ထိုင်းနယ်ခြား မြန်မာဖက်ခြမ်းတွင် buffer zone ထူထောင်ရေး အမေရိကန် လုံးပမ်းလျက်ရှိ

by Hla Soewai - Dec 24 2021

နိုင်ငံတော် အတိုင်ပင်ခံအား တရားရုံးတွင် ထောင်ဝတ်စုံ ဖြစ်သည့် အဖြူရောင် အပေါ်အင်္ကျီ၊ ထမီ အညို ပေါ်တွင် အနွေးထည် ထပ်ဝတ်ကာ တရားရင်ဆိုင်ခဲ့ရကြောင်း ရိုက်တာ သတင်းအား ကိုးကား၍ လန်ဒန် ထုတ် ဂါဒီယန်း သတင်းစာကြီးတွင် ပါရှိလာခဲ့သည်။

 

ထို့အတွက် မမြင်ကွယ်ရာ တွင် မည်သို့ဆက်ဆံခံရမည် ဆိုသည်ကား မသဲကွဲလှဟု သတင်းက ဆိုသည်။ နိုင်ငံတော် အတိုက်ပင်ခံအား ရုံးထုတ်သည့် သတင်းက ကမ္ဘာမီဒီယာ များတွင် ပါရှိလာသည်။

 

အသိညဏ်နည်းယုံမက မောက်မာသည့် နေရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော စစ်ကောင်စီသည် ၎င်းတို့၏ လူမဆန်မှု ကို ကမ္ဘာက မေ့လျော့နေမည် စိုး၍ အမြဲလို မီးမောင်းထိုးပြ ကူညီပေးနေခြင်းသာ ဖြစ်သည်။ စစ်ကောင်စီဟု ဆိုက အားလုံးပါဝင်နေမည် ဖြစ်၍ တရားမျှတမှု ရှိမည်မဟုတ်ပေ၊ အားလုံးသည် အထက်က ပြောသလို ဖြစ်မည်ကို စိုးရိမ်နေသူများ ရှိကောင်းရှိနိုင်သော်လည်း အာဏာရှင် ပေါက်စ အဖြစ် ဆက်ဒမ်နှင့် ကဒါဖီတို့နေရာ ဆက်ခံလာသော မင်းအောင်လှိုင်ကို စောဒက မတက်ရဲကြ၍ သာ ဖြစ်ပေလိမ့်မည်။

 

လက်ရှိတွင် အမေရိကန်သည် ထိုင်း နှင့် စစ်ဖက် ဆက်ဆံရေး ပြန်လည် အားကောင်းလာစေရန် အတွက် မြန်မာ အရေး အား အခွင့်အရေးကြီး တရပ် အဖြစ် ရှု့မြင်လာနေပြီ ဖြစ်သည်။

 

ထို့အတွက် အမေရိကန်သည် ထိုင်းနိုင်ငံ အတွင်းသို့ ဒုက္ခသည်များ စီးဝင်မလာရေး နှင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး နှင့် ဒီမိုကရေစီ ထောက်ခံသူများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အကူအညီ ပေးသည့် အနေဖြင့် မြန်မာနိုင်ငံ အတွင်း နယ်ခြားဒေသဖက်စီတွင် ကြားခံနယ်မြေ ထူ ထောင်သွားနိုင်ရန် လုံးပမ်းလျက် ရှိနေသည်ဟု သိရသည်။

 

နေပြည်တော်တွင် သောကြာနေ့က ငါးရက်ကြာ ပြုလုပ်မည့် မြန်မာ့တွင်းထွက်များ လေလံတင်ရောင်းပွဲကို စတင်လာခဲ့ပြီ ဖြစ်သည်။ နိုင်ငံခြားငွေ ရရာ ရကြောင်း အဖြစ် ၎င်းတို့လုယက်ယူငင်ထားသော သယံဇာတများကို ထုတ်ရောင်းလာခြင်း ဖြစ်ကြောင်း စစ်တပ်အား အနီးကပ် စောင့်ကြည့်နေသည့် Global Witness ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိလာခဲ့သည်၊ စစ်တပ် လက်ဝေခံ ကရိုနီများ အဆိုပါ လေလံပွဲ တွင် ရောင်းချရသမျှ ၏ ၄၀ - ၅၀% ခန့် အခွန် အဖြစ် ရရှိမည်ဟု ခန့်မှန်းထားသည်။

 

အဆိုပါ ရောင်းရငွေများ ဖြင့် လူထုအား အကြမ်းဖက် နှိပ်ကွပ်ထားရေး ကမ်းပိန်းအတွက် ရံပုံ‌ငွေ ဖြည့်တင်းသွားမည်သာ ဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။

 

ဧပြီလ အတွင်းက ပြုလုