အချိန် မဖြုန်းသင့်

by Hla Soewai - Jul 31 2019

၂၀၁၅ တွင် အမေရိကန် ဗဟိုတရားရုံးချုပ်မှ လိင်တူ လက်ထပ်ခြင်းသည် ဖွဲ့စည်းပုံ နှင့် ကိုက်ညီကြောင်း အတည်ပြု ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန် နိုင်ငံသားများ အချင်းချင်း အကြီးအကျယ် အငြင်းအခုံတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး ကနေဒါရှိ ၀င်နီပက် တက္ကသိုလ်မှ ဂျရယ်မီ ဖားမား ဆိုသူမှ အမေရိကန် နိုင်ငံသား အယောက် ၂၀၀ ကို သူလုပ်မယ့် စမ်းသပ်မှုအတွက် ကြုံရာကျပမ်း ရွေးချယ်ခဲ့ပါတယ်။ ထို အယောက် ၂၀၀ ထဲမှ ဘယ်သူက လိင်တူ ထိမ်းမြားခြင်းကို လက်ခံလဲ၊ ဘယ်သူ က လက်မခံလဲ ဆိုတာ ခွဲထုတ်ခဲ့ပါတယ်။ သူတို့အားလုံးကိုလည်း ဆယ်ဒေါ်လာ ဆီ ချီးမြှင့်မယ်လို့ ပြောခဲ့ပါတယ်။ လက်ခံတဲ့သူများကို သူတို့ အမြင်ကို ဆန့်ကျင်ပြီး ပြောဆိုခဲ့တဲ့ အချက် ရှစ်ချက် ကို ဖတ်ပြီး တုန့်ပြန်ရမယ်လို့လည်း ဆိုပါတယ်။ သူတို့ နဲ့ တသဘောတည်း ပြောဆိုထားတဲ့ အချက် ရှစ်ချက် ကိုလည်း ဖတ်ခွင့်ပြုခဲ့ပါတယ်။ အဲ့လို အမြင်တူ တာကို ဖတ်မယ်ဆိုရင် ဆယ်ဒေါ်လာ အစား ခုနှစ် ဒေါ်လာပဲ ပေးတော့မယ်လို့ တလက်စာတည်း အသိပေးခဲ့ပါတယ်။

ဒီလိုပဲ လိင်တူ ထိမ်းမြားခြင်း ကို ဆန့်ကျင်တဲ့ လူတွေကိုလည်း အထက်က အတိုင်း ကမ်းလှမ်းခဲ့ပြန်ပါတယ်။

ဒီအခါမှာ ဘာတွေ့ခဲ့ရလည်း ဆိုတော့ ဟိုဖက် ဒီဖက် မှာ ရှိတဲ့ လူ သုံးပုံ နှစ်ပုံခန့်သည် ဆယ်ဒေါ်လာကို မယူပဲ သူတို့နဲ့ အမြင်တူတဲ့ ပြောဆိုချက်တွေကိုသာ ဖတ်ပြီး ခုနှစ်ဒေါ်လာကို ပဲ ကျေကျေနပ်နပ်ကြီး ယူသွားခဲ့ကြပါတယ်။

