မဟာသီယာ ကို ရှုတ်ချသင့်ပြီ

by Hla Soewai - Jul 31 2019

ရို ဆိုသူများ အား မြန်မာ အစိုးရမှ နိုင်ငံသား အဖြစ် အသိအမှတ်ပြုသင့် ကြောင်း သို့မဟုတ်က နိုင်ငံတခု အဖြစ် တည်ထောင်ခွင့် ပြုသင့်ကြောင်း မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက် က ပြောလိုက်ပါတယ်။

ဒီစကားကို တူရကီသို့ အလည်အပါတ် ရောက်ရှိနေစဉ်အတွင်း အန်ကာရာတွင် တူရကီ သတင်းဌာန ဖြစ်တဲ့ Anadolu Agency နှင့် တွေ့ဆုံ မေးမြန်းခန်း မှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

“မြန်မာသည် တချိန်က နိုင်ငံငယ်များ နှင့် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဗြိတိသျှ တို့မှ တနိုင်ငံတည်းထားကာ အုပ်ချုပ်လို၍ ပေါင်းစည်းခဲ့ခြင်းသာ ဖြစ်လို့ လူမျိုးစု အသီးသီးသည် မြန်မာထဲ ရောက်နေရတာ ဖြစ်တယ်” လို့ မဟုတ် မဟတ် ထည့်သွင်း ပြောဆိုသွားပါတယ်။

မဟာသီယာ က မိမိအနေနဲ့ အခြားနိုင်ငံ ပြည်တွင်းရေးကို ၀င်မစွက်လိုပေမယ့် နိုင်ငံအတွင်း လူမျိုးတုန်း သတ်ဖြတ်မှုအထိ ဖြစ်ခဲ့တာကြောင့် ပြောရခြင်းလို့ ဆိုပါတယ်။

ဒီလို မျိုး အပြောအဆိုကို အမေရိကန် ကွန်ဂရက်အမတ်တဦးက ပြောခဲ့ဖေူးသော်လည်း နိုင်ငံ၏ လွှတ်တော်ကြီးမှ အရေးတယူ လုပ်ပြီး ရှုတ်ချလောက်တဲ့ အဆင့် မဟုတ်ပေမယ့် အခုလို အာဆီယံ အသင်းဝင်နိုင်ငံ ၀န်ကြီးချုပ် တဦးမှ တာဝန်မဲ့ ထင်ရာ မြင်ရာ တွေ ပြောဆိုလာတာကိုတော့ လုံးဝရှုတ်ချသင့်ပါတယ်။

နို်င်ငံသည် စစ်တပ်ချုပ်ကိုင်ထားသော ဖွဲ့စည်းပုံဖြင့် ရပ်တည်နေရခြင်း ဖြစ်၍ မည်သူမျှ တန်းတူရည်တူ မဆက်ဆံချင်ကြ။ အခွင့်အရေး အဖွဲ့များ မှအစ မူဆလင် ဘာသာဝင်များ ဖက်မှ ရပ်တည်နေပါသည်ဟု ပြသချင်သော နိုင်ငံများ အတွက် မြန်မာနိုင်ငံသည် ၎င်းတို့၏ Punching bag လက်ဝှေ့လေ့ကျင်ရာ သဲအိပ်ကြီး ဖြစ်လာနေပါတယ်။

ယခုလို ပြည်ပမှ သွေးထိုး မြှောက်ပင့်ပေးနေမှုများ အပါအ၀င် နိုင်ငံကို သံတမန်ရေး ထိုးစစ်ဆင်နွှဲနေတာကို ကြံ့ကြံ့ခံ ရပ်တည် ကာကွယ်သွားရန် အရည်အချင်း ပြည့်တဲ့ ပုဂ္ဂိုလ်ဆို၍ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ အခြားမည်သူမျှ မရှိဆိုတာ အားလုံးက မဖြစ်မနေ လက်ခံဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

အဆိုပါ ပြဿနာများကို နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာရှိရှိ ပြည်သူ့အစိုးရ အဖြစ် ရပ်တည် ဖြေရှင်းသွားဖို့ကလည်း စစ်တပ် ချုပ်ကိုင်ထားတဲ့ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဆင်ဖို့ လိုလာနေပါတယ်။