စစ်အုပ်စု အတွက် နှစ်စဉ် နှစ်တိုင်းလို အာဆီယံ ထိပ်သီး အစည်း အဝေး လုပ်တိုင်း အရှက်တကွဲ အကျိုး နည်း အဖြစ်နှင့် အမြဲ ရင်ဆိုင်ခဲ့ရသည် ချည်းသာ ဖြစ်သည်။
စစ်အုပ်စု ကို ထောက်ခံနေကြသူ များကလည်း ၎င်းတို့ ခေါင်းဆောင်ကြီး အား တရုတ် နှင့် ရုရှား ခေါင်းဆောင်များ ကိုယ်တိုင်က ဖိတ်ခေါ်ခံထားရပြီး ဖြစ်၍ ဒီတကြိမ်တော့ အာဆီယံလည်း မတတ်သာ ဖိတ်ခေါ်ရတော့မည်ဟု မျှော်လင့်ခဲ့ကြသည်။
မျှော်လင့်ချက်များ ပြင်းထန်လာ၍ နောက်ဆုံး တက်ရောက်ရမည် လိမ်ညာ သတင်းလွှင့်ရသည် အထိ ဖြစ်သွားခဲ့ရသည်။
သို့သော် ကွာလာလမ်ပူ သို့ မနေ့က ဆိုက်ရောက်လာသော မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်တော့ မင်းအောင်လှိုင် ပါမလာရှာတော့၊ ၎င်းအစား စစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဟော်ခမ်စွမ် ကို သာ တွေ့လိုက်ရသည်။ (ပုံတွင်ရှု)၊ တက်ရောက်လာသည့် နိုင်ငံတကာ မှ ကိုယ်စားလှယ်ကြီးများ၊ သတင်းဌာနများကလည်း မြန်မာ ခေါင်းဆောင်၏ ထိုင်ခုံ တွင် ဟာလာဟင်းလင်းကြီး ဖြစ်နေသည်ကို သတိမထားမိဘဲ နေကြမည် မဟုတ်၊ တဦးတယောက်ကြောင့် နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းရသည့် အဖြစ်ပင်။
မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ထားခြင်း မရှိကြောင်း နှင့် မိမိတို့သည် အချက် ငါးချက် အတိုင်းသာ ရပ်တည်သွားမည်ဟု တိုတိုတုတ်တုတ်ပင်အတည်ပြု ပြောဆိုခဲ့သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး က ရှင်းလင်းရာတွင် ပြဿနာ တွင် အဓိက ပါဝင် ပတ်သက်နေသူ များ နှင့် ဖေဖေါ်ဝါရီ တွင် တကြိမ်၊ မေလ ထဲတွင် တကြိမ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း၊ နှစ်ဦး နှစ်ဖက် တွေ့ဆုံဖို့ ဖေဖေါ်ဝါရီလ တွင် နှစ်ဖက်စလုံးက ပယ်ချခဲ့သော်လည်း မေလ တွေ့ဆုံအပြီးတွင်တော့ နှစ်ဖက် တိုက်ရိုက် ဆက်သွယ် မှု များ ရှိလာခဲ့ကြောင်း၊ ဤသည်ကပင် မိမိရရှိခဲ့သော တိုးတက်မှု ဖြစ်သည်ဟု ဆိုသည်။
မြန်မာတွင် ဖြစ်ပေါ်နေမှု များ အပေါ် ဖြေရှင်းရန် ဆိုကာ သုံးနိုင်ငံ ညှိနှိုင်းရေး ယန္တရား အဖွဲ့ ဝင်များ ဖြစ်သည့် ယခင်၊ လက်ရှိ နှင့် လာမည့် ဥက္ကဌ နိုင်ငံများ နှင့် တွေ့ဆုံသည့် အခါ အသေးစိတ် တင်ပြသွားမည်ဟု ပြောခဲ့သည်။ ထိုအဖွဲ့ကို ၂၀၂၃ တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