ဒါကို ကြည့်ပြီး ဂျရယ်မီ ဖရီမား က လူများ အနေဖြင့် မိမိတို့ မူလ ယုံကြည်ထားမှုများနဲ့ ဆန့်ကျင်ဖက် ဖြစ်မယ့် အမြင်တွေ အချက်အလက်တွေကို လိုလိုလားလား လက်ခံလိုစိတ် မရှိတာကို ပြဆိုနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ထိုကဲ့သို့ သော လူများသည် အမြင်ကျဉ်းမြောင်းပြီး မိမိသာ ပြန်ပြီး ထိခိုက် နစ်နာစေမယ့် အပြုအမူများကို လက်ခံ ကျင့်သုံးသူများ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို လူမျိုးများကို အကျိုး အကြောင်း ရှင်းပြခြင်းဖြင့် ဗဟုသုတတွေ ကြွယ်ဝလာပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာစရာ မရှိပဲ ရှေးခေတ်ကလို အမဲလိုက် အသက်မွေး တတ်သူ အချင်းချင်း တူရာတူရာ စုနေထိုင်တဲ့ လက္ခဏတွေ တွေ့ရမှာ ဖြစ်တယ်လို့ ဦးနှောက်ပိုင်း အသိအာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်များ ဖြစ်တဲ့ ဟူးဂို မာစီယာ နဲ့ ဒန် စပါးဘာ တို့က သူတို့ရေးသားထားတဲ့ “The Enigma of Reason” စာအုပ်မှာ ရေးသားထားပါတယ်။ အချက်အလက် တွေကို နှိုင်းယှဉ်လေ့လာမှုထက် မိမိတို့ အုပ်စုရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ အနေအထားကို ခိုင်မာအောင်သာ အကျိုးအကြောင်း ဆိုတဲ့ စကားကို ကျွမ်းကျင်စွာ အသုံးပြုခဲ့ကြပါတယ်။

သူတို့ အနေနဲ့က အခြားလူများရဲ့ အမြင်ကို နားထောင်ခြင်းသည် ထိခိုက်နစ်နာစေတယ်လို့ ယူဆခဲ့ကြပါတယ်။

၂၀၁၆ အတွင်း ကယ်လီဖိုနီယား တောင်ပိုင်း တက္ကသိုလ်မှ ဂျိုနာစ် ကက်ပလန် ကတော့ ဒီလိုမျိုး တုန့်ပြန်မှုများသည် လူများ၏ ဦးနှောဏ် တွင် နဂိုကတည်းက စွဲထင် ပါလာခဲ့ကြောင်း သက်သေပြခဲ့ပြန်ပါတယ်။

သူက လစ်ဘရယ် သမား အယောက် လေးဆယ်ကို fMRI Scanner ထဲ ဖြတ်ခိုင်းပြီး လစ်ဘရယ် အယူအဆကို ထောက်ခံတဲ့ နို်င်ငံရေး အယူအဆတွေ (ဥပမာ ကိုယ်ဝန်ဖျက်ချခြင်းအား တရားဝင် ဖြစ်သင့်) ဆိုတာမျိုး နဲ့ သူတို့ အယူအဆကို ဆန့်ကျင်တဲ့ ရေးသားချက် (မီးဖိုချောင်သုံး ဓါးနဲ့ အသတ်ခံရသူ အရေ အတွက်သည် သေနတ်နဲ့ ပြစ်သတ်ခံရသူ အရည်အတွက်ထက် ဆယ်ဆပိုများနေသည်) ဆိုတာမျိုး တွေ ဖတ်စေပါတယ်။

ဒီနေရာမှာ သူတို့ ယုံကြည်ချက်ကို ဆန့်ကျင်တဲ့ အကြောင်းများကို ဖတ်နေစဉ် သွေးများ ဦးနှောဏ်ကို စီးဆင်းမှုသည် ပိုများတာ တွေ့ခဲ့ရပါတယ်။ ဒါကို ကြည့်ရင် လူများသည် မိမိတို့ ယုံကြည်ချက်နှင့် မတူသော်လည်း အခြားလူများ ပြောသည်မှာ အဓိပ္ပါယ်ရှိပါလားဟု ၀န်ခံရမှာ ၀န်လေးတာကို တွေ့ရတယ် လို့ ဆိုပါတယ်။

