ပထမ အကြိမ် ထက်ပင် ပို၍ အဓိပ္ပါယ် မဲ့လာသော ဒုတိယ အကြိမ်

by Hla Soewai - Jan 19 2026

ဒီဇင်ဘာ ၂၈ တွင် ပြီးဆုံးသွားသော ရွေးကောက်ပွဲ တွင် မဲလာပေးသူ အရည်အတွက် လွန်စွာ နည်းပါးပြီး ကြိုတင်မဲများ အပေါ် အဓိက အားထားနေရသည့် အတွက် ဒုတိယ အဆင့် အပေါ် ပို၍ ပင် သံသယ ရှိလာကြသည်။

 

ပို၍ ဆိုးသွားသည်က ရွေးကောက်ပွဲ ကို တရုတ် သမ္မတ ရှီကျင့်ဖျင်၏ သဘောတူညီချက်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အာရှရေးရာ အထူး သံတမန် တိန်ရီချွန်းက ရွေးကောက်ပွဲ အပြီး နှစ်ရက် အကြာတွင် ထုတ်ဖေါ် ပြော‌ဆိုလာခြင်းပင် ဖြစ်သည်။

 

ပြည်တွင်းတွင် တရုတ် မုန်းတီးရေး စိတ်ဓါတ်များ ပြင်းထန်နေသည့်ကြား ထိုစကား ကို အမိအရ ထုတ်ပြောလာခြင်းသည် လက်ရှိ ရွေးကောက်ပွဲ အား အိမ်နီးခြင်း နိုင်ငံများ အထုးသဖြင့် အာဆီယံ နိုင်ငံများအား အသိအမှတ် ပြုလာဖို့ ရည်ရွယ်လိုက်ခြင်း ဖြစ်သည် က သိသာ ထင်ရှားနေပေသည်။ ယင်းနှင့် အတူ ရွေးကောက်ပွဲ ဖြင့် ပေါ်ထွက်လာသော အစိုးရမျိုး နှင့် သာ ရှေ့လျောက် ဆက်ဆံလိုသည် ဆို သော ရှီကျင့်ဖျင်၏ ဆန္ဒ အကောင်အထည် ဖေါ်ရန် လူထု က မဲရုံများ သို့ သွားပြီး အိန္ဒိယ လုပ် စက်များကို နားလည်သည် ဖြစ်စေ မနားလည် သည် ဖြစ်စေ ရမ်းသမ်း ထဲ့ပေးကြရသည်။

 

ဝင်ရောက် ယှဉ် ပြိုင် ပေးရသည့် ပါတီများဖက်က ကြိုတင်မဲများ နှင့် ပတ်သက်ပြီး ဆူညံ ပွက်လောရိုက်လာသော်လည်း ရွေးကော်မှ မည်သို့မျှ ဝင်ရောက် ဖြေရှင်း ပေးခြင်း မရှိသည့် အပြင် ဥက္ကဌ ဖြစ်သူ စစ်အရာရှိဟောင်း သန်းစိုးကပင် နိုင်ငံရေး ပါတီများ အနေဖြင့် ပြိုင်ဖက် ပါတီများ အပေါ် အပနာမ ပြောမည် ဆိုက ရာဇဝတ်မှု မြောက်ကြောင်း ရွေးကောက်ပွဲ အပြီး တပတ်အကြာတွင် ထုတ်ပြီး သတိပေးလာသည်။

 

၎င်းတို့ အဖို့ က တော်လှန်ရေး တပ်များ ဝိုင်းပတ် ပိတ်ဆို့ထားသည့် မြိုများ ရှိ တပ်ရင်း ဝင်း အတွင်း မဲရုံ တရုံ ဖွင့်နိုင်လျင်ပင် ထိုမြို့သည် ရွေးကောက်ပွဲ လုပ်နိုင်သည့် မြို့စာရင်းထဲ ဝင်သွား လေပြီ ဖြစ်သည်။

 

ဥပမာ အားဖြင့် မြန်မာ နောင်း သတင်းအရ ဝိုင်းမော်၊ မိုးညှင်း၊ မချမ်းဘော၊ ဖရူးဆိုး၊ ဒီမောဆိုး၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ရခိုင် ပြည်နယ် မြို့များ ထိပ်ဆုံးက ပါဝင်နေသည်။ စစ်ကိုင်း နှင့် မကွေး တိုင်း တို့တွင် လက်တဆုပ်စာမျှ ရှိ‌သော မြို့နယ်များသာ ရှိနေသည်။

 

ဖာပွန် သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိခဲ့သော အယ်ဂျာဇီယား သတင်းထောက်ကမူ လေဆိပ်ရှိရာ မြို့လည်း ဖြစ်ပြီး စည်ကားခဲ့သော မြို့သည် ယခုအခါ လူသူ ကင်းမဲ့နေသည့် ghost town မြို့အလား ဖြစ်နေပြီဟု ရေးသားထားသည်။

 

မဲပေးခြင်းကို လမ်းမအတိုင်း ၆ မိုင် ခန့်အကွာရှိ စစ်ဗျူဟာအခြေချစခန်းအတွင်း၌ ပြုလုပ်မည်ဖြစ်သည်။ သို့သော် မဲပေးလိုသူ မည်သူမဆိုသည် မြေမြှုပ်မိုင်းများ၊ ထောင်ချောက်ဗုံးများနှင့် ၂၀၂၄ ခုနှစ်ကတည်းက ဝိုင်းရံပိတ်ဆို့ခံထားရသည့် အစိုးရစစ်သား ၈၀၀ ခန့်ကို ဖြတ်ကျော်သွားကြရမည် ဖြစ်သည် ဟု ဆိုသည်။

 

