အမျိုးသား ညီညွတ် ရေး အစိုးရသည် ပြည်သူများကို ကိုယ်စားပြုသည် ဆိုယုံမျှ နှင့် မဖြစ်တော့ ၂၀၂၅ အတွင်း တော်လှန် ရေး ကို ဦးဆောင် နိုင်မှ ဖြစ် ပေတော့မည်ဟု ပြောဆိုလာကြသည်။ ထိုအ ရေး အတွက် တရုတ်အား ပြတ်ပြတ်သားသား ဆက်ဆံ ပြောဆို မှ ရပေတော့မည်ဟု ယူဆသည်၊ ယခုအခါ မင်းအောင်လှိုင် တို့ စစ်အုပ်စု အသက်ဆက်နိုင်ရေး အတွက် ထွက်ပေါက် ရလို ရငြား ရွေးကောက်ပွဲ လုပ် ဖို့ တွန်းတွန်း တိုက်တိုက် လုပ်လာသည်။
ထိုသို့ မဖြစ်ဘဲ တိုင်းပြည် အခြေအနေ ဒုံရင်း အတိုင်း ဆက်ဖြစ်နေမည် ဆိုလျှင် မရ ရ အောင် ကူဖို့ လုပ်လာတော့မည်သာ ဖြစ်သည်၊ ၎င်းတို့၏ နောက်ထပ် ရည်ရွယ်ချက် တခုကား မင်းအောင်လှိုင်ကို အသာတကြည် ဖယ်ရှားပစ် နိုင်ဖို့ ဖြစ်သည်၊ ယခုပင် ကာချုပ် အဖြစ် သတင်းပြေးနေသူ ဒလ ကျော်စွာလင်း အား တရုတ်သံရုံး မှ PLA ထူထောင်သည့် ၉၈ နှစ် မြောက် အခမ်းအနားကို ဖိတ်ကြားပြီး တီးခေါက်လာပြီ ဖြစ်သည်။
စစ်အုပ်စု အခြေမလှ၍ NUG ဖက် လှည့်လာဖို့ မရှိ၊ NUG အာဏာရလာက ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖြင့် သွေးစည်းလာကြမည့်အပြင် အမေရိကန် နှင့် အနောက်ဥရောပက Good Governance ဖြစ်ပေါိရေး ဆိုကာ ဝင်ရောက် ခြေရှူပ်လာကြတော့မည် သာ ဖြစ်သည်၊ ထို့ထက် ပို၍ အရေးကြီး နေသည်က ၎င်းတို့၏ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း ကြီး ပျက်စီးသွား နိုင်မည့် အရေး အတွက် NUG ဖက် ကို မည်သည့် နည်း နှင့်မျှ မျက်စိလည်လာမည် မဟုတ်သည့် အပြင် ဖျက်လိုဖျက်ဆီး လုပ်တော့မည် သာ ဖြစ်သည်။ ရွေးကောက်ပွဲ နှင့် မရလျင် နောက်တနည်းဖြင့် စစ်အုပ်စု အား ကျားကန်ပေးမည်သာ ဖြစ်သည်။
သို့သော် ဒီအတိုင်း ပစ်ပယ်လို့ မဖြစ်၊ တမူး နှင့် ကဘော်ချိုင့်ဝှမ်း အခြေပြု၍ လွတ်မြောက်နယ်မြေ အစိုးရ အဖြစ် ပီပီပြင်ပြင် ရပ်တည်နိုင်မှ ဖြစ်မည် ဆိုသော သဘောထား များလည်း NUG အတွင်း ထွက်ပေါ်လာနေသည်၊ ထိုသို့ ရပ်တည် နိုင်ပါက end-user certificate ထုတ် ပေး နိုင်၍ နိုင်ငံတကာ မှ လက်နက်များ၊ ကုန်ကြမ်းများကို တရားဝင် ဝယ်ယူ တင်သွင်း ခွင့် ရှိလာ တော့မည် ဖြစ်သည်။ ထိုရည်မှန်းချက် ဖြင့် ထိုးစစ်ကြီး တရပ် ဆင်နွှဲ နိုင်ရန် ပြင်ဆင်နေသည်၊ လက်ရှိတွင် သပိတ်ကျဉ်းကိုပင် ၎င်းတို့ ကြာရှည် ဆုပ်ကိုင်မထားရဲဘဲ ဓါတ်ပုံ ရိုက်ပြီး ပြန်ဆုပ်နေကြပြီး အနီးအနားရှိ ရွှေတော ကို မထိရဲကြ ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။
