အမေရိကန် တရားရေး ဝန်ကြီးဌာန၊ အက်ဖ်ဘီအိုင် တိူ့ စစ်ဆင်ရေး၏ ပွဲဦးထွက် ခြေလှမ်း အဖြစ် ထိုင်း-မြန်မာ နယ်စပ် ကျောက်ခတ် ရွာရှိ တိုင်ချန်း ဝင်း အတွင်း အခြေချ လှုပ်ရှားနေသော ကရစ်တိုငွေကြေး ဖြင့် လိမ်လည်နေသော ဝက်ဆိုဒ် ၏ ဒိုမိန်း ကို သိမ်းဆည်း နိုင်ခဲ့ပြီ ဖြစ်သည်ဟု အက်ဖ်ဘီအိုင် မှ သတင်းထုတ်ပြန်လာခဲ့သည်။
ဝက်ဘ်ဆိုဒ် ဒိုမိန်း ဆိုသည်မှာ အင်တာနက်ပေါ်ရှိ သီးခြား ဝက်ဘ်ဆိုက်တစ်ခု၏ လိပ်စာ (Address) ကို ခေါ်ဆိုခြင်း ဖြစ်သည်။
လူတစ်ဦးချင်းစီအတွက် နေအိမ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကဲ့သို့ပင်၊ Domain သည်လည်း အသုံးပြုသူများက သက်ဆိုင်ရာ ဝက်ဘ်ဆိုက်ကို ရှာဖွေနိုင်ရန်နှင့် ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် အသုံးပြုသော နာမည်တစ်ခု ဖြစ်သည်။
အဆိုပါ ဂိုဏ်း အသုံးပြုသော tickmilleas.com မှ နေ၍ ကရစ်တို ငွေကြေး ဖြင့် ရင်းနှီးမြုပ်နှံရန် လိမ်ညာ ဖြားယောင်းနေသော ပလက်ဖောင်း တခုလည်း ဖြစ်သည်။
အကိဖ်ဘီအိုင်၏ သတင်း ပေးမှု ဖြင့် ဖေ့စ်ဘုတ် မှ အကောင့် ၂,၀၀၀ ကျော်ကို ဖျက်သိမ်းပစ်ခဲ့သည်ဟု ဆိုသည်။
တိုင်ချန်း အဖွဲ့သည် ဒီမိုကရက် ကရင် အကျိုးဆောင် တပ် DKBA နှင့် ဆက်စပ်မှူ ရှိနေသည်ကို တွေ့လာရသည်ဟု အက်ဖ်ဘီအိုင် ကြေညာချက် တွင် ပါရှိသည်။
ယခုအခါ အက်ဖ်ဘီအိုင် အေးဂျင့်များသည် ဘန်ကောက် တွင် ရောက်ရှိနေပြီး ထိုင်းဘုရင့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ စစ်ဆင်ရေး ရုံး ဖွင့်ကာ မြန်မာ နိုင်ငံ အတွင်းရှိ တိုင်ချန်း နှင့် အခြား ငွေလိမ်ဂိုဏ်း များ ကို ဖြိုခွင်းရန် နှင့် ဦးဆောင် နေသူ များ ကို ဖေါ်ထုတ် နိုင်ရန် လှုပ်ရှားလျက် ရှိသည်ဟု ဆိုသည်။
လက်ရှိ ဝက်ဆိုဒ် ဒိုမိန်း အား သိမ်းဆည်း ထိန်းချုပ် နိုင်ခဲ့မှု ကို ဦးဆောင်ခဲ့သည့် အဖွဲ့သည် Scam Center Strike Force လက်အောက်ခံ Burma Team မှ ဖြစ်သည်ဟု သိရသည်။
ထရမ့် အစိုးရမှ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံ မှ ဝင်ရောက် ရွှေ့ပြောင်းခွင့်ရရန် လျှောက်ထားသည်များကို လက်ခံစဉ်းစားရန် ရပ်ဆိုင်းလိုက်ပြီ ဟု သတင်းများ တွင် ပါရှိလာခဲ့သည်။
နောက်ထပ် developing news အဖြစ် ထွက်ပေါ်လာသည်က ကေအင်ယူ မှ ဦးဆောင် စီးနင်းခဲ့သော DKBA ထိန်းချုပ်ထားသည့် မင်းလက်ပန် ရှိ ရွှန်ဒါ ပတ်ခ် ဝင်းထဲ တွင် လုပ်ကိုင်နေသော တရုတ် နိုင်ငံသား အများစု ပါဝင်နေသည့် နိုင်ငံခြားသား ၉၀၀ ခန့်သည် ဝင်းထဲမှ ထွက်ခွာရန် ငြင်းဆိုနေကြသည်ဟု ဆိုသည်။