မလေးရှား ပါလီမန် အမတ် ဝေါင်ချင်းက အာဆီယံ အစည်းအဝေးများတွင် အချင်းချင်း လက်ဆွဲ နှုတ်ဆက်ပြီး အာဆီယံ သီချင်းများ ဆိုနေယုံ ဖြင့် အလုပ် မဖြစ်တော့ဟု မကြာသေးမီက ပြောဆိုသွားခဲ့သည်။
ယခု ၂၀၂၅ နှစ်ကုန်ပိုင်း ရောက်လာပြီ ဖြစ်၍ အာဆီယံ အနေဖြင့် လမ်းကြောင်းသစ် ဖေါ်ထုတ်ရန် အခွင့်အလန်း များ ထွက်ပေါ်လာနေပြီဟု The Diplomat စာစောင်တွင် ရေးသားထားသည်။
အဘယ်ကြောင့် အချိန်ကောင်း ဖြစ်လာရသနည်း ဆိုမူ စစ်အုပ်စုသည် ကမူးရှူးထိုး ဖြစ်လာနေပြီး အတုအယောင် ရွေးကောက်ပွဲ ကို ဖန်တီးလာသည်။ အတင်းအကျပ် စစ်သား စုဆောင်းမှု ကို အရှိန်မြှင့်လာသည်၊ အရပ်သား များ အား အကြမ်းဖက် သတ်ဖြတ်မှု များ တိုး၍ ပြုလုပ်လာနေသည်။
ထိုအချက်များသည် အာဆီယံအား ဓါတ်ပြားဟောင်းကြီး ထပ်တလဲလဲ ဖွင့်နေရမည့် အချိန်မဟုတ်တော့ ဆိုသည်ကို လှုပ်နှိုး နေခြင်းလည်း ဖြစ်သည်။ ထိုတာဝန်ကို အာဆီယံ တခုတည်း တာဝန်မယူသင့်၊ အာရှ-ပစိဖိတ် နှင့် ဥရောပ နိုင်ငံများရှိ ဒီမိုကရေစီ နိုင်ငံများ နှင့် လက်တွဲ လုပ်ဆောင်သွားသင့်သည်။
ဤသည်ကလည်း နိုင်ငံတနိုင်ငံရှိ ပြည်သူများ၏ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် အား လေးစား မှု ရှိသည်ကို ပြဆို လိုက်ခြင်း ဖြစ်ပြီး လူသတ်နေသော စစ်အုပ်စု နှင့် ဖက်လှဲတကင်း လုပ်စရာ မလို ဟု ရေးသားထားသည်။
ယခုအခါ အာဆီယံ အစည်းအဝေးကြီး နီးကပ်လာနေပြီ အားလုံး၏ ဝေဖန် ပြစ်တင်မှု များ က မြင့်တက်လာနေချိန်လည်း ဖြစ်သည်။
မင်းအောင်လှိုင်၏ ဦးဆောင်မှု ဖြင့် ဆက်သွားနေမည် ဆိုက တိုင်းပြည်သည် မည်သို့မျှ ပြန်၍ နာလံထူ လာ နိုင်စရာ အကြောင်းမရှိဟု အားလုံးက သုံးသပ်ထားကြပြီး ဖြစ်၍ ၎င်းတို့အား မည်သည့် နည်း နှင့်မျှ အသိအမှတ် ပြုသည့် ပုံစံမျိုး မရောက်အောင် လုပ်ဖို့ အာဆီယံကို ဝိုင်းဝန်း အရေးဆိုနေကြခြင်းသာ ဖြစ်သည်။
ကျွန်တော် အဖို့က အမေစု၏ အာဆီယံ ပုံရိပ်များကို ပြန်လည် ကြည့်ရှုရင်း လူယုတ်မာ တစုကြောင့် ရေတိမ် နစ်ရမလို ဖြစ်နေရသည် ကို ယူကျုံးမရ ဖြစ်နေမိသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!