NUG ဖက်က တရုတ်အား ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဆက်ဆံနေရသည့် အကြောင်းတခုသည် လက်နက်ခဲယမ်း များ ကြောင့် ဖြစ်သည်။ အကယ်၍ တရုတ်က ဒဏ်ခတ် ပိတ်ဆို့လာမည် ဆိုက ကိုးကန့် နှင့် ကချင် ရှိ လက်နက်စက်ရုံများ ကုန်ကြမ်း ပြတ်၍ ပိတ်ပစ်ရသည် အထိ ဖြစ်သွားနိုင်ပြီး တော်လှန်ရေး အတွက် အခက်အခဲ များ ဖြစ်သွား နိုင်ပေသည်။
သို့သော် ကချင် လွတ်လပ်ရေး တပ်တော်မှ လုံးဝ နီးပါး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော မြေရှား သတ္တု များကို အမေရိကန် တို့ စိတ်ဝင်စားရကောင်းမှန်း သိလာပြီး ထရမ့်၏ အကြံပေး အဖွဲမှ စေလွှတ်လိုက်သူများ ဘန်ကောက်သို့ပင် ရောက်ရှိကာ ကွင်းဆင်းလေ့လာနေကြပြီ ဖြစ်သည်ဟု သိရသည်၊ အဓိကအားဖြင့် ကချင်မှ အိန္ဒိယ အထိ ပို့ဆောင်နိုင်မည့် လမ်းကြောင်း ပွင့်သွားဖို့ပင် ဖြစ်သည်။ ထိုသို့သော အနေအထား မျိုး ရောက်လာလျင် လက်နက်ခဲယမ်း အတွက် ပူပန် စရာ လိုမည် မဟုတ်တော့ဟု ယူဆ၍ ရလာသည်။
ထရမ့်သည် စိတ်ရှည်သူ မဟုတ်သည့် အားလျှော်စွာ ယနေ့တွင် စစ်အုပ်စု အား ပံ့ပိုးပေးနေသော ကရိုနီ အချို့ကို ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းမှ ဖယ်ရှားပေးလာခဲ့သည်။
ထိုစာရင်းထဲတွင် ဂျိုနသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်၊ တင်လတ်မင်း တို့ ပါဝင်နေသည်။
အမေရိကန်သည် မြေရှား သတ္တုများ အတွက် တဖက်မှ စစ်အုပ်စု နှင့် အပေးအယူလုပ်ရန် မြေစမ်း ခရမ်းပျိုးလာခြင်းလည်း ဖြစ်နိုင်ပေသည်။
ယခု နှစ် အတွက် ဦးကျော်မိုးထွန်း၏ အနေအထားကိုလည်း ရင်တမမ နှင့် စောင့်ကြည့်ရဖို့ ဖြစ်လာသည်။
NUG သည် ၎င်းတို့ အခေါ် တိုးချဲ့ ဖွဲ့စည်းရန် တော်လှန်ရေး ခေါင်းဆောင် လူငယ်များ ကို ဖိတ်ခေါ်ခဲ့သော်လည်း စိတ်မဝင်စားကြဟု သိရသည်၊ ထိုလူငယ် ခေါင်းဆောင်များသည် နောင်တခေတ် တွင် တိုင်းပြည်ကို ဦးဆောင်သွားမည့် လူများလည်း ဖြစ်၍ နိုင်ငံတကာ နှင့် အုပ်ချုပ်ရေး အတွေ့အကြုံရရန် ပါဝင်သင့်လှပေသည်။ ထို့အပြင် NUG လက်တွေ့ ရင်ဆိုင်နေရသော အခက်အခဲများကိုလည်း အတွင်းကျကျ သိလာပြီး အတွေးသစ် အမြင်သစ် များဖြင့် အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင်ပြီး တော်လှန်ရေး အမြန် အောင်မြင်ရာ အောင်မြင်ကြောင်း ကူညီရာ ရောက်မည် ဖြစ်သည်။
