ထိုင်း အားကိုး နေရသော အလုပ်သမား ခေါင်း ခရီးစဉ်

by Hla Soewai - Jul 26 2026

ထိုင်းသည် မင်းအောင်လှိုင်အား ၎င်း ဖျက်ဆီးခဲ့၍ ထွက်‌ပေါ်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းကြီး ကြောင့် ထိုင်းတို့ ဈေးပေါပေါဖြင့် စေလိုရာစေ ခိုင်းနိုင်ရန် လိုအပ်နေသော အလုပ်သမား သိန်းနှင့်သန်း နှင့် ချီ၍ ရောက်လာအောင် ကူညီပေးနေသည့် အလုပ်သမားခေါင်းကြီးအဖြစ် ဩဂုတ် ၆-၇ ရက်တွင် ကော်ဇောနီခင်း၍ ကြိုဆိုတော့မည်ဖြစ်သည်။ ရလာသည့် အလုပ်သမား အရည်အတွက်ကလည်း နည်းနည်းနောနော မဟုတ်၊ နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သား အဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရပင် ၄.၆ သန်းဝန်းကျင် ရှိနေသည်။

 

ထိုအပြင် ဘန်ကောက်ရှိ အဆင့်မြင့်ကွန်ဒိုများ လက်မလည်အောင် ရောင်းချနေရမှု၊ ဆေးရုံကြီးများတွင် Medical Tourist အဖြစ် ပုံမှန်ဆေးစစ်မှုမှသည် ရောဂါမျိုးစုံကို ငွေကုန်ကြေးကျ အမြောက်အမြားသုံး၍ ဆေးလာကုနေသူများ၊ တက္ကသိုလ် ကောလိပ်များတွင် လာရောက်ပညာသင်ကြားနေသည့် ကျောင်းသား ၁၅,၀၀၀ ခန့်၏ ကျောင်းစရိတ် အစရှိသဖြင့် ထိုင်းအစိုးရအဖို့ အကျိုးကျေးဇူး များစွာရရှိနေသည်။ ထိုအထဲတွင် ဗျူရိုကရေစီ ကြိုးနီစနစ်များဖြင့် အထပ်ထပ်ရစ်ပတ်ကာ အထမ်းသမားမှစ၍ အထက်အရာရှိကြီးများအထိ ငွေဝင်လမ်းကြောင်း ဖြောင့်နေသည့် ရန်ကုန်လေဆိပ်ကို ခြေမချရဲကြတော့ဘဲ အလုပ်သမားများနှင့် ကျောင်းသားများ၏ မိသားစုများ ဘန်ကောက်တွင် သွားရောက်တွေ့ဆုံရသည့် စရိတ်စကများ မပါဝင်သေးပေ။

 

ထိုင်းအစိုးရသည် ထိုဝင်ငွေများမှ အခွန်အတုပ်များဖြင့် အဆင်ပြေနေသော်လည်း ထိုင်းလူငယ်များအဖို့ကား မြန်မာနိုင်ငံမှ ဒလဟောဝင်ရောက်လာနေသော မူးယစ်ဆေးဝါး၏ သားကောင်များ ဖြစ်ကုန်ကြရရှာသည်။

 

တဖက်တွင် ထိုသို့ကျေးဇူးရှိနေသော်လည်း ကျန်တဖက်တွင်ကား ထိုင်းနိုင်ငံသည် ရှက်ဖွယ်လိလိ အနေအထားနှင့် ရင်ဆိုင်နေရသည်။ ၎င်းတရားဝင်ခရီးစဉ်ဆိုကာ ရောက်ရှိလာမည့်နေရာနှင့် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင်တော့ ၎င်း၏စောင်မမှုဖြင့် ထိုင်းဘက်မှ တရားဝင်လက်ခံထားရသည့် ဒုက္ခသည် ၈၀,၀၀၀ ခန့်ကတော့ စခန်းများတွင် ဆင်းဆင်းရဲရဲ ဖြင့် တိုးဝှေ့နေထိုင်နေရဆဲ ဖြစ်သည်။

 

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် ဖြစ်ပေါ်နေသော ငွေကြေးခဝါချမှု၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည့် မှောင်ခိုစီးပွားရေးကွင်းဆက်များ၊၊ ကြီးထွားလာနေသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ကလည်း နိုင်ငံတကာ၏ လက်ညိုး ထိုးစရာ ဖြစ်နေရသည်။

 

၎င်း အား ဖိတ်ခေါ် ချင်းသည် နှစ်လမ်းသွား ချဉ်းကပ်မှု" (dual-track approach) ၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း ထိုင်းနိုင်ငံခြား ရေး ဝန်ကြီး သိဟားစက် က ထုတ် ဖေါ် ‌ပြောကြားခဲ့သည်။

