နိုင်ငံ ၂၁ နိုင်ငံရှိ လူပေါင်း ၁,၇၀၀ ခန့် မြဝတီ ရှိ ကျားဖြန့် ဂိုဏ်းများ မှ နယ်စပ်ကို ဖြတ် ကျော် ပြီး ထွက်ပြေးလာကြသည်ဟု ထိုင်း အာဏာပိုင် များက ဆိုသည်။
တသက်လုံး ဖေးမ လာခဲ့သော စစ်အုပ်စု လက်အောက်ခံ တပ်များ မှ ဝင်ရောက် စီးနင်းလာသည့် အခါတွင်တော့ ခိုကိုးရာမဲ့ ဖြစ်ကာ ထွက်ပြေးလာကြခြင်း ဖြစ်သည်။ နောက်ထပ် ၂,၀၀၀ ခန့် ထပ် ရောက်လာမည်ဟု လည်း ထိုင်း ဖက်က မျှော်လင့် နေကြသည်။
ဘန်ကောက်ပို့စ် သတင်းကမူ လာမည် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ တရုတ် တို့ ကျေနပ်စေရန် ဟန်ပြ လုပ်ခဲ့ကြခြင်း ဖြစ်ပြီး၊ နောက်ရက်တွင် ပေါက်ကွဲသံ များ၊ကြားလာရပြီး မီးတောက်ကြီးများ ထွက်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။
ဤသည်ကလည်း စစ်အုပ်စု မှ clean-up ဆိုသည့် သတင်းဓါတ်ပုံများ ထုတ်ပြန် နိုင်ရန် BGF ကို လုပ်ခိုင်း ခြင်း ဖြစ်ပုံရသည် လည်း ရေးသားထားသည်။ အီလွန် မတ်စ်က အဆိုပါဒေသ ရှိ စတားလင့် အလုံး ၂,၅၀၀ အား လိုင်း ဖြတ် လိုက်ပြီ ဆိုသော သတင်း ကြောင့် ၎င်းတို့ လူ ဆယ်ယောက် လောက် ဝင်စီးပြီး စတားလင့် အလုံး ၃၀ လောက် သိမ်းခဲ့သည် ဆိုသော သတင်းက လူ ရီစရာ ဖြစ်သွားရသည်။
ခေါင်းဆောင် ဖြစ်သူ တရုတ်သူဌေး များကို မူ BGF ခေါင်းဆောင် စောချစ်သူ နှင့် အဖွဲ့က လုံခြုံသည့် နေရာ သို့ ခေါ်ထုတ်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
စစ်အုပ်စု အဖို့က နိုင်ငံတွင်း ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်နေမှု၊ ရိုဟင်ဂျာ အရေး နှင့် ကျားဖြန့်ဂိုဏ်းများ မှိုလိုပေါက်အောင် ဖြစ်လာနေမှု၊ မူးယစ်ဆေးဝါး အမြောက်အမြား ထွက်ရှိနေမှု ဆိုသည့် ပြဿနာများ ကြားတွင် ဆက်၍ မျက်နှာပြောင်တိုက်ကာ ရပ်တည်နေခြင်း ဖြစ်သည်။
ထိုင်း သတင်း ဓါတ်ပုံ များ တွင် သောင်ရင်း မြစ်ကို လက်ပစ်ကူးပြီး ပြေးလာသော လူများကို တွေ့လာရသည်။ တရုတ် နိုင်ငံသားတဦး ရေစီး နှင့် မျောပါသွားပြီး ပျောက်ဆုံးနေသည်ဟု ဆိုသည်။
သောကြာနေ့ တရားဝင် စာရင်းဇယားများအရ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ကင်ညာ၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အီသီယိုပီယား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန် နိုင်ငံသား စုစုပေါင်း ၁,၆၆၇ ဦး ထိုင်းဖက်သို့ ရောက်ရှိလာသည်။
