စိတ်ရှုပ်ထွေး နေချိန်တွင် ဘော့ခ်ဟောက်စင် လူမျိုးက သူ့ကို အနှောင့်အယှက်ပေးနေသည့် အဖြစ်ကို လုံးဝ မယုံကြည်နိုင် အောင် ဖြစ်နေမိသည်။ ထိုလူက "ရှေ့တန်းကနေ ဒီနေ့ စာတစောင် ရတယ်ဆို၊ ခင်ဗျားရဲ့ အော်တို ကိုယ်တိုင် ရေးတာ မဟုတ်ဘူးဆိုတာ ဟုတ်လားဗျ” ဟု မေးနေခြင်း ဖြစ်သည်။ ကွမ်ဂဲလ်က ထိုလူ့ဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး "သောက် ..စကား လာများ နေပြန်ပြီ!” ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့သော် သူသည် ဘော့ခ်ဟာဆန်း လို အသုံးမကျသူမျိုးနှင့်အချင်းမများလိုသောကြောင့် “ဒီခေတ်မှာ လူတွေက ဘယ်အရာမဆို အတော့်ကို စကားများလာကြတယ်!” ဟု မပြောချင်ဘဲ ဖြည့်စွက်ပြောလိုက်ရသည်။
ဘော့ခ်ဟောက်စင်က မည်သို့မျှ မနေ၊ အဘယ်ကြောင့်ဆိုသော် အီမီးလ် ဘော့ခ်ဟားဆန် ဆိုသည်မှာ စိတ်ဆိုးလွယ်သူ တဦး မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းအစား သူက စိတ်အားထက်သန်စွာဖြင့် ထောက်ခံပြောဆိုလိုက်သည် -
“ခင်ဗျားပြောတာ မှန်တယ် ကွမ်ဂဲလ်ရေ! စာပို့တဲ့ ကလူဂဲ ဆိုတဲ့ မိန်းမ ကလည်း ဘာလို့ သူ့ပါးစပ်ကို ပိတ်မထားနိုင်ရတာလဲဗျာ။ သူက လူတိုင်းကို လိုက်ပြောပြနေတာပဲ - ကွမ်ဂဲလ်တို့ မိသားစုအတွက် စစ် မြေပြင်ကနေ စာတစောင် ရလာတယ်တဲ့၊ အဲဒါကလည်း လက်နှိပ်စက်နဲ့ ရိုက်ထားတာတဲ့ဗျ!”
သူသည် ခဏမျှ ရပ်တန့်သွားပြီးနောက် သနားဂရုဏာ သက်သည့် အသံမျိုး ဖြင့် “သူ ဒဏ်ရာရတာလား၊ ဒါမှမဟုတ် ပျောက်ဆုံးနေတာလား၊ ဒါမှမဟုတ်……” ဟု မေးမြန်းလိုက်လေသည်။
ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ကွမ်ဂဲလ်က သွယ်ဝိုက်၍ ပြန်ပြောလိုက်သည်။
“ပြင်သစ်တွေ လက်နက်ချလိုက်ပြီပေါ့ ဟုတ်လား။ အင်း… တကယ်တော့ တရက်လောက်စောပြီး လက်နက်ချခဲ့ရင် ကောင်းမှာပဲ။ ဒါဆိုရင် ကျွန်တော့်ရဲ့ အော့တိုလေး အခုထိ အသက်ရှင်နေဦးမှာပေါ့…”
ဘော့ခ်ဟောင်ဇင်ကတော့ သူ့ဘက်က အစွမ်းကုန် ချေပပြောဆိုတော့သည်။
“ဒါပေမဲ့ ပြင်သစ်တွေ ဒီလောက်မြန်မြန် လက်နက်ချသွားတာဟာ ထောင်ပေါင်းများစွာသော စစ်သားတွေ အသက်စွန့်ပြီး သူရဲကောင်းပီသစွာ တိုက်ပွဲဝင်ခဲ့ကြလို့ပဲလေ။ အဲဒါကြောင့်လည်း ကျွန်တော် တို့ သန်းပေါင်းများစွာ အသက်ရှင်ကျန်နေရတာပေါ့။ သားတယောက်ရဲ့ ဖခင်တယောက်အနေနဲ့ ဒီလို စွန့်လွှတ်အနစ်နာခံမှုမျိုးကို ဂုဏ်ယူသင့်တာပေါ့ဗျာ!”
