စစ်အုပ်စု တပ်များ ကေကေ ပတ်ခ် အား ဝင်ရောက် စီးနင်း၊ စတားလင့်ခ် စလောင်း သိမ်းယူဟု ဆို

by Hla Soewai - Oct 27 2025

ယနေ့ နိုင်ငံတကာ သတင်းများ တွင်တော့ စစ်အုပ်စု တပ်များ ကေကေ ပတ်ခ် ကို ဝင်ရောက်စီးနင်းပြီး အီလွန် မတ်စ် ၏ စတားလင့် စလောင်း အခု သုံးဆယ်ခန့် သိမ်းယူသွားသည် ဆိုသော စစ်တပ် မီဒီယာ မှ ထုတ်ပြန်‌ သော သတင်းများ ကို ကိုးကား၍ အသားပေး ဖေါ်ပြနေသည်ကို ဖတ်ရှုရသည်။

 

သို့သော် AFP သတင်းမှ ရရှိသော ဂြိုလ်တု နှင့် သတင်း ဓါတ်ပုံများ တွင်မူ ကေကေ ပတ်ခ် ရှိ အဆောက်အဦး တခုစီ ၏ ခေါင်မိုးတွင် အနည်း ဆုံး စတားလင် အလုံး ရှစ်ဆယ် ခန့် ရှိနေသည်၊ စစ်တပ် သတင်းများအရ အဆောက်အဦး ၂၀၀ ခန့်ကို ဝင်ရောက် သိမ်းပိုက် ခဲ့သည့် ဆိုပါလျက် စုစုပေါင်း အလုံးရေ ၃၀ ခန့်သာ သိမ်းယူနိုင်ခဲ့သည့် အပေါ် ဝေခွဲမရ ဖြစ်နေကြသည်။

 

ဧရာဝတီ သတင်းအရမူ ဆယ်ဂဏန်း မျှ အင်အား သုံး၍ မည်ကာမတ္တာ လုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ (ပုံတွင် ရှူ)

 

ထိုသို့ ဝင်ရောက်စီးနင်းခဲ့ရာ တွင် အလုပ်သမား ၂,၂၀၀ ခန့် လုပ်ကိုင်နေသည်ကို တွေ့ရပြီး ဂိုဏ်း ခေါင်းဆောင် ၁၅ ဦး ကို တွေ့၍ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

 

၂၀၂၃ တနှစ်တည်း မှာပင် အဆိုပါ အဆောက်အအုံများ အတွင်းမှ အမေရိကန် ဒေါ်လာ ၃၇ ဘီလီယံကို လိမ်ယူခဲ့ကြသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေး နှင့် ရာဇဝတ်မှု များ ဆိုင်ရာ အေဂျင်စီ မှ သတင်းထုတ်ပြန်ထားသည်။

 

အမေရိကန် အောက်လွှတ်တော် ပူးတွဲ စီးပွားရေး ကော်မတီမှ အဆိုပါ နေရာများ တွင် စတားလင့် ပါဝင် ပတ်သက်နေမှု ကို စတင် စုံစမ်းနေပြီ ဆိုသော သတင်းများ ထွက်ပေါ် အပြီးတွင် ယခုလို ဝင်ရောက် သိမ်းဆည်းခဲ့ကြခြင်း ဖြစ်သည်ဟု ယူဆရသည်။

 

ဒေါ်နယ် ထရမ့်က တနင်္ဂနွေ နေ့ မနက် မှာပင် ကိုလံဘီယာ သမ္မတ အား "မူးယစ်ဆေးဝါး ကုန်ကူးသူ" ဟု တရားဝင် ပြောဆိုလိုက်သည့် သတင်းများလည်းထွက်ပေါ်လာခဲ့သည်။

 

အဆိုပါ အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် မြန်မာ မှောင်ခို စီးပွားရေး ၏ အသက်သွေးကြော ဖြစ်လာနေပြီး မူးယစ်ဆေးဝါး နှင့် တရားမဝင် သတ္ထု တူးဖေါ် ခြင်း များဖြင့် စစ်အာဏာ သိမ်းမှု ကြောင့် လေးနှစ်ကြာ ဖြစ်ပွားလာနေသော ပြည်တွင်းစစ်အတွက် ရံပုံငွေ ရရာ ရကြောင်း ဖြစ်လာခဲ့သည်။

 

နယ်ခြား ဒေသများ တွင် အဆိုပါ လုပ်ငန်းများ မှိုလို ပေါက်လာနေပြီး အများအားဖြင့် တရုတ် ရာဇဝတ်ဂိုဏ်း များ က ဖွင့်လှစ်လုပ်ကိုင် နေကြသည်။ ၎င်းတို့အား မြန်မာ စစ်တပ်မှ လုံခြုံရေး ကို အာမခံ ပေးပြီး သွယ်ဝိုက်သော နည်း ဖြင့် ကျောထောက်နောက်ခံ ပေးထားသည်ဟု သုတေသီများက ဆိုသည်။

