ရခိုင် စစ်မျက် နှာ တစေ့တစောင်း

by Hla Soewai - Dec 09 2025

စစ်အုပ်စု သည် တအာင်း နှင့် ကိုးကန့်တို့ကဲ့သို့ ဗုံးကြဲလျင် တရုတ် ကြားဝင်ခိုင်းပြီး မြို့များ ပြန်ရနိုင်သည် ဆို‌သော ဗျူဟာ ဖြင့် ရခိုင်တွင်လည်း အလားတူ စစ်ရေး အရှိန် မြင့်တင့်လာနေသည်ဟု သိရသည်။

 

စစ်အုပ်စု လက်အောက်ခံ တပ်မ ၁၁ မှ အင်အား ၅၀၀ ခန့်ရှိ အကြမ်းဖက် တပ်များသည် ကျောက်ဖြူ သို့ ရောက်ရှိလာကြသည်ဟု စီဒီအမ် ဗိုလ်ကြီး ဇင်ယော် အား ကိုးကား၍ DVB သတင်းတွင် ဖေါ်ပြထားသည်

 

အာရက္ခ တပ်တော်သည် နိုဝင်ဘာ ၁၀ ရက်နေ့က လက်လွှတ်ခဲ့ရသော ကျောက်ဖြူ အနီးရှိ ဇိုင်ချောင်း ဆည်ကို ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။ ထို့ပြင် မင်းပြင် ရွာ အနီး ရှိ မိုးလေဝသ စခန်း ပတ်ဝန်းကျင်ရှိ စစ်တပ်၏ အထိုင်စခန်းငယ်များကိုလည်း ရရှိသွားခဲ့သည်။

 

ကျောက်ဖြူ တိုက်ပွဲများ အတွင်း စစ်အုပ်စု ဖက်မှ အကျအဆုံး များစွာ ရှိနေသည့် သတင်း ဗီဒီယို ဖိုင်များ လည်း လူမှုကွန်ယက် စာမျက်နှာများ တွင် တွေ့လာရသည်။

 

စစ်အုပ်စု လက်အောက်ခံ တပ်များသည် ကျောက်ဖြူ မြို့နယ် အပြင် ဖက် မိုင် နှစ်ဆယ် ဝန်းကျင် အထိ ဖြန့်ကျက်ထားသည်ဟု လည်း သိရသည်။ ၎င်းတို့က စစ်တွေ နှင့် ကျောက်ဖြူ မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု ၇၁ အုပ်စု တွင် ရွေးကောက်ပွဲ မလုပ်နိုင်သော်လည်း ဂွ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်အထိ ဒီဇင်ဘာ ၂၈ မတိုင်မီ ပြန်သိမ်း နိုင်ရန် ကြံရွယ်လျက် ရှိသည် ဆိုသည့် သတင်းက ရယ်စရာ ဟာသ ပျက်လုံး တခုလို ဖြစ်နေသည်။

 

ဗိုလ်ကြီး ဇင်ယော်က အာရက္ခတပ်တော်သည် ဧရာဝတီ၊ ပဲခူး၊ မကွေးရှိ ၎င်းတို့ တပ်များကို ပြန်ခေါ် ရဖို့ ရှိနေသည်ဟု ဆိုသည်။

 

ရခိုင်ပြည်နယ် တွင် စစ်တွေ၊ ကျောက်ဖြူ မြို့ပေါ် ရပ်ကွက် များ နှင့် မာန်အောင် တမြို့နယ်လုံး တွင်သာ ရွေးကောက်ပွဲ လုပ်နိုင်တော့မည် ဖြစ်သည်။

 

ဒေသ အခြေစိုက် နိရဉ္ဓရာ သတင်းက မာန်အောင်ကျွန်း ပေါ်ရှိ မဲရုံ လုံခြုံရေး တာဝန်ယူထားရသော ခလရ ၃၄ မှ ‌ဗိုလ်ကြီး အဆင့်ရှိသူ တ‌ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားသည်ဟု ဆိုသည်။

 

ရွေးကောက်ပွဲ အပြီး လွှတ်တော် ခေါ်ယူသည့် အထိ ဖြစ်လာက ထိုင်ခုံ နေရာယူရဖို့ ဖြစ်လာမည့် အစိတ်သား ထဲတွင် ပါဖို့ စစ်အုပ်စု အရာရှိများ သူ့ထက်ငါ လဒ် ထိုး ကြတော့မည် လည်း ဖြစ်သည်။ အပြင်တွင် ရှိနေက သေမင်းက အချိန်မရွေး လက်ယပ် ခေါ်နိုင်သည့် အနေအထား ဖြစ်လာနေသည်။

 

မင်းအောင်လှိုင်ကလည်း ဒီမိုကရေစီ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်မှသာ လွှတ်တော်၌ စစ်တပ်ပါဝင်နေမှုအား အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြင်ဦးလွင်မှ စစ်ဖက် အရာရှိ များ နှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်။ ဆိုလိုသည်က စစ်တပ် ဆိုသည် ရှိနေသ‌ ရွေ့ တသက်လုံး လွှတ်တော်ထဲ ဝင်ထိုင်နေကြမည့် သဘောပင် ဖြစ်သည်။

 

၎င်းတို့ သဘောမတူ မချင်း တိုင်းပြည်အတွက် လိုအပ်သည့် မည်သည့် ဥပဒေမျှ ပြဋ္ဌာန်းခွင့်မရ ဖြစ်နေသည့် ၂၀၀၈ ‌ဖွဲ့စည်းပုံ အောက်က ပြုလုပ်မည့် ရွေးကောက်ပွဲ ဆိုတာကြီး အား ကောင်းသည် ဆိုးသည် တခွန်းတပါဒမျှ ဝေဖန့်ခွင့် မရှိဘဲ အတင်းအကျပ် မဲလာထည့် ခိုင်းနေသည်မှာ အနိုင်ကျင့်ရာ ကျလွန်းလှသည်၊ ငါတို့ လက်ထဲ ‌သေနတ် ရှိတိုင်း လုပ်ချင်ရာ လုပ်နေသကဲ့သို့ ဖြစ်နေသည်။

 

ဘာမဆို လုပ်ရဲသည့် အထဲတွင် တရုတ် အား လူသိရှင်ကြား ဒူးထောက်ရန် ဝန်မလေး ဆိုသည့် အချက်လည်း ပါဝင်နေသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

 

၎င်းတို့ အုပ်စု သက်ဆိုးရှည်‌ ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်အား လက်နက်အားကိုးဖြင့် နိုင်ငံရေး မျက်နှာစာ မှ ဖယ်ထုတ်ရန် ကြိုးပမ်းမှုသည် စစ်ကောင်စီ အဖို့ မရည်ရွယ်ဘဲနှင့် သူမထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုကြီး ပေါ်ထွန်း လာအောင် ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ရပြီဟု ဒေးဗစ် မက်သီဆန်က တခါက ထောက်ပြခဲ့ဖူး ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!