ယခု နှစ်သည် တော်လှန်ရေး အတွက် အလှည့်အပြောင်းကြီး ဖြစ်ရန် မဖြစ်မနေ အကောင်အထည် ဖေါ်ရတော့မည် ဖြစ်သည်။
တိုင်းရင်းသား အဖွဲ့များလည်း စစ်တပ် နှင့် တချိန်လုံး တိုက်သွားမည်လော၊ ထိုသို့ မဟုတ်က ရတောင့်ရခဲ အခွင့် အရေး ကို အသုံးချ၍ ငြိမ်းချမ်းစွာ နေသွား နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ အတွက် မကျေနပ်မှုများ၊ မယုံသင်္ကာ မှုများ ဘေးချိတ်ပြီး အတူ လက်တွဲကြရတော့မည် ဖြစ်သည်။ ဖက်ဒရယ် ဒီမိုကရေစီ ကို လူထု ထောက်ခံမှု သက်သက် ဟစ်ကြွေးနေ၍ မရ၊ အလုပ် နှင့် သက်သေပြရတော့မည့် အချိန် ဖြစ်သည်။
NUG ဖက်ကလည်း ရဲရင့် ပြတ်သားသည့် ဆုံးဖြတ်ချက်မျိုး ချရတော့မည် ဖြစ်သည်။ တိုင်းရင်းသား ကိုယ်စားလှယ် များ နှင့် စားပွဲ ထိုင် ဆွေးနွေးပြီး အားလုံး သဘောတူညီချက်မျိုး ရရှိအောင် ဆွေးနွေး နိုင်မှ ဖြစ်မည်၊ ပြည်သူများ အကျိုး အတွက် မိမိတို့ဖက်က ဘာတွေ လုပ်ပေးမည် ဆိုသည်ကို အတိအကျ ပြဋ္ဌာန်းချက် ထုတ်ပြန်ဖို့ လိုသည်။
တိုင်းရင်းသား အချို့က အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခဲ့သော် NUG သည် လမ်းကြောင်း ပြောင်းသွား တော့မည်၊ ပေးထား သော ကတိများ ဖျက်ပစ် တော့မည် ကို စိုးရိမ်ကြောင့်ကြ နေကြသည်၊ ထိုသို့ ဖြစ်စရာ အကြောင်းမရှိ ဆိုသည်ကို သဘောတူညီချက် လက်မှတ် ရေးထိုးပြီး အခိုင်အမာ ကတိပေးနိုင်မှ ဖြစ်မည်။ ထို့အတွက် လူထု က လည်း တခဲနက် ထောက်ခံကြမည် ဆိုက ပြည်ထောင်စု မိခင်ကြီးသည် အဘယ်အခါကများ လူထု ဆန္ဒကို မျက်ကွယ်ပြု၍ ငါ တကော ကောခဲ့ဖူးပေသနည်း။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ရန်လိုလာမှု၊ အကြောင်းရှာလာမှု မျိုးကို ရှောင်ရှားနိုင်ရန် workaround policy ကို ကျင့်သုံးခဲ့၍သာ တိုင်းရင်းသား များ အားမလို အားမရ ဖြစ်ခဲ့ကြခြင်းသာ ဖြစ်သည်။
ယခု အခါ တွင်တော့ အခြေအနေများက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၍ မီးကုန်ယမ်းကုန် ဆောင်ရွက် ပေးမည်လည်း ဖြစ်သည်၊ ဖခင် ဖြစ်သူကလည်း ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ကို မျှော်မှန်းခဲ့ပြီး ဖြစ်သည် မဟုတ်ပါလား။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
The most difficult thing is the decision to act; the rest is merely tenacity.
Amelia Earhart