထဲမှာပင် သတ်ဖြတ်ပစ်ခဲ့ကြသည်။
ထရီစာ သည် မိသားစု တစု အား သေမင်းခံတွင်းဝ မှ ဆွဲထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ထရီစာ ပရီကီရိူဝါသည် နောက်ပိုင်းတွင် ဟောလိုကော့စ် ခေါ် ဂျုးများ မီးလောင်တိုက်သွင်း ခံရမှု နှင့် ပတ်သက်ပြီး သမိုင်း ပညာရှင် တဦး ဖြစ်လာသည်၊ သူမ ကိုယ်တိုင်လည်း ဝါဆော ရှိ ဂက်တို များနှင့် ဂျုးများ ထွက်ပြေး နိုင်အောင် ကူညီခဲ့သူများ အကြောင်းများ ရေးသားခဲ့သည်။
သို့သော် သူ့အကြောင်း ရေးရမည်ကိုတော့ မလိုလားခဲ့။ နောက်ပိုင်း သူ့ဘဝ အကြောင်း မေးမြန်းလာကြသည့် အခါ ဘာမှ ထွေထွေထူးထူး မရှိ၊ ပုံမှန် လို လုပ်ခဲ့တာပါ ဟု ဖြေကြားခဲ့သည်။
သို့သော် ကျွနုပ်တို့၏ အမြင်တွင်တော့ သူမ၏ လုပ်ရပ်သည် ပုံမှန် မဟုတ်၊ အများ ကြား မှ ရှေ့ထွက်ရပ် ပေးခဲ့ခြင်းမျိုးသာ ဖြစ်ပေသည်။