“ခင်ဗျားလည်း သိနေတာပဲလေ၊ ကွမ်ဂဲလ် ရယ်။ ဒါပေမဲ့ သူတို့အားလုံး တပြိုင်နက်တည်း ဗုံးပေါက်ကွဲမှု တခုခု ဖြစ်လို့ သေဆုံးသွားခဲ့ရင်တောင် ကျွန်တော် ဂုဏ်ယူနေမှာပဲ။ ကျွန်တော် အဲဒီလိုပြောတာကို ခင်ဗျား မယုံဘူးလား၊ ကွမ်ဂယ်။”
“ခင်ဗျားရဲ့ သားတွေကလည်း စစ်တိုက်ဖို့ သွားရမယ့်အရွယ်တွေ မဟုတ်ဘူးလား"
ဘော့ခ်ဟောင်ဇင်ကတော့ စိတ်ဆိုးသွားသည့်ဟန်ဖြင့်..
“ခင်ဗျားလည်း သိနေတာပဲလေ၊ ကွမ်ဂဲလ်။ ဒါပေမဲ့ သူတို့အားလုံး တပြိုင်နက်တည်း ဒီမှာ ဗုံးပေါက်ကွဲမှု ဖြစ်လို့ သေဆုံးသွားခဲ့ရင်တောင် ကျွန်တော် ဂုဏ်ယူနေမှာပဲ။ ကျွန်တော် အဲဒီလိုပြောတာကို ခင်ဗျား မယုံဘူးလား၊ ကွမ်ဂဲလ်”
အလုပ်ကြီးကြပ်ရေးမှူး ကွမ်ဂဲလ်က ချက်ချင်း ပြန်မဖြေခဲ့ပေ။ သို့သော် သူ့စိတ်ထဲတွင်တော့ ဤသို့ တွေးနေမိသည်။
"အင်း… ငါဟာ ဖခင်ကောင်းတစ်ယောက် မဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်။ အော့တိုကိုလည်း ချစ်သင့်သလောက် မချစ်ခဲ့မိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မင်းအတွက်တော့ မင်းရဲ့ သားသမီးတွေဟာ လည်ပင်းမှာ ဆွဲထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေလို ဖြစ် နေတာ။ ဗုံးတစ်လုံးသာ ကျလာပြီး မင်းအတွက် သူတို့ကို ရှင်းပေးသွားခဲ့မယ်ဆိုရင် မင်း ဝမ်းသာနေမှာပဲလို့ ငါထင်တယ်။
သို့သော် ကွမ်ဂဲလ် ကတော့ ထိုအကြောင်းနှင့်ပတ်သက်၍ ဘာတခွန်းမှ ပြန်မပြောခဲ့ သဖြင့် စိတ်မရှည်တော့သည့် ဘော့ခ်ဟောင်ဇင် က ဆက်ပြောလာပြန်သည်။
“စဉ်းစားကြည့်စမ်းပါဦး၊ ပထမ ဆူဒေတန်ဒေသ ၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဩစတြီးယား၊ အခု ပိုလန်နဲ့ ပြင်သစ်ပါ ထပ်ရလာပြီ။ ကျွန်တော် တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာတော့မှာကွ။ လူနှစ်သိန်း၊ သုံးသိန်းလောက် သေသွားတာ ဘာများအရေးကြီးလို့လဲ။ ကျွန်တော်တို့ ချမ်းသာကြွယ်ဝလာကြပြီလေ။”
ထိုအခါတွင်တော့ ကွမ်ဂယ်လည်း မနေသာတော့ပဲ ချက်ခြင်းလို ခွန်းတုံ့ပြန်လိုက်သည်။