 

"မိမိတို့ ဖြေရှင်းရမည့် နှစ်နိုင်ငံကြား အရေးပေါ်ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများ (scams) သို့မဟုတ် မူးယစ်ဆေးဝါးပြဿနာများ ရှိနေပါသည်" ဟု၎င်းက ဆိုခဲ့ပြီး ယင်းချဉ်းကပ်မှုသည် အာဆီယံ၏ ရေရှည်ရပ်တည်နေသော ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

မင်းအောင်လှိုင်က‌ တော့ ၎င်းအား ဘယ်လို သ‌ ဘောထားပြီး ခေါ် ခေါ် အရှက်ရှိသူ မဟုတ်၊ ခေါ်လျင် လာမည့်သူ ဖြစ်ပြီး အရှက်တကွဲ အကျိုးနည်း စရာ ဖြစ်လာမည်က ထိုင်း အစိုးရပင် ဖြစ်သည်။ ထိုင်း၏ လုပ်ရပ်သည် စစ် အုပ်စု ကို နိုင်ငံတကာစင်မြင့်တွင် တရားဝင်မှု ရရှိစေရန် သက်ရောက်စေနိုင်သည့် အတွက် အာဆီယံအဖွဲ့ကြီး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်သွားခဲ့ရသည်။

 

ပဋိပက္ခ ဖြစ်ပွား နေသော ဒေသများတွင် လူသားချင်း ဆိုင်ရာ စာနာမှု ဖြင့် အကူအညီ ပေးနိုင်ဖို့ ဆိုသည်ကလည်း အရှင်းဆုံး ပြောရလျင် မင်းအောင်လှိုင် ဗုံးလိုက်ကြဲနေ၍ မီးခိုးတလူလူ ဖြစ်ကျန်ခဲ့သော မြို့ရွာများများကို နောက်က အထုပ် ပိုက်၍ စောင်၊ ခြင်ထောင်၊ ရွက်ဖျင်တဲများ၊ စားနပ်ရိက္ခာ များ ပံ့ပိုး ပေးနေခြင်းမျိုးသာ ဖြစ်လာပေလိမ့်မည်။

 

မင်းအောင်လှိုင် လို လူမျိုးက ငြိမ်းချမ်းရေး ဆိုသည်က အပြန်အလှန် နားလည်မှု မျိုးဖြင့် ရရှိနိုင်ခြင်း ဟု ယောင်လို့ပင် တွေးခေါ်ခဲ့ခြင်းမျိုး ရှိသူ မဟုတ်၊ စစ်အင်အား အသာစီး နှင့်သာ ငြိမ်းချမ်းနိုင်သည် ဟု အခိုင်အမာ ယုံကြည်ထားသူမျိုး ဖြစ်သည်။ ထိုသိုသော လူမျိုးများက အကျိုးနှင့် အကြောင်းနှင့် ပြောဆို၍ ရမည် သူများ မဟုတ် ဆိုသည်ကို ၁၉၈၈ နောက်ပိုင်း ဂျပန် အမျိုးသမီးကြီး ဆာဒါကို အိုဂါတာ မှသည် နောက်ဆုံး ဂျုလီ ဘစ်ရှော့အထိ အထင်အရှား တွေ့လာခဲ့ရသည် မဟုတ်ပါလား။

 

ထို့အတွက် အာဆီယံသည် ၎င်းတို့ ရတောင့်ရခဲ ရရှိထားသော ဘုံ သဘောတူညီချက် ငါးချက်သည်သာ မြန်မာ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု အခိုင်အမာ ယုံကြည် စွဲကိုင်ထားဖို့သာ လိုပေသည်။

 

လက်ရှိ မင်းအောင်လှိုင် ဖန်တီးခဲ့‌ သော နိုင်ငံရေး အရှုပ်အထွေး ကြီး ကို နေပြည်တော် ရှိ အစိုးရ တခုတည်း ရှုထောင့်ကနေ ကြည့်နေ၍ မလုံလောက်တော့၊ လက်တွေ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများစွာ ရှိနေသည့် အခြေအနေကို လက်ခံ ဆက်ဆံသင့်နေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် သမ္မတတု အဖြစ် ကိုယ့်ကိုကိုယ် တင်မြှောက်ခဲ့ရှာသော်လည်း ယခုထိ မြစ်ကူးချောင်းဖျား သွားလျင်ပင် ရောက်နိုင်သည့် နိုင်ငံမျိုးကိုသာ လှည့်ပတ် သွားနေရဆဲ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!