မြန်မာ တို့၏ တော်လှန်ရေးသည် လေးနှစ်ကြာလာသည် နှင့် အမျှ ပြည်နယ် တိုင်း ၁၄ ခု အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ပါ ပျံ့နှံလာနေပြီဟု Center for Strategic and International Studies (CSIS) မှ ဇူလိုင် ၂၂ တွင် ယခုလို သုံးသပ် ရေးသား လာခဲ့သည်။
မြန်မာ အထူးအကြံပေး ကောင်စီ ၏ သုတေသန ပြုချက်အရ နိုင်ငံ မြေဧရိယာ၏ ၃၄ ရာနှုန်း ကျော်ကို တော်လှန်ရေး အဖွဲ့များက ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် နယ်စပ်မြို့ များ အားလည်း တမြို့မှ လွဲ၍ အားလုံးကို သိမ်းယူထားပြီးလည်း ဖြစ်သည်။
ယင်းသည် ရခိုင်ပြည်နယ်မှစ၍ လခြမ်းပုံစံ ဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်း ကို ဖြတ်၍ ကချင်ပြည်နယ် တကြော၊ ထိုမှ တဆင့် အရှေ့ဖက်ရှိ ရှမ်းပြည်နယ်ထဲ ရောက်ရှိလာခဲ့သည်။
ကချင် လွတ်လပ်ရေး တပ်ဖွဲ့ နှင့် ပူးတွဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် အာဏာသိမ်းပြီးချိန်မှစ၍ ကချင်၊ ရှမ်း နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ စစ်စခန်းပေါင်း ၃၀၀ ကျော် နှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းယူ နိုင်ခဲ့ပြီဟု သတင်းများက ဆိုသည်။ တရုတ်ပြည် ထွက်ပေါက် များအားလည်း တနေရာမှ လွဲ၍ အကုန် သိမ်းထားနိုင်ပြီ ဖြစ်သည်။ ထို့အပြင် လွန်စွာ တန်ဖိုး ရှိလာသော မြေရှား သတ္တု တွင်းများ အပါအဝင် သတ္ထုတူးဖေါ်ရေး လုပ်ငန်းအများစု ကိုလည်း ထိန်းချုပ် နိုင်ခဲ့သည်။
ကေအိုင်အေ သည် ယခုအခါ ဗန်းမော် ကို သိမ်းယူနိုင်ရန် နောက်ဆုံး ထိုးစစ် ဆင်လာနေချိန်လည်း ဖြစ်သည်။ ဗန်းမော်ကို သိမ်းယူ နိုင်ခဲ့လျင် ကချင်ပြည်နယ် အရှေ့ခြမ်း တခုလုံး ကို ထိထိရောက်ရောက် ထိန်းချုပ်သွားနိုင်တော့မည် ဖြစ်သည်။
စစ်အုပ်စု သည် ဗန်းမော်ရှိ ၎င်းတို့တပ်များကို ၃,၀၀၀ နီးပါး အထိ အင်အားဖြည့်တင်းလာကြသည်။ နေ့စဉ်လို လေကြောင်းမှ ပျမ်းမျှ အကြိမ် ၅၀ ခန့် တိုက်ခိုက် ပြီး အလူးအလဲ ကာကွယ်နေရသည်။ တဖက်တွင်လည်း ကျောက်စိမ်း တွင်းများ ပြန်ရရန် တန်ပြန် ထိုးစစ် ဆင်နွှဲလာကြပြန်သည်။
တရုတ်သည် ဗန်းမော် မကျအောင် စစ်အုပ်စု အား စစ်ရေး အကူအညီများ တိုး၍ ပေးလာနေသည်။ စစ်အုပ်စုသည်သာ ဗန်းမော်ကို လက်လွှတ်လိုက်ရလျင် လုံးဝ အားပျော့သွား နိုင်ပြီး ချင်း နှင့် ရခိုင်တို ဖက်ရှိ တော်လှန်ရေး တပ်များ ၎င်းတို့ နယ်မြေများကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်သွား နိုင်မည့် အရေးကို တရုတ်တို့ စိုးရိမ် မကင်း ဖြစ်လာကြသည်။
တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ကို စစ်အုပ်စု နှင့် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးကြရန် တွန်းအားပေးလာနေသည်။ ကေအိုင်အေ မှ ရှားပါး မြေသား သတ္တုတွင်းများ သိမ်းယူ နိုင်လိုက်ချိန် တွင် တော့ တရုတ်သည် အပျော့ဆွဲ ချဉ်းကပ် ဆက်ဆံလာသည်။ TNLA သည် တရုတ်၏ ဖိအားပေးမှုများကို လ ပေါင်း များစွာ ခံနေရသော်လည်း စစ်အုပ်စု၏ နယ်မြေများ ပြန်ပေးရန် တောင်းဆိုနေမှု များကြောင့် တိုးတက်မှု မရ ဖြစ်လာခဲ့ရသည်။
