အမေရိကန် သမ္မတ အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်

by Hla Soewai - Feb 02 2021

မြန်မာ စစ်တပ်မှ နိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ အပေါ် ပျက်ပြားရန် ပြုလုပ်ခဲ့မှု သည့် သတင်းများ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အရပ်ဖက် အကြီးအကဲများ အား ဖမ်းဆီးလိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်လာမှု အတွက် အမေရိကန် ပြည်ထောင်စုမှ ထိတ်လန့် တုန်လှုပ်မိသည်။

 

ထိုအကြောင်းကို အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် မှ သမ္မတ ဘိုင်ဒင်အား အကျဉ်းချုံ့ တင်ပြအစီရင်ခံခဲ့ပြီး ဖြစ်သည်။

 

မိမိတို့မှ မြန်မာ ဒီမိုကရေစီ အဖွဲ့အစည်းများ အား ဆက်လက်ပြီး အခိုင်အမာ ထောက်ခံသွားမည် ဖြစ်ပြီး ကျွနုပ်တို့၏ ဒေသတွင်း အကျိုးတူ နိုင်ငံများနှင့် ညှိနှိုင်းသွားမည် ဖြစ်သည်။ မြန်မာ စစ်တပ် နှင့် အခြား သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးကို ဒီမိုကရေစီ စံနှုန်းများ နှင့် တရားဥပဒေ ကို လေးစားလိုက်နာကြရန် နှင့် ယနေ့ ဖမ်းဆီးသွားသော လူပုဂ္ဂိုလ်များအားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းလိုက်သည်။

 

အမေရိကန် ပြည်ထောင်စုသည် မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကို အဟန့်အတား ဖြစ်စေမည့် မကြာမီ က ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲရန် မည်သည့် ကြိုးပမ်းမှုကို မဆို ဆန့်ကျင်သွားမည် ဖြစ်ပြီး ပြောင်းလဲမှု ဖြစ်ပေါ်မလာက တာဝန်ရှိသူ အားလုံးကို အရေးယူသွားမည် ဖြစ်သည်။

 

မိမိတို့သည် အခြေအနေအရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေမည် ဖြစ်ပြီး ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များ အတွက် ကာလကြာမြင့်စွာကတည်း က ဒုက္ခသုက္ခများ ခါးစည်းခံခဲ့ရသည့် မြန်မာ ပြည်သူများ နှင့်အတူ ရပ်တည်သွားမည် ဖြစ်သည်။

 

ဇန်နဝါရီ ၃၁၊ ၂၀၂၁

ဂျန် ဆာကီ

အိမ်ဖြူတော် သတင်း ပြန်ကြားရေး နှင့် ပြောခွင့်ရ