ရွှေပြည်ကြီး နီးပြီလော

by Hla Soewai - Nov 14 2020

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန် ကြေညာချက်မှာ ၂၀၂၀ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၆၀ အတွင်း ဒီမိုကရေစီ နည်းအရ ရွေးချယ် တင်မြှောက်ခံထားရသည့် အစိုးရ မှ ပထမဆုံး ဦးဆောင် ကျင်းပသည့် ရွေးကောက်ပွဲလည်း ဖြစ်၍ လွန်စွာ အရေးပါသော ခြေလှမ်းကြီး တခု ဖြစ်တယ်လို့ ဖေါ်ပြ လိုက်ပါတယ်။

 

တဆက်တည်းမှာပဲ မိမိတို့ အစိုးရနှင့် အီးယူအဖွဲ့ဝင် နိုင်ငံများ အားလုံးက ပါတီများအား လုံး ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြပြီး အစိုးရသစ် နဲ့ ပူးပေါင်းပြီး ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လက်တွဲ ဖေါ်ဆောင်သွားကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

 

အလားတူ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နဲ့ စင်္ကာပူ ဝန်ကြီးချူပ် လီရှန်လုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြူ ချီးကြူးကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြီးပေါ်ပေါက်စေရေး အတွက် မိမိတို့နှင့် အတူလက်တွဲလုပ်ဆောင်သွားဖို့ တိုင်းရင်းသား ပါတီများကို ဖိတ်ခေါ်တဲ့ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။

 

မိမိတို့ အနေဖြင့်လည်း တိုင်းရင်းသား များ၏ ဆန္ဒကို ရှေ့လျောက် ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အတွက် ရည်ရွယ်ချက်ချင်း တူညီနေတဲ့အတွက် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်လို့ ဆိုပါတယ်။

 

ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအားလုံးကလည်း မပြောပလောက်သော ဖြစ်စဉ် အနည်းငယ်မှ လွဲ၍ ရွေးကောက်ပွဲသည် သမာသမတ်ကျစွာ လုပ်ထုံးလုပ်နည်း အတိုင်း ကျင်းပနိုင်ခဲ့တယ်လို့ တညီတညွတ်တည်း ပြောဆိုခဲ့ကြပါတယ်။

 

အေအေ အဖွဲ့မှလည်း ရွေးကောက်ပွဲ မကျင်ပရသေးတဲ့ နယ်မြေ ၁၆ ခုမှာ ပြန်လည် ပြုလုပ်ပေးရန် တောင်းဆိုခဲ့မှု အား တပ်‌မတော်မှ ကြိူဆိုကြောင်းလည်း သိရပါတယ်။

 

တပ်မတော်ကလည်း ရွေးကောက်ပွဲ ကိစ္စများသည် မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိ၍ မိမိတို့အလုပ်ကို မိမိတို့ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

 

တပ်မတော်သည်သာ ထိုသဘောထား အတိုင်း အမှန်တကယ် ဆက်လက်ရပ်တည်သွားမည်၊ NLD အနေနှင့်လည်း အစိုးရ အဖွဲ့အတွင်း တက်ကြွသည့် လူငယ်များ ထည့်သွင်း လာမည် ဆိုက ရွှေပြည်ကြီး သည် နီးသထက် နီးလာတော့မည်သာ ဖြစ်ပါတယ်။