၎င်း သမ္မတတု အဖြစ် လုပ်ကိုင် နေသော နိုင်ငံအတွင်း အွန်လိုင်း ငွေလိမ် စခန်းများကို ဂြိုဟ်တုပုံရိပ်များဖြင့် ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုရာ၊ ပြီးခဲ့သည့် ခြောက်လအတွင်း သံသယရှိသော စခန်း သစ် ၂၅ ခု ကျော် တည်ဆောက် ချဲ့ထွင်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခင်နှစ်က စစ်အုပ်စု၏ ဖျက်ဆီးရေး သည် တကယ်တမ်းတွင် နေရာပြောင်းခိုင်းခြင်း မျိုး သာ ဖြစ်ကြောင်း ပြသနေသည်။
မြဝတီ ဒေသ တွင် မြေ ရှင်းခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်း၊ အဆောက်အအုံ များဆောက်လုပ်ခြင်း စသည်တို့ မြင်တွေ့ရသည်။ တနေရာတွင် တလအတွင်း အဆောက်အအုံ ၂၄ လုံး ပေါ်လာခဲ့သည်ဟု ဆိုသည်။
ယခင် ဖျက်ဆီးမှုများကြောင့် ပျက်စီးခဲ့သော စခန်းများကို အစားထိုး နိုင်လောက်အောင် အသစ်တည်ဆောက်မှု များလည်း ပါဝင်နေသည်။
ယခင်နှစ် အောက်တိုဘာလောက်က စစ်အုပ်စုက အချို့ စခန်းများကို ဗုံးချဖျက်ဆီး ပြခဲ့ပြီး ကမ္ဘာကို ရုပ်တည် ကြီး ဖြင့် လိမ်ညာနေမှုသည် တကယ်တမ်းတွင် တရုတ် ရာဇဝတ်ဂိုဏ်းများ ယခင် အတိုင်း ဆက်လက် လည်ပတ်နေဆံ ဆိုသည်ကို International Justice Mission (IJM) အဖွဲ့က စနစ်တကျ ထုတ်ဖေါ်လိုက်ပြီ ဖြစ်သည်။
ပြဿနာ သည်က တရုတ်သည် ထို နှစ်နိုင်ငံ ကို အသုံးချ၍ အမေရိကန်၏ လူနေမှု စနစ် ကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက် ဖျက်ဆီးနေသည့် စိတ်ဓါတ် စစ်ဆင်ရေး စစ်ပွဲ ဆင်နွှဲ နေသည်ဟု ဒေါ်နယ် ထရမ့်က ရှု မြင်လာနိုင်ခြင်းပင် ဖြစ်သည်။
၎င်း၏ ခရီးစဉ် မတိုင်မီ အက်ဘီအိုင် ညွှန်ကြားရေး မှုး ချုပ် ကိုယ်တိုင် ထိုင်းသို့ ရောက်ရှိလာပြီး ထိုင်းဝန်ကြီးချုပ် နှင့် ဆွေးနွေးခဲ့သည်မှာလည်း ထို အကြောင်းမှ လွဲ၍ အခြား ဘာများ ရှိနိုင်ပေဦးမည်နည်း။
လက်ရှိတွင် အက်ဘီအိုင်သည် ငွေလိမ်ဂိုဏ်းများ၏ ငွေကြေး ခဝါချမှု နှင့် ၎င်းတို့၏ ဝက်ဆိုဒ် ပလက်ဖေါင်းများကို ဖျက်ဆီးယုံသာ တတ်နိုင်သေးသည့် အခြေအနေကို အားမရ ဖြစ်လာပုံရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် မြေပြင်တွင် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သက်သေ အဖြစ် ရွှန်းဒါးဥယျာဉ် ဝန်း ကို သိမ်းပိုက်နိုင်ခဲ့သည်။ တောအုပ်နှင့် ဆူးကြိုးကာရံထားသော စည်းရိုးများနောက်ကွယ်ရှိ ကြီးမားသော တိုက်ခန်းပေါင်းစုံပါသည့် ရှုပ်ထွေးလှသည့်အဆောက်အအုံကြီး တခုသို့ ဝင်ရောက်ခဲ့သည်။
အတွင်းဘက်တွင် ၎င်းတို့သည် နိုင်ငံအတွင်း အကြီးဆုံးအွန်လိုင်းငွေလိမ်လုပ်ငန်းကြီးတစ်ခုကို တွေ့ရှိခဲ့ကြသည်။ လူပေါင်း ၃,၀၀၀ ခန့်သည် ယင်းဝင်းအတွင်း၌ အလုပ်လုပ်ကိုင်နေကြသည်ကို ဓါတ်ပုံ အထောက်အထား ပေါင်းစုံ၊ သိမ်းဆည်းရမိသော ပစ္စည်းပစ္စယာ များ နှင့် ထုတ်ဖေါ်နိုင်ခဲ့သည်။
နောက်ထပ် တကြောင်းက အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက စစ်အုပ်စု ၏ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ၅ ရပ် အပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိနေဆဲဖြစ်သဖြင့် စစ်အုပ်စု အနေဖြင့် အာဆီယံ အစည်းအဝေးများသို့ ပုံမှန်အတိုင်း ပြန်လည်ပါဝင်လာနိုင်ရန်မှာ လွန်စွာ အလှမ်းဝေးကွာဆဲဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် ထုတ်ဖေါ် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
နေပြည်တော်အနေဖြင့် ဘုံသဘောတူညီချက်များကို လိုက်နာဆောင်ရွက်မှုနှင့် ပတ်သက်၍ "မေးခွန်းထုတ်စရာ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း" သူမက ဆိုသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ ဖြစ်လာနိုင်ချေနှင့် ပတ်သက်၍မူ မှန်းဆပြောဆိုရန် ငြင်းဆိုခဲ့ပြီး "ထိုင်း နိုင်ငံခြားရေးဝန်ကြီး သိဟားဆတ်က ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလို အဲဒီအမျိုးသမီးကြီးကိုသာ ကျွန်မတွေ့ဖြစ်ခဲ့မယ်ဆိုရင် အဲဒါက တကယ်ကို ကောင်းမွန်တဲ့ လက္ခဏပါ" ဟု မှတ်ချက် ပေးသွားခဲ့သည်။
အထက်ပါ အချက် နှစ်ချက်သည် မင်းအောင်လှိုင် အဖို့ အရှက်ရစရာဟု ထင်ကောင်းမှ ထင်မည် ဖြစ်သော်လည်း ၎င်းလို လူမျိုးကို ကော်ဇောနီ ခင်း၍ ကြိုရမည့် ထိုင်း အစိုးရ အဖို့ အပျက်သဘောဆောင်သည့် သံတမန်ရေး အခြေအနေများနှင့် ဂြိုလ်တုအထောက်အထား အသစ်များကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပြင်းထန်သော ဝေဖန်မှုဖိအားများနှင့် ရင်ဆိုင်ရ တော့မည် ဖြစ်သည်။
ထိုင်း နိုင်ငံသား များကလည်း ငါတို့ နိုင်ငံကို အုပ်ချုပ်နေသူ များက ကိုယ်ကျင့်တရား ရှေ့တန်းတင်တဲ့ လူမျိူးတွေ မဟုတ်ပါလားဟု ထင်မြင် ခံကြရပေဦးမည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!