ကေအိုင်အေ သည် ဗန်းမော် အပြင် ကချင်၊ ရှမ်း၊ စစ်ကိုင်း ဒေသများရှိ စစ်အုပ်စု ၏ တပ်စခန်းများကို ဆက်လက် တိုက်ခိုက်လျက် ရှိသည်။ ရှမ်းမြောက်ဒေသ တွင် TNLA, MNDAA တို့နှင့် မဟာမိတ်သဖွယ် တရားဝင် ဆက်ဆံနေသော်လည်း မကြာခဏ ဆိုသလို ပွန်းတိုက်မှုများ ရှိလာသည်။
၂၀၁၀ တွင် EAO များ အားလုံး စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် တပ်များ အဖြစ် ဖွဲ့စည်း ရမည်ဟု တောင်းဆိုလာသည့် စစ်တပ်၏ ရာဇသံ ကို ပယ်ချခဲ့သည့် အတွက် ၂၀၁၁ ဇွန်လ ၉ ရက်နေ့တွင် စစ်တပ်သည် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ကို ဖေါက်ဖျက်ကာ ကေအိုင်အေ စခန်းများကို စတင် တိုက်ခိုက်ခဲ့ရာ မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
ကေအိုင်အေ သည် စစ်အာဏာသိမ်းခဲ့မှု အား ဗမာ အင်အားစု နှစ်စု ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် စစ်တပ်အကြား အားပြိုင်မှုဟု ယူဆခဲ့သည်။ သို့သော်လည်း အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှု CDM ပေါ်ထွက်လာပြီးနောက်တွင်တော့ အာဏာသိမ်း စစ်ကောင်စီ အား ဖြုတ်ချရန် ထောက်ခံလာခဲ့သည်။
သို့သော်လည်း ကေအိုင်အေ သည် အခြား EAO များ ကဲ့သို့ပင် တော်လှန်ရေး အလွန် ကာလ အတွက် ၎င်းတို့၏ ရည်မှန်းချက်သည် ပွင့်လင်းမြင်သာမှု အားနည်းနေဆဲ ဖြစ်သည်။ ယခင်က ချင်းအမျိုးသား တပ်ဦး၊ ကေအင်ယူ နှင့် ကရင်နီ တပ်တော်များ နှင့် ဖက်ဒရယ်သမ္မတ နိုင်ငံ ဖြစ်ပေါ်လာရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ ပုံစံမျိုး ကြေညာ ရန် ဆွေးနွေးခဲ့ဖူးသည်။ သို့သော်လည်း သဘောတူညီချက် တရပ် အဖြစ် ပီပီပြင်ပြင် ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။
ကြားကာလ အနာဂတ် အတွက် ကေအိုင်အေ ၏ အတွင်းသဘော ကို ခေါင်းဆောင်ပိုင်း နှင့် နီးစပ်သူများက ထုတ်ဖေါ်ပြောဆိုလာကြသည်။ ကေအိုင်အေ သည် စစ်ရေး ရည်မှန်းချက် အဖြစ် ဗြိတိသျှ တို့ ခြေချမလာမီ ကချင်ဒေသဟု သတ်မှတ်ထားသော နယ်မြေများ အားလုံးကို သိမ်းယူမည်၊ ထိုအထဲတွင် အနီးအနားရှိ ရှမ်း နှင့် စစ်ကိုင်းတိုင်းရှိ အစိတ်အပိုင်း အချို့လည်း ပါဝင်နေသည်။ ကချင်မြေ အတွက် ကြားကာလ ဖွဲ့စည်းပုံကို ထုတ်ပြန်ဖို့လည်း ရည်ရွယ်ထားသည်။ ထိုမှတဆင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကချင်ပြည်နယ် အဖြစ် ထူထောင်သွားရန် ဖြစ်သည်။
ရခိုင်၊ ချင်း၊ ကရင် နှင့် ကရင်နီ တို့ကလည်း အလားတူ ကြိုးပမ်းနေကြသည်။ ကေအိုင်အေသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ဖွဲ့စည်း ပြီးမှသာ ဖက်ဒရယ် သမ္မတ နိုင်ငံ အတွင်း ပူးပေါင်းရန် ဆွေးနွေးမည် ဟု ဆိုသည်။ ရခိုင်၊ ချင်း နှင့် ကရင် တို့သည်လည်း အလားတူ ခံယူထားကြသည်။
စစ်ရေး အခြေအနေ မတည်ငြိမ် မချင်း၊ ထောက်ပံ့ ပို့ဆောင်ရေး ပိုင်းဆိုင်ရာ ပြဿနာများ မပြေလည် မချင်း ကျောက်စိမ်း နှင့် ရှားပါး သတ္တုများ နှင့် စပ်လျင်းသော နိုင်ငံတကာ သဘောတူညီချက်များ ချုပ်ဆို နိုင်ရေး ထည့်သွင်းစဉ်းစားရန် ရွှေ့ဆိုင်းထားဦးမည် ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆိုသည်။