တခါတရံ လူများသည် ရာသီဥတု ဖေါက်ပြန်စေတဲ့ အချက်များကို မျက်စိမှိတ် ငြင်းဆိုတာမျိုး ရှိပါတယ်။ တခါတခါ ကျလည်း လက်ခံပြီး ချက်ခြင်းလို ဦးနှောဏ်ထဲက ထုတ်ပြစ်တတ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာလ အတွင်းက အစိုးရဌာနများက ရာသီဥတု ပူနွေးလာခြင်း အကြောင်း နဲ့ ကုန်ကျ ဖို့ ဖြစ်လာမယ့် အရာတွေ ပူးတွဲပြုစုထားတဲ့ စာမျက်နှာ ၁,၆၅၀ ပါ စာတမ်းကြီးကို ဒေါ်နယ် ထရန့်မှ အယုံအကြည်မရှိ ဆိုပြီး ပါယ်ချခဲ့ပါတယ်။

၂၀၁၆ သမ္မတ လောင်း များ စကားစစ်ထိုး ပွဲ အတွင်း သမ္မတလောင်းများရဲ့ ပြောဆိုချက်များ မည်မျှ အထိ အချက်အလက် များ တိကျမှန်ကန်ကြောင်း အမှတ်ပေးဖို့ မီချီဂန် တက္ကသိုလ် နဲ့ ဂျော့ခ်ျ ၀ါရှင်တန် တက္ကသိုလ်များက အွန်လိုင်းမှ တဆင် လူပေါင်း ၁,၅၀၀ ကို မေးမြန်းခဲ့ပါတယ်။ ထရန့် ရဲ့ ပြောဆိုချက် အမှားတွေကိုလည်း အမှန်ပြင်ပေးပြီး ၁၅၀၀ ထဲက တ၀က် ထံကိုပဲ ပြန်လည် ပေးပို့ခဲ့ပါတယ်၊ ဒီအခါမှာ အမှားပြင်ဆင်ချက်ကို ရရှိတဲ့လူတွေက မရခဲ့တဲ့ လူတွေထက်စာရင် ထရန့်အပေါ် တိကျမှု မှာ အမှတ်လျော့ပေးခဲ့ကြပါတယ်။ သို့သော်လည်း နောက်ဆုံး ထွက်လာတဲ့ သဘောထား ခံယူချက်မှာတော့ မည်သို့မျှ ပြောင်းလဲခြင်း မဖြစ်ခဲ့ပါဖူး၊ အမှားပြင်ဆင်ချက် ရတဲ့ လူ နဲ့ မရတဲ့ လူတွေ အကြား ထရန့် အပေါ် လူကြိုက်များမှုက အတူတူ ဖြစ်နေတာ တွေ့ရပါတယ်။

ဒါတွေကို ကြည့်ရင် သတင်းတိကျမှု ဆိုသည်က သိပ်ပြီး အရာမရောက်တာ တွေ့ရတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ကျွန်တော်တို့ လူ့ဘောင် အဖွဲ့အစည်းကြီး အတွင်း တွင်လည်း ငြင်းခုံတိုက်ခိုက်မှုတွေ နဲ့ အချိန်ကုန် မခံသင့်ပါဖူး၊ ဒါကိုပဲ ဇောက်ချ ပြောဆို နေမယ်ဆိုရင် ပိုပြီး ကွဲပြားစရာ တွေ ဖြစ်လာဖို့ပဲ ရှိပါတယ်၊ လူတွေက သူတို့ နဂိုမူလ ခံယူချက်ကို ပြောင်းလဲမှာတော့ မဟုတ်ပါဖူး ဆိုတာ အထက်က လေ့လာချက်များက သက်သေခံနေတယ်ဆိုတာ ဆင်ခြင်နိုင်အောင် တင်ပြလိုက်ရပတယ်။

သိုသော် မဟုတ်တမ်းတရား ပြောလာသူများကိုတော့ ပုဂ္ဂိုလ်ရေး မပါပဲ အချက်အလက်များ နဲ့ ရှင်းပြသင့်တဲ့ အပြင် အမှန်တရားကို လက်ကိုင်ထားပြီး ချပြနိုင်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ကိုးကား။ ။ "The Partisan Brain" from The Economist December 8th 2018