“ဒါဆို ကျုပ် တို့ရလာမယ့် စည်းစိမ်ဥစ္စာတွေကို ဘာလုပ်ကြမှာလဲ။ စားကြမှာလား။ ချမ်းသာလာရင် ပိုပြီး အိပ်ပျော် စားဝင် သွားမှာလား။ အဲဒီလောက် ချမ်းသာတဲ့သူ ဖြစ်သွားလို့ စက်ရုံမှာ အလုပ် လုပ်စရာ မလိုတော့ဘူးဆိုရင် တ နေကုန် ဘာလုပ်နေကြမှာလဲ။
မဟုတ်ဘူး ဘော့ခ်ဟောင်ဇင်။ ကျုပ် ချမ်းသာချင်တာ မဟုတ်ဘူး။ အထူးသဖြင့် ဒီလိုနည်းလမ်းမျိုးနဲ့ ချမ်းသာလာတာမျိုးကို လုံးဝမလိုချင်ဘူး။ ဒီလိုနည်းနဲ့ ရလာတဲ့ စည်းစိမ်ဥစ္စာဆိုတာ လူတယောက်ရဲ့ အသက်တချောင်းနဲ့တောင် လဲလှယ်ဖို့ မတန်ဘူးကွ။”
ထိုအခါ ဘော့ခ်ဟောင်ဇင်က ကွမ်ဂယ်၏ လက်မောင်းကို အတင်းဆွဲကိုင်လိုက်သည်။ သူ၏မျက်လုံးများမှာ ဂနာမငြိမ်ဖြစ်လာနေပြီး ကွမ်ဂယ်ကို လှုပ်ခါရင်း နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
“ဟေ့ ကွမ်ဂဲလ်၊ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ။ ဒီလို အောင်ပွဲကို အားမပေးတဲ့ စကားမျိုးတွေ ပြောနေတာကြောင့် ခင်ဗျားကို ချွေးတပ် အကျဉ်းစခန်း ထဲ ပို့ပစ်နိုင်တယ်ဆိုတာ သိရဲ့လား။
ခင်ဗျား ပြောလိုက်တဲ့စကားဟာ ဖျူးရား ကိုယ်တိုင် ပြောဆိုထားတာ တွေနဲ့ တိုက်ရိုက်ဆန့်ကျင်နေတာပဲ။ ကျွန် တော်သာ ခင်ဗျား အကြောင်းကို သွားတိုင်မယ့် လူမျိုး ဖြစ်နေရင် ဘယ် နှယ့် လုပ်မလဲ...”
ထိုစကား ကို ကြားလိုက်ရ၍ ကွမ်ဂဲလ်သည် ထိတ်လန့်သွားခဲ့သည်။ အော်တို နှင့် အင်နာ တို့ ကြောင့် သူ စိတ်ထိခိုက် နေသည်မှာ သူထင်ထားသည်ထက်ပင် ပိုမိုပြင်းထန်နေပုံရ၏။ မဟုတ်လျှင် သူ၏ မွေးရာပါ သတိဝီရိယကို ဤမျှလောက် ပေါ့ဆစွာ လျှော့ချလိုက်မည် မဟုတ်ပေ။ သို့သော် သူ၏ ထိတ်လန့်သွားမှုကို ဘော့ခ်ဟောက်ဆင် ရိပ်မိမသွားစေရန် ထိန်းချုပ်လိုက်သည်။
ကွမ်ဂဲလ် သည် သူ၏ လက်ကို ရောတိရော့ရဲ ဆုပ်ကိုင်ထားသော ဘော့ ဟောက်ဆင် ၏ လက်ကို အသာအယာ ဖယ်ရှားလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ဖြင့် တလုံးချင်း ပြောလိုက်သည်။
"ဘော့ခ်ဟောက်ဆင်... ခင်ဗျားက ကဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ ကျုပ် ဘာပြောလိုက်လို့ ခင်ဗျားက သွား သတင်းပေးတိုင်တန်းမှာလဲ။ ကျုပ် သား သေသွားခဲ့တယ်၊ ကျုပ် မိန်းမ စိတ်ထိခိုက်နေတယ်။ အဲဒါကြောင့် ကျုပ် ဝမ်းနည်း နေတယ်။ ခင်ဗျား တိုင်ချင်သပ ဆိုရင် သွား တိုင် လေ ၊ ကဲ... သွားလေ! ကျုပ် ခင်ဗျား နဲ့အတူ လိုက်ပြီး ထွက်ဆိုချက်မှာ လက်မှတ်ထိုးပေးမယ်"
