ဒေါ်အောင်ဆန်း စုကြည် အရေး အနောက်အုပ်စု မှ မဖြစ် မနေ ဝင်ပါမှ ဖြစ်မည်

by Hla Soewai - Sep 08 2025

နိုင်ငံတော် အတိုင်ပင်ခံ ကျန်းမာရေး မကောင်း နှလုံး အခြေအနေသည် ဆိုးဝါးလာနေပြီဟု ယုံကြည်စိတ်ချရသော သတင်း ရပ်ကွက်က အတည်ပြုခဲ့ပြီ ဖြစ်သည်။ သူမမှ နှလုံး အထူးကု ဆရာဝန် နဲ့ ပြခွင့်ရဖို့ တောင်းဆိုထားမှု ကိုလည်း ယခုထိ ခွင့်မပြုသေးဟု လန်ဒန်ထုတ် အင်ဒီးပင်းဒင့် သတင်းစာကြီး တွင် ဆောင်းပါးရှင် ပီတာ ပေါ့ဟမ်က ရေးသားလာသည်။

 

စစ်အုပ်စု သည် သူမအား အသက်ရှင်လျက် နှင့် သေနေအောင်၊ ဘာအသံမှ ထွက်မလာနိုင်အောင် အစွမ်းကုန် လုပ်ထားခဲ့ပြီး ဖြစ်သည်။ နေပြည်တော် အနီး တောထဲ တောင်ထဲတွင် ပြင်ပ နှင့် အဆက်အသွယ် ဖြတ်ပြီး ချုပ်နှောင်ထားသည်။

 

မြန်မာ ၏ တဝက်တပျက် ဒီမိုကရေစီ အား အပြီးအပိုင် အဆုံးသတ်သွားစေခဲ့သည့် အာဏာသိမ်း မှု လေးနှစ် မြောက် နေ့တွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် လမ်မီ (ယခု ဒုဝန်ကြီးချုပ် ဖြစ်လာခဲ့သူ) က ဒေါ်အောင်ဆန်းစုကြည် နှင့် လက်လွတ်စပယ် ဖမ်းဆီးထားသူ များ လွှတ်ပေးရန်၊ မြန်မာပြည်သူများ နှင့် ထိုက်တန်လှသည့် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ကို ပေးရန် စစ်အုပ်စု ကို ပြောဆိုခဲ့သည်။

 

မစ္စတာ လမ်မီ ပြောခဲ့သလိုပင် စွပ်စွဲချက်အမျိုးမျိုးနှင့် မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းချခံရမှုသည် ရက်စက်ကြမ်းကြုတ်ပြီး တရားမျှတမှုမရှိဘူးဆိုသည်က အစကတည်းကပင် သိသာထင်ရှားနေပြီး ဖြစ်သည်။

 

ဒေါ်နယ် ထရမ့် လုပ်နေကျ မိုက်မဲသည့် အမှားများ ကြားတွင် အမေရိကန် ပြည်ထောင်စုသည် စစ်အုပ်စု၏ မိတ်ဆွေ ရင်းခြာကြီး အဖြစ် အသွင်ပြောင်းသွားခဲ့ရသည်။

 

ယခုအခါ ဥရောပသည် အမေရိကန် ကို ဖယ်ထုတ်ပြီး ၎င်းတို့ဖာသာ ပူတင်၏ ကျုးကျော်မှု ကို ရင်မြေ ကတုတ်လုပ်ပြီး ကြံ့ကြံခံရန် ကြိုးပမ်းလာနေပြီ ဖြစ်သည်။ မြန်မာ ပြည် လို အလွန် အမင်း ဒုက္ခ‌ ရောက်နေသည့် နိုင်ငံ အတွက်လည်း ထပ်တူ ထပ်မျှ လုပ်‌ ပေးဖို့ လိုအပ်နေပြီ ဖြစ်သည်။ နိုင်ငံတွင်း လူဦးရေ ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူဦးရေ တစ်ဝက်နီးပါးလည်း မပြီးဆုံးနိုင်သည့် တိုက်ပွဲများကြားတွင် ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေကြရသည်။

 

အနောက် နိုင်ငံ ၏ အပြောနှင့် လုပ်ဆောင်မှု များသည် အဆုံး အဖြတ် ပေးနိုင်သည့် အပြောင်းအလဲများ ဖြစ်လာနိုင်သော ကြောင့်ပင် ဖြစ်သည်။

 

သံတမန်များ ယုံကြည်နေကြသည်က မင်းအောင်လှိုင် အား အာဏာ သိမ်းရန် လှုံ့ဆော်လာရသည့် အ‌ဓိက အကြောင်းသည် ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းတို့ကိုယ်စား နိုင်ငံတကာ တရားရုံး တွင် ချေပ လျှောက်လွှဲခဲ့မှု နှင့် အတူ သူမ အပေါ်အနောက်အုပ်စု၏ ထောက်ခံမှု ပြိုလဲသွားပြီဟု ယုံကြည်လာသော ကြောင့် ဟူ၍ ဖြစ်သည်။