မဲလာပေးသူ ၃၅ ရာနှုန်း ခန့်ပင် ရှိမည်ဟု ရွေးကောက်ပွဲ အရာရှိများက ခန့်မှန်းကြောင်းလည်း ရေးသားထားသည်။

 

ရွေးကောက်ပွဲ ရလဒ်သည်လည်း စစ်တပ်၏ ပါးစပ်ဖျား တွင်သာ ရှိသည်ဟု ရန်ကုန် ဒေသခံ တဦးက ပြောကြောင်း နှင့် လက်ရှိ လူထု ခံစားနေရသော ဒုက္ခများမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ဖြစ်လာမည် မဟုတ်ကြောင်း AFP သတင်း တွင် ဖေါ်ပြထားသည်။

 

ဆန်းစစ်လေ့လာသူများကမူ စစ်အုပ်စု သည် ၎င်းတို့၏ ပုံရိပ်ကို အဖတ်ဆယ်ရန်၊ သံတမန်ရေးရာ ဆက်ဆံရေး တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာစေရန်နှင့် တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်ကို လျှော့ချရန် ရည်ရွယ်၍ ရွေးကောက်ပွဲကို ကျင်းပ နေခြင်းဖြစ်သည်ဟု သိရသည်။

 

ထန်းတပင် မှ မင်းလှ အထိ ပဲခူးတိုင်း တတိုင်းလုံး တွင် ပေါက်ကွဲမှု များ ဖြစ်ပွားလာပြီး ရန်ကုန် အနီး ထန်းတပင် တွင် ရွေးကော် အရာရှိတဦး သေဆုံးသွားခဲ့သည်။

 

ရွေးကောက်ပွဲ လုပ်သည့် ၁၀၂ မြို့နယ် အနက် ၁၁ မြို့နယ်တွင် တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည်။

 

လက်ရှိ အချိန်အထိ ရွေးကောက်ပွဲ ကို မဆိုသလောက် ဆန့်ကျင်ခဲ့မှု များ နှင့် ပင် ဖမ်းဆီးခံထားရသူ ၃၃၀ ကျော် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

 

"USDP ပါတီဟာ တောင်ပြိုကမ်းပြို အနိုင်ရဖို့ လမ်းကြောင်းပေါ် ရောက်နေပါတယ်။ ဒါဟာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့အသာစီးရအောင် အဘက်ဘက်ကနေ လုပ်ဆောင်ပေးထားလို့ပါ။ အဓိက ပြိုင်ဘက်တွေကို ဖယ်ရှားပစ်တာနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုတွေ မရှိအောင် ချုပ်ကိုင်ထားတဲ့ ဥပဒေတွေ ပြဌာန်းထားတာမျိုးတွေ ပါဝင်ပါတယ်" ဟု Crisis Group ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ပုဂ္ဂိုလ် Mr. Richard Horsey က ပြောကြားခဲ့သည်။

 

"ရွေးကောက်ပွဲပြီးရင် ကန့်သတ်ချက်တွေ လျော့ကျသွားမယ်၊ ပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးတွေဟာလည်း ပိုပြီး ပွင့်လင်းမြင်သာလာမယ်လို့ ယုံကြည်သည်" ဟု ဇော်မင်းထွန်းက ပြောလာခဲ့သည်။

 

မြန်မာ နောင်းက တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် စစ်မှန်သည့် ယှဉ်ပြိုင်မှုများ ကင်းမဲ့နေသည့် စစ် အုပ်စု၏ ရွေးကောက်ပွဲသည် တည်ငြိမ်ရေးဆီ ဦးတည်သည့် လမ်းကြောင်းဖြစ်လာမည် မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်ကို အမြစ်တွယ် ခိုင်မာအောင် လုပ်ဆောင်မည့် နောက်ထပ် လက်နက်တစ်ခုသာ ဖြစ်သွားနိုင်ပြီး ပြည်သူ့ဆန္ဒနှင့် မြေပြင်ရှိ ပကတိအခြေအနေ များ နှင့်လည်း ကင်းကွာနေသည်ဟု ရေးသားထားသည်။

 

ယနေ့တွင် စစ်တပ်မှ ရိုဟင်ဂျာ လူနည်းစု များ အပေါ် ကျုးလွန်ခဲ့မှု များသည် လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခြင်း ရှိမရှိ ဆိုသည်ကို ဟိဂ် ရှိ နိုင်ငံတကာ တရားရုံး တွင် နှစ်ပတ်ကြာ အပြီးသတ် ကြားနာမှု စတင်လာခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု များ အရိပ်လို ကပ်လိုက်လာနေပြီ ဆိုသည်ကို ဇော်မင်းထွန်း မေ့လျောနေပုံ ရသည်ဟု ဆိုရမည် ဖြစ်သည်။

 

ယခုလို နိုင်ငံတကာ အလယ်တွင် ရုံးထုတ်စစ်ဆေးခံရမှု ကြောင့် စစ်အုပ်စု၏ အာဏာချုပ်ကိုင်မှုနှင့် လုပ်ချင်တိုင်း လုပ်ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေမှု များ အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းကျွမ်းကျင်သူ ဦးဇော်ဝင်း က မှတ်ချက် ချခဲ့သည်။

 

တရားလို ဖြစ်သည့် ဂမ်ဘီယာ ဖက်မှ လျှောက်လှဲချက်အား ဇန်နဝါရီ ၁၂ မှ ၁၅ အထိ တင်ပြရမည် ဖြစ်ပြီး တရားခံ ဖြစ်သည့် စစ်အုပ်စုမှ ဇန်နဝါရီ ၁၆ မှ ၂၀ အထိ ချေပရမည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!