 

ဂြိုလ်တု သတင်းဓါတ်ပုံများ တွင် သောင်ရင်း မြစ်ကမ်းတလျောက် အဆိုပါ ဂိုဏ်းများ၏ ရုံး နှင့် လူနေ အဆောက်အအုံ ၂၇ လုံးခန့် ထပ်မံ ထွက်ပေါ်လာနေသည်ကို တွေ့လာရသည်။ လုပ်ကိုင်နေကြသူ များ ထဲတွင် အချို့က လူကုန်ကူး ခံကြရပြီး အချို့က လစကောင်းကောင်း ရ၍ ၎င်းတို့ သဘော ဆန္ဒ အလျောက် ဝင်ရောက် လုပ်ကိုင် နေကြခြင်း ဖြစ်သည်။

 

တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနမှ အဆိုပါ အမှု များ နှင့် ဆက်စပ်ပြီး ၎င်းတို့ နိုင်ငံသား ၅၇,၀၀၀ ကို ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ဂိုဏ်းများသည် ရင်းနှီးမြုပ်နှံခြင်းဖြင့် အကျိုးအမြတ် များရမည် ဆိုကာ လိမ်လည်ခဲ့ကြသည်၊ အများအားဖြင့် online romance ခေါ် အွန်လိုင်းပေါ်မှ ချစ်ဟန် ကြိုက် ဟန် ဆောင်ပြီး လိမ်လည်ခဲ့ကြပြီး တခါတရံ တွင် အမျိုးသမီးငယ်များအား ပြည့်တန်ဆာ အဖြစ် ရောင်းစားခဲ့ကြသည်။

 

ယခုအခါ ဆယ်နှစ် အတွင်း တဆင့်ပြီး တဆင့်တည်ဆောက်ခဲ့ရသည့် စီးပွားရေး အဆောက်အအုံကြီးသည်ကား ဘူဒိုဇာ နှင့် တိုက်ချ ခံလိုက်ရသလို တိုတောင်းသော အချိန်အတွင်း ပြိုလဲယိမ်းယိုင်သွားခဲ့ရပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ ၎င်းတို့ အတွက် လိုအပ်သော စစ်စရိတ်ကို အွန်လိုင်း ငွေလိမ် ဂိုဏ်းများ ထံမှ ရယူလာကြရသည်။

 

တကယ်တမ်းတွင် စစ်ကောင်စီ အဖို့ ထိုသို့ ဖြစ်ပါစေဟု မရည်ရွယ်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် အစဉ်အဆက် မိမိတို့ အကျိုးစီးပွားကို တစက် ကလေးမျှ အထိအခိုက် မခံလိုခြင်း၊ မည်သို့ လုပ်ရမည်ကို နားမလည်ကြခြင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပင် သုံးစားမရမှန်း သိ၍ ဘေးထုတ်ခံနေရသူများကို စစ်ကောင်စီက စီးပွားရေး ဂုရုကြီးများသဖွယ် နေရာပေးလာခဲ့ခြင်း စသည်များက အဓိကနေရာမှ ပါဝင်လျက် ရှိသည်။

 

သောမတ်စ် ပိန်းက အမေရိကန် လွတ်လပ်ရေး စစ်ပွဲကြီး ဆင်နွှဲကာစတွင် ယခုလို ရေးသားခဲ့ဖူးသည်။ “အဓမ္မဝါဒီများသည် ငရဲသားများ အလား ဖြစ်၍ ၎င်းတို့ အပေါ် လွယ်လင့်တကူ အနိုင်ရရိုး ထုံးစံမရှိ” ဟူ၍ ဖြစ်သည်။

 

ဆာလောင် မွတ်သိပ်ပြီး ကြောက်ရွံ့ တုန်လှုပ်နေသူ တဦးအား ပေါင်မုန့် နှင့် လုံခြုံမှုကို ယူမည်လော၊ ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာမည်ကို စောင့်မည်လောဟူ၍ ရွေးချယ်ခွင့် ပေးလာပါက ထိုသူအဖို့ ခက်ခက်ခဲခဲ ရွေးချယ် နေမည် မဟုတ်ဆိုသည်ကို ပထဝီ နိုင်ငံရေး လေ့လာသူတဦးက ထောက်ပြခဲ့ဖူးသည်။

 

သို့သော် အာဏာသိမ်း အဖွဲ့က ပေါင်မုန့် နှင့် လုံခြုံမှု ပေးမည်ဟူ၍ စကားစ လာနိုင်သည့် အခြေအနေ မျိုး မရှိပေ။ ရွေးကောက်ပွဲ ဖြင့်လည်း ဤကဲ့သို့ အနေအထားမျိုးကိုလည်း မည်သည့်အခါမျှ ရောက်လာနိုင်တော့မည် မဟုတ် ဆိုသည်ကို သူတို့ဖာသာလည်း သိထားကြသည်။ ပြည်သူများကလည်း သိထားကြပြီး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!