ထိုသတင်း မှန်ကန်ပါက မြန်မာ နှင့် စပ်လျင်းသော အမေရိကန် မူဝါဒ ပိုင်းတွင် အရေးပါသော သက်ရောက်မှု များ ရှိလာနိုင်သည်။ အကယ်၍ အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံကို တပေါင်းတစည်းထဲ ပြန်လည် ထူထောင်ရန် ဆိုပါက၊ ပြည်နယ်ခုနစ်ခုရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အနေဖြင့် အပြန်အလှန်လက်ခံနိုင်သော နယ်နိမိတ်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားပြည်နယ်များ ကို ရေးဆွဲတည်ထောင်ရာတွင် အကူအညီများ ပေးသင့်ပါသည်။
ထို့အပြင်၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ၎င်းတို့နှင့် ဆက်စပ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို စစ်ရေးအရ အကူအညီ ပေးနိုင်သည့် တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းများကို ထည့်သွင်း စဉ်းစားသင့်သည်။ ယင်းတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ စစ်တပ်ကို စစ်ရေးထောက်ပံ့ပစ္စည်းများနှင့် လေ့ကျင့်မှုများပေးနေသော ကုမ္ပဏီများနှင့် နိုင်ငံများအပေါ် မူလပိတ်ဆို့အရေးယူမှုများနှင့် ဒုတိယပိတ်ဆို့အရေးယူမှုများ ပါဝင်သည်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကချင်ပြည်နယ် ထူထောင်လာခြင်းသည် မြန်မာတို့၏ တော်လှန်ရေး တွင် အရေးပါသော မှတ်တိုင်တခု ဖြစ်လာပေလိမ့်မည်။ ရခိုင်၊ ချင်း၊ ကရင်၊ ကရင်နီ တို့သည်လည်း ၎င်းတို့၏ နယ်မြေများ လွတ်မြောက်ဖို့ နီးစပ်လာနေပြီလည်း ဖြစ်သည်။ မွန် နှင့် ရှမ်း တို့၏ ရုန်းကန်မှုသည် အစပျိုးသည့် အဆင့်တွင်သာ ရှိပေသေးသည်။
ဗမာ တို့ အစဉ်အလာ စုဝေး နေထိုင်ရာ အလယ်ပိုင်း ကို ထိန်းချုပ်နိုင်ရေး အတွက် တိုက်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု အပါအဝင် ဥရောပသမဂ္ဂနှင့် တခြားနိုင်ငံများထံမှ ယခုထက် ပိုပြီး ဖိအားပေးလာမည် ဆိုက မြန်မာနိုင်ငံ၏ အာဏာချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်ဖို့ လုံလောက်နိုင် ပေသည်ဟု ရေးသားထားသည်။
အရေးကြီးသည်က ကိုယ့်အား သာ ကိုယ် ယုံကြည်ကိုးစားစိတ် မွေးကြရမည် ဖြစ်သည်။ ယခုအခါဆိုးသည်ထက် ဆိုးလာနေသော အန္တရာယ်ကြီးအား မိမိတို့ အနေချောင်ယုံ သက်သက်ဖြင့် မျိုးဆက်သစ်များ ဆက်ခံကြဟု လက်ဆင့်ကမ်း၍ မည်သို့မျှ တရားမျှတမှု ရှိလိမ့်မည် မဟုတ် ဆိုသည်ကို သိနားလည် လာကြ၍ ကျားကုတ်ကျားခဲ အသက်ပေါင်းများစွာ ရင်း၍ ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု နှင့် အတူ တိုက်ပွဲဝင်နေကြခြင်းပင် ဖြစ်သည်။
နောက်ဆုံးရရှိတဲ့ သတင်းအရ မြန်မာ ခရိုနီ လေးဦး ကို ဒဏ်ခတ်သည့် စာရင်းမှ ပယ်ဖျက်ခဲ့ခြင်းသည် မင်းအောင်လှိုင် ရေးသည့် စာ နှင့် မည်သို့မျှ မပတ်သက်ဘဲ ယခင် အစိုးရ လက်ထက်ကတည်းက ဆွေးနွေ မှု၏ တစိတ်တပိုင်း ဖြစ်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူက ပြောဆိုသွားသည်။
သို့သော်လည်း အမေရိကန်၏ MAGA လှုပ်ရှားမှု တွင် စစ်အုပ်စု၏ လော်ဘီများ ခြေရှုပ်လာ နေပုံရသည်ဟု အကြမ်းဖျင်း ခန့်မှန်းကြည့်၍ ရနေသည်။ ဆိုလိုသည်က ထိုပုဂ္ဂိုလ်များသည် အမေရိကန် အတွက် အကျိုးရှိရာ ရှိကြောင်း လုပ်ပေးနိုင်သည်ဟု ယူဆလာ၍ ဖြစ်မည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
Anything could happen, and it usually does, so there is no point in sitting around thinking about all the ifs, ands and buts.
Amy Winehouse