၎င်းတို့အား AI ဖြင့် ဖန်တီးထားသော ရုပ်ပုံများ သုံး၍ အွန်လိုင်းမှ အာဖရိက၊ ဒူဘိုင်း နှင့် ကနေဒါ မှ အမျိုးသား၊ အမျိုးသမီးများကို အချစ်ဇာတ်လမ်းများ ဖန်တီး၍ ရင်းနှီးမြုပ်နှံရန် လိမ်လည် ခိုင်းကြသည်ဟု လွတ်မြောက်လာသူ များက ပြောသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က အရှေ့တောင်အာရှရှိ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းသည် အမေရိကန် များ၏ ဘဝလုံခြုံရေးနှင့် ငွေကြေး ပိုင်ဆိုင်မှု များကို ခြိမ်းခြောက်နေရုံသာမက လူထောင်ပေါင်းများစွာကိုလည်း ခေတ်သစ်ကျွန်ဘဝကို ရောက်အောင် ဖန်တီးနေသည်ဟု ပြီးခဲ့သည့် လ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ တနှစ်တည်းတွင် ပင် အမေရိကန် နိုင်ငံသားများ ဒေါ်လာ ၁၀ ဘီလီယံ ခန့် လိမ်လည် ခံခဲ့ရသည်ဟု ဆိုသည်။
ကေကေ ပတ်ခ်တွင်သာ ကုလားသိုက် ကျားဝင်ဆွဲ သလို ဖြစ်သွားခဲ့သော်လည်း အနီးအနား ရွှေကုက္ကိုလ်လ်တွင်မူ ပုံမှန်လည် ပတ်နေဆဲ ဖြစ်ပြီး၊ စစ်တပ်မှ အင်အား ရာချီ ချကာ လုံခြုံရေး ပေးထားသည်ဟု ဒေသခံ များက ဧရာဝတီ ကို ပြောပြခဲ့သည်။
မြန်မာ တနိုင်ငံ တည်းတွင်ပင် ဝင်းကြီးခြံကြီးများ ဖြင့် စခန်းပေါင်း ၂၇ ခု ရှိနေသည်။ ကျားဖြန့် အရေး တွင် တရုတ် တို့ မည်သို့ ပတ်သက် နေသနည်း ဆိုသည်ကို ဘန်နီဒစ် ရောဂျားစ် မှ အမေရိကန် Foreign Policy မဂ္ဂဇင်း တွင် ယခုလို ရေးသားထားသည်။
မြန်မာ တွင် တရုတ် ရာဇဝတ်ဂိုဏ်းများ နှင့် စစ်အုပ်စု ထောက်ခံနေသည့် လက်နက်ကိုင် အဖွဲ့များ ပူးတွဲ လုပ်ဆောင်နေပြီး စစ်အုပ်စု အား ၎င်းတို့ လူထု အပေါ် ဆင်နွှဲနေသည့် အကြမ်းဖက်မှု များ သက်ဆိုးရှည်အောင် ငွေကြေးပိုင်းအရ ပံ့ပိုးပေးနေသည်။
ရွှေကုက္ကိုလ် အား တရုတ် လောင်းကစား လုပ်ငန်း သူဌေးကြီး ရှီကျီကျန်း (ပုံတွင်ပါ) က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တရုတ်အစိုးရပိုင် ကျီလင်း ယာထိုက် ကုမ္ပဏီ အား သူလျို့ လုပ်ငန်း များ အတွက် တရုတ် ပြည်သူ့ လုံခြုံရေး ဌာန၏ ညွှန်ကြားချက်ဖြင့် တည်ထောင်ပေးခဲ့ပြန်သည်။ ထို့အတွက်လည်း တရုတ် အစိုးရသည် နောက်ပိုင်းတွင် ၎င်းနှင့် ခပ်ကင်းကင်း နေခဲ့သည်။
နောက်ပိုင်းတွင် ရွှေကုက္ကိုလ် အား တရုတ် အစိုးရ မှ ထိန်းချုပ်ရန် ကြိုးစားလာမှု ကို လက်မခံခဲ့သည် အတွက် ထိုင်းတွင် အဖမ်းခံခဲ့ရသည်။ ၎င်းက တရုတ် အစိုးရသည် ထိုင်း-မြန်မာ နယ်ခြား တွင် ကိုလိုနီ ဒေသတခု တည်ထောင်ရန် ကြိုးပမ်းလာမှု ဟု ပြောဆိုခဲ့သည် ကို တရုတ် ဖက်က ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် စောချစ်သူ နှင့် လက်ချင်း ချိတ်လာခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ တရားဝင် ထုတ်ပြန် ကြေညာချက်များနှင့် ၎င်းနိုင်ငံသား များ၏ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု လုပ်ငန်းများတွင် ပတ်သက်နေမှု သည် နေ နှင့် ည လို ကွာခြားနေသည်။ မရှင်းလင်းသည်က နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှု များသည် တရုတ် အစိုးရ မှ မူဝါဒ ချမှတ်ပြီး ခိုင်းစေထားသည်လား၊ သို့မဟုတ် နိုင်ငံတွင်း အလွန်အမင်း ဖြစ်ပွားလာနေသည့် အကျင့်ပျက် ခြစားမှု အထူးသဖြင့် တရုတ် စစ်တပ် အတွင်း ခြစားမှု များ ကြောင့်လား ဆိုသည် ပင် ဖြစ်သည်။
သို့သော် ၎င်းတို့ နိုင်ငံသားများ လိမ်လည် ခံရ၊ ကျွန်ပြုခံရမှု များ ကို ဒေါသတကြီး တုန့်ပြန်ခဲ့သည်က အမှန်ပင် ဖြစ်သည်။
သို့သော် ထိုလုပ်ရပ်များ ကြောင့် တရုတ် အစိုးရသည် ထိုကိစ္စများတွင် ၎င်းတို့ လက်များ သန့်စင်နေသည်ဟု ထင်ပါက ကိုယ့်ကိုကိုယ် လှည့်စားနေခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော လူမျိုး တုံး သတ်ဖြတ်မှု များ ကျုးလွန်သည့် စစ်အုပ်စု အား အဖက်ဖက်မှ ထောက်ခံမှု ပေးထားသည် မှာ ရှင်းလင်း ထင်ရှားနေပြီး၊ စစ်အုပ်စုသည်လည်း အဆိုပါ ရာဇဝတ်ဂိုဏ်းများ အား မှီခိုနေရသည်မှာလည်း အငြင်းပွားစရာ မရှိအောင် ထင်ရှားနေသည်။ ဘီဂျင်းသည် နောက်ဆုံးတွင် ထိုရာဇဝတ်ဂိုဏ်း များအား တိုက်ရိုက် မဟုတ်သည့် တိုင် သွယ်ဝိုက်ပြီး ပံ့ပိုးပေးခဲ့သည်။
ယခုအခါ ဖလော်ရီဒါ၊ အော်ရီဂွန် ရှိ အသက်အရွယ် ကြီးရင့်သော မုဆိုးမ အမျိုးသမီးများ၊ ဗန်ကူးဗား၊ မင်နီ တိုဘား ရှိ လူငယ်များ၊ ယော့ရှိုင်းရှား၊ ကွန်းဝေါရှိ ပင်စင်စား များ အွန်လိုင်းမှ အလိမ်ခံနေရသည်။
ထို့သို့ တကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ဗဟိုချက်မ ဖြစ်နေသည့် မြန်မာ တွင် စစ်အုပ်စု၊ ၎င်းတို့ အား ထောက်ခံနေသည့် လက်နက်ကိုင် အဖွဲ့၊ တရုတ် ရာဇဝတ်ဂိုဏ်း များ နှင့် ဘီဂျင်း၏ ပတ်သက်နေသည့် အတိုင်းအတာ အစရှိသည် တို့အကြား ပင်ကူမြှင်လို ယှက်သန်းနေသည့် အရှုပ်တော်ပုံကြီးအား မဖြစ်မနေ စုံစမ်း ဖေါ်ထုတ်ရတော့မည် ဖြစ်သည်။
ယခုအခါ မြန်မာ တွင် တရုတ်၏ ခြေရာလက်ရာများသည် နက်နက်ရှိုင်းရှိုင်း ဖြစ်လာနေ၍ လွန်စွာ အန္တရာယ် များလာနေသည်။ မြန်မာတွင် လူသ-တ်ကွင်းကြီး ဖြစ်နေသည်ကို အရေးမထား သော်လည်း မိမိတို့ နိုင်ငံများရှိ လူကြီး လူငယ် မှန်သမျှ မလုံမခြုံ ဖြစ်လာနေခြင်းကိုတော့ လျစ်လျု ရှုထား၍ မဖြစ်တော့ဟု ရေးသားထားသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!