ကွမ်ဂဲလ် သည် ထုံးစံနှင့်မတူဘဲ စကားအမြောက်အမြား ပြောဆိုနေစဉ်မှာပင် စိတ်ထဲမှ "ဘော့ခ်ဟောက်ဆင်သာ သတင်းပေး မဟုတ်ဘူး ဆိုလိုက လည်ပင်း ဖြတ်ချေး တောင် လောင်း ပလိုက်မယ်။ သတိထားရမယ့် နောက်ထပ်လူတယောက်ပဲ။ ဘယ်သူ့ကိုမှ ယုံလို့မရဘူး၊ အင်နာ တခုခု ပြောထဲ့လိုက်မလားလည်း စိတ်ပူ နေရပြီ..." ဟု တွေးတောနေခဲ့သည်။
စကားပြောရင်း သူတို့ စက်ရုံဂိတ်ပေါက်ဆီ ရောက်လာကြပြီ။ ထုံးစံအတိုင်း ကွမ်ဂဲလ် က ဘော့ခ်ဟာဆင် ကို လက်ဆွဲ နှုတ်ဆက် မနေတော့ဘဲ "ကဲ... ဒါဆိုလည်း ပြီးတာပဲ" ဟု ဆိုကာ အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။
သို့သော် ဘော့ခ်ဟာဆင်က သူ့အင်္ကျီကို ဆွဲကိုင်လိုက်ပြီး "အိမ်နီးနားချင်း တွေပဲဗျာ... ခုနက ဖြစ်သွားတာတွေကို စကားတွေ ပွားမနေကြရအောင်ပါ။ ကျွန် တော်က ဒလျှိုလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးချင်ပါဘူး။ ဒါပေမဲ့ ကူညီတဲ့အနေနဲ့ တခုလောက် လုပ်ပေးပါဦး၊ မိန်းမကို အိမ်သုံးစရိတ် နည်းနည်းပါးပါး ပေးချင်လို့ပါ၊ ကျွန် တော် မှာ တပြားမှ မရှိတော့လို့ပါ။ ကလေးတွေလည်း တနေကုန် ဘာမှ မစားရသေးဘူး။ ဖြစ်နိုင်ရင် ၁၀ မားခ် လောက် ခဏချေးပါဦး၊ နောက်အပတ် သောကြာနေ့ကျရင် ပြန်ပေးပါ့မယ်၊ ကျိန်ရဲပါတယ်" ဟု တိုးတိုးလေး ကပ်ပြောလေသည်။
ကွမ်ဂဲလ် သည် ခုနက လိုပင် ထိုလူ၏ လက်ကို ခါထုတ်လိုက်၏။ 'အော်... မင်းက ဒီလိုလူစားမျိုးကိုး၊ ဒီလိုနည်းနဲ့ ဝမ်းစာရှာနေတာပေါ့" ဟု စိတ်ထဲမှ တွေးလိုက်သည်။ ထို့အပြင် သူ့ကို တပြားမှ ပေးလို့ မဖြစ်ဘူး၊ ၊ ပေးလိုက်ရင် ငါ့ သူ့ ကို ကြောက်နေတယ်လို့ ထင်သွားပြီး သူ့ရန်က ဘယ်တော့မှ လွတ်တော့မှာ မဟုတ်ဘူး ဟုလည်း တွေးမိရင်းက "ဒီမှာ မိတ်ဆွေ၊ ကျုပ် က တပတ်မှ မားခ်ပဲ ၃၀ ပဲ ရတာ၊ တပြားတိုင်း ကို တိုင်းတာပြီး သုံး နေရတယ်။ ခင်ဗျားကို တပြားမှ မချေးနိုင်ဘူး" ဟု ပြောလိုက်လေသည်။
ထို့နောက် နောက်ထပ် ဘာမှ မပြောတော့၊ နောက်သို့လည်း လှည့်မကြည့်တော့ဘဲ သူသည် စက်ရုံထဲ ဝင်သွားခဲ့သည်။ လုံခြုံရေးအစောင့်က သူ့ကို သိနေသဖြင့် တားဆီးခြင်း မပြုပေ။ ဘော့ခ်ဟောက်ဆင် မှာမူ ထိုနေရာတွင် ရပ်ကျန်ရစ်ခဲ့ပြီး ငေးစိုက်ကြည့်ရင်း နောက်ထပ် ဘာဆက်လုပ်ရမည်ကို စဉ်းစားနေသည်။ ဂက်စတာပို လျှို့ဝှက်ပုလိပ်အဖွဲ့ထံ သွားရောက်၍ ကွမ်ဂဲလ် အား တိုင်တန်းဖော်ထုတ်ချင်စိတ် ပေါက်မိသည်၊ ထိုသို့လုပ်လျှင် အနည်းဆုံး စီးကရက် နှစ်ဗူးလောက်တော့ ကျိန်းသေရမည် ဖြစ်သည်။ သို့သော် မလုပ်တာပဲ ကောင်းပါလိမ့်မည်။ ခုနက သူ အလျင်စလို နိုင်သွားခဲ့သည်၊ ကွမ်ဂဲလ်ကို စကားပြောခွင့် ပေးလိုက်သင့်သည်၊ သားဖြစ်သူ သေဆုံးပြီးနောက်တွင် ကွမ်ဂဲလ်သည် ထိုသို့ ပြောနိုင်ရန် အခွင့်အလမ်း အပြည့်အဝ ရှိနေခဲ့သည် မဟုတ်ပါလား။
သို့သော် သူ ကွမ်ဂဲလ်ကို အကဲဖြတ် မှားသွားခဲ့သည်။ ကွမ်ဂဲလ် သည် ငါးတကောင်လို အလွယ်တကူ မျှားယူခံမည့် လူစားမျိုး မဟုတ်ပေ။ ယနေ့ခေတ် လူအများစုမှာ ကြောက်ရွံ့နေကြသည်၊ အခြေခံအားဖြင့် လူတိုင်းလိုလိုပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် တနည်းမဟုတ် တနည်းတားမြစ်ထားသည့် အရာတခုခုကို လူတိုင်း လုပ်နေကြပြီး တယောက်ယောက်က ရိပ်မိသွားမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။ သူတို့ကို အချိန်ကိုက် ဖမ်းကိုင်လိုက်နိုင်ရုံသာ လိုအပ်သည်၊ ထိုအခါ သူတို့ကို အပိုင်ကိုင်ထားနိုင်ပြီဖြစ်ပြီး သူတို့ဘက်က အလျှော့ပေး ငွေထုတ်ပေးကြလိမ့်မည်။
သို့သော် သိမ်းငှက်တကောင်ကဲ့သို့ စူးရှထက်မြက်သော မျက်နှာပေးရှိသည့် ကွမ်ဂဲလ်ကမူ ထိုသို့ မဟုတ်ပေ။ သူသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ပုံမရသလို သူ့ကို အမိဖမ်းရန်လည်း မဖြစ်နိုင်ပေ။ မဖြစ်သေးပါဘူး၊ ဘော့ခ်ဟောက်ဆင် အနေဖြင့် သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်ပြီး သူ့မိန်းမဘက်က ချဉ်းကပ်ကြိုးစားကြည့်လျှင် ပိုကောင်းပေလိမ့်မည်၊ ထိုမိန်းမမှာ တဦးတည်းသော သားဖြစ်သူ သေဆုံးမှုကြောင့် စိတ်ထိခိုက် တုန်လှုပ်နေမည်မှာ သေချာသည်။ သူမကတော့ စကားပြောလာမှာ အသေအချာပင် ဖြစ်သည်။
သို့ဖြစ်၍ သူသည် ထိုအမျိုးသမီးကို နောက် ရက်အနည်းငယ် လောက်မှ သွားတွေ့မည်ဟု စိတ်ကူးရင်းက ဖုံယခုလက်ရှိ ဘာလုပ်ရမလဲဟု စဉ်းစားနေသည်။ မနက်က သေတ္တာထဲ၌ ကျန်နေသည့် ပေါင်မုန့်စကို တိတ်တဆိတ် ကုန်အောင် စားလိုက်ရသဖြင့် အခု အော်တီ အား ငွေအနည်းငယ် ရှာပေးရ တော့မည် ဖြစ်သည်။ သို့သော် သူ့တွင် ခြူတပြားမှ မရှိ၊ အရေးတကြီး လိုအပ်နေချိန်တွင် ငွေကို ဘယ်ကနေ သွားရှာရမည်နည်း။
သူ၏ဇနီးသည်မှာ အလွန်တရာ စာနာစိတ် ကင်းမဲ့ကာ တတွတ်တွတ် ဆူပူကြိမ်းမောင်းတတ်သူဖြစ်ပြီး သူ၏ဘဝကို ဆင်းရဲဒုက္ခရောက်အောင် လုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ တချိန်တုန်းက သူမသည် ရွှန်ဟောက်ဆာ အယ်လီ လမ်း ပေါ်က လမ်းဘေးပြည့်တန်ဆာတဦး ဘဝတွင် အလွန်ပင် ယဉ်ကျေးချိုသာခဲ့ဖူးသည်။ ယခုမူ သူမသည် ကလေးငါးယောက်၏ မိခင်ဖြစ်လာခဲ့ပြီ — ထိုကလေးများအထဲမှ အများစုမှာလည်း သူနှင့် လုံးဝ မပတ်သက်ကြပေ — ထို့ပြင် သူမတွင် ငါးစိမ်းသည်တယောက်လို ဆဲဆိုကြိမ်းမောင်းတတ်သော ပါးစပ်လည်း ရှိနေသည်။
သူမသည် သူ့ကိုရော ကလေးများကိုပါ လက်သီးလက်မောင်းတန်းကာ ရိုက်နှက်တတ်ပြီး ထိုသို့လုပ်လျှင် သူကလည်း ပြန်၍ ရိုက်ရ နှက်ရ ပြန်သည်။ သူအဖို့ ပိုက်ဆံမပါဘဲ ထို မိန်းမ ထံသို့ ပြန်သွား၍ မဖြစ်ပေ။
ရုတ်တရက် သူသည် ဂျက်ဘလွန်စကီလမ်း အမှတ် ၅၅၊ စတုတ္ထထပ်တွင် တယောက်တည်း အထီးကျန် ဖြစ်နေရှာသည့် ဂျုး အဘွားအို ရိုဆန်သယ်လ် ကို သတိရသွားသည်။ သူ ဘာကြောင့်များ ဒီအဘွားကြီးကို အစောကြီးကတည်းက မတွေးမိခဲ့ပါလိမ့်ဟု သူ အံ့သြမိနေသည်။ ထိုအဘွားကြီး သည် ကွမ်ဂဲလ် ထက် ပိုပြီးတော့ အလားအလာ ကောင်းသူ ဖြစ်သည်။
သူမသည် သဘောကောင်းပျူငှာတတ်သော အမျိုးသမီးတဦးဖြစ်သည် — သူမတွင် အထည်အလိပ်နှင့် ချုပ်လုပ်ရေးပစ္စည်း အရောင်းဆိုင်ရှိစဉ် ရှေးဟောင်းနှောင်းဖြစ်များကို သူ ပြန်လည်သတိရမိလိုက်ပြီး၊ ဦးစွာပထမ သူမကို ချော့ ချော့ မော့မော့ ဖြင့် ချဉ်းကပ်ကြည့်မည်ဟု စဉ်းစားလိုက်သည်။ အကယ်၍ ထိုနည်းလမ်း အလုပ်မဖြစ်ခဲ့လျှင်တော့ သူမ၏ ခေါင်းကို တုတ်ဖြင့် ရိုက်ချပစ်လိုက်ရမည်သာ ဖြစ်သည်။ အော်တီ့ကို နှစ်သိမ့်ကျေနပ်စေမည့် ပစ္စည်းတခုခု၊ လက်ဝတ်ရတနာ တခုခု၊ ငွေကြေး သို့မဟုတ် စားစရာ တခုခုကိုတော့ သေချာပေါက် ရှာနိုင်မှ ဖြစ်ပေမည်။