အဆိုပါ ဝင်း ထဲတွင် လုပ်ကိုင်နေကြသော နိုင်ငံခြားသား ၃,၅၈၂ ဦး အနက် ၂,၆၄၀ ကို ရွှေ့ပြောင်း ပေးနိုင်ခဲ့သော်လည်း တရုတ် နိုင်ငံသား ၉၀၀ ကျော်ခန့်က ဝင်းထဲမှ ထွက်ခွာရန် ငြင်းဆိုနေကြခြင်း ဖြစ်သည်။
စစ်အုပ်စု ဖက်ကတော့ ငွေလိမ်ဂိုဏ်းများ အသုံးပြုနေသည့် ဖေ့စ်ဘုတ် အကောင် ထောင်ပေါင်းများစွာ အနက် တခုတလေမျှ ဖေါ်ထုတ်နိုင် ခဲ့ခြင်း မရှိသော်လည်း ၎င်းတို့ ရွေးကောက်ပွဲ ကို မက်ဆင်ဂျာ မှ မက်ဆေ့ခ်ျ ပို့၍ ဝေဖန် နေသည် ဆိုကာ ရန်ကုန် အနီး ဗိုလ်ချုပ်ရွာနေ အသက် ၅၈ နှစ်ရှိ ဦးခိုင်စိုး အား ဖမ်းဆီး ရမိခဲ့သည်ဟု သတင်း ထုတ်ပြန်လာသည်။
တယောက်လောက်ကို အဖမ်းပြပြီး တနိုင်ငံလုံးကို ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း နိုင်ငံသား တဦး၏ ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ကို ဥပဒေ လက်လွတ် ကျုးလွန်နေကြောင်း ထုတ်ဖေါ် ဝန်ခံလိုက်သလို ဖြစ်သွားခဲ့ရသည်။
နောက်ထပ် အေပီ သတင်းတပုဒ် တွင် မူ ရှမ်း နှင့် အမျိုးသား ဒီမိုကရက် ပါတီ မှ စစ်အုပ်စု၏ မသမာ ရွေးကောက်ပွဲ အား ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ် လောင်း ဆိုသူ အသက် ၃၇ နှစ်ရှိ ဝေလင်းထက်အား တော်လှန်ရေး တပ်ဖွဲ့များက ၎င်း၏ ပခုက္ကူ နေအိမ် တွင် လက်ရ ဖမ်းဆီးရမိခဲ့သည်ဟု ပါရှိသည်။
တကြိမ်က တိုင်းရင်းသား ပါတီငယ် လေး အဖြစ်သာ ရှိခဲ့သော ရှမ်း နှင့် အမျိုးသား ဒီမိုကရက် ပါတီသည် ယခုအခါ ကိုယ်စားလှယ် ၅၈၀ ဖြင့် နိုင်ငံအနှံ့ ဝင်ရောက် ယှဉ်ပြိုင်ရန် တာစူလျက် ရှိ၍ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ပါဝင်မည့် ပါတီ ၆ ပါတီထဲတွင် ပဉ္စမ နေရာ သို့ တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။
၎င်းတို့ကို မဆိုထားဘိ ကိုယ်စားလှယ် လောင်း တဦးကို မကြိုက်၍ မကြိုက်ဟု ထုတ်ပြောမိလျင်ပင် ဖမ်းဆီးခံရဖို့ ရှိနေသည့် ရွေးကောက်ပွဲ မျိုး ဖြစ်ပါသည်ဟု ကမ္ဘာသို့ အသိပေးပြီး လုပ်နေခြင်း ဖြစ်၍ အသိအမှတ် ပြုချင်သော်မှ မပြုရဲအောင် ဖြစ်လာရသည်။
နောက်ထပ် အရှိုက်ထိုး ခံလိုက်ရသည်က ကုလ သမဂ္ဂ မှ ၂၀၂၅ အတွက် ထုတ်ပြန်သော စာရင်းဇယား များအရ ဘိန်းစိုက်ပျိုး ထွက် ရှိမှုတွင် မြန်မာသည် တနှစ်ပြီး တနှစ် တိုးတက်လာရာမှ ၁၀ နှစ် အတွင်း ကမ္ဘာတွင် နံပတ်တစ် နေရာ ချိတ်သွားပြီ ဆိုခြင်းပင် ဖြစ်ပေတော့သည်။ ဘိန်းစိုက်ပျိုး မှု တွင် တော့ ဦးမော့လာပြီ ဟု ဆို၍ ရပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!