 

လွန်ခဲ့သည့် ဆယ့်ငါးနှစ်က သမ္မတ အိုဘာမား သည် "အာရှ ကို ဆုံလည်ထားမည့်" နိုင်ငံခြားရေး မူဝါဒ ကို ချမှတ်လာပြီး မြန်မာ စစ်ခေါင်းဆောင်များ အား တံခါးဖွင့်ပြီး ဒီမိုကရေစီ အစပျိုးရန် သွေးဆောင်ခဲ့သည်။ ယင်းနှင့် အတူ ပေါ်ပေါက်လာခဲ့သော စစ်ဗိုလ်ချုပ် များ အခေါ် အနောက်အုပ်စု၏ poster girl ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုသည်လည်း ဖျက်သိမ်းခံခဲ့ရသည်။

 

မင်းအောင်လှိုင်သည် ၎င်းဘာလုပ်လုပ်၊ ပြည်တွင်း တွင် မည်မျှပင် ဆန့်ကျင် တွန်းလှန် မှု များ နှင့် ရင်ဆိုင်လာရသည် ဖြစ်စေ ယခင်ကကဲ့သို့ အနောက်အုပ်စု၏ အဓိပ္ပါယ် ရှိသည့် တုန့်ပြန်လာမှု မျိုး (ပိတ်ဆို့ အရေးယူမှု တွေ ပြန်လည် ချမှတ်လာတာမျိုး) ဖြစ်လာမည် မဟုတ်ဟု မှတ်ယူထားပြီး ဖြစ်သည်။

 

၎င်းမှတ်ယူထားသည့် အတိုင်းလည်း ဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်လိုက်ခြင်း သည် အနောက်အုပ်စု၏ မြန်မာ အရှုပ်အထွေးကြီးမှ အပြီးအပိုင် ဖုတ်ဖက်ခါ ထပြီး ထွက်ခွာသွားခဲ့မှု ၏ အစပျိုး ဖြစ်သွားခဲ့သည်။

 

၁၉၈၈ ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့ပြီး သူမ၏ မူလ ခံယူချက် နှင့် လူကြိုက်များမှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ရှိနေသည် ဆိုသော ထူးခြားသည့် အချက်သည် မည်သို့မျှ အရာမရောက်တော့ သလို ဖြစ်သွားခဲ့ရသည်။

 

ယခုအခါ သူ မ သည် လက်ရှိ ထားသည့် နေရာတွင်ပင် မည်သူမျှ မမြင်ရ၊ ‌တွေ့ခွင့်မရ၊ အဆက်အသွယ် မရဘဲ သေဆုံးသွားနိုင်သည့် အဖြစ် နှင့် မလွှဲမရှောင်သာ ကြုံလာရဖို့ ရှိနေသည်။

 

မစ္စတာ လမ်မီ ကဲ့သို့ပင် အနောက်အုပ်စု အနေဖြင့် မြန်မာပြည်တွင် ဒီမိုကရေစီ နည်းအရ ရွေးချယ် တင်မြှောက်ခံထားရသည့် ခေါင်းဆောင်တဦး နှင့် ပတ်သက်၍ မည်သို့ လုပ်ပေးရမည် ဆိုသည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အရေးတကြီး လိုအပ်လာပြီ ဖြစ်သည်။

 

အကယ်၍ သူမသာ အကျဉ်းထောင်ထဲတွင် တိမ်းပါးသွားခဲ့လျင် ဖခင်ကဲ့သို့ပင် နိုင်ငံအား ဆက်၍ ခြောက်လှန့် နေမည်သာ ဖြစ်သည်။ ဂျိုအန် အော့အတ်၊ မာတင် လူသာကင်း၊ စတိဗ် ဘီကို တို့ကဲ့သို့ သမိုင်း တလျောက် ကြီးမြတ်သော အာဇာနည် ကြီး အဖြစ် တွင် ကျန် ရစ်ခဲ့မည် သာ ဖြစ်သည်။

 

ယခု အသက်ရှင် နေဆဲ၊ ကျန်းမာရေး မကောင်းသည့် တိုင် ဥရောပ အနေဖြင့် သူမ လွတ်မြောက်ရေး အတွက် တောင်းဆိုရမည်၊ တောင်းဆို နေယုံ နှင့်လည်း မပြီးသေးဘဲ လက်‌‌တွေ့ ကျကျ လုပ်ဆောင်မှု နှင့် အားဖြည့်ပေးရမည် ဖြစ်သည်။

 

(ဆောင်းပါးရှင် ပီတာ ပေါ့ဟမ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ "The Lady and the Peacock"၊ "The Lady and the Generals" စာအုပ်များ ရေးသား ထုတ်ဝေခဲ့သူ ဖြစ်သည်။)

 

Illustration Credit - ဘိရုမာ (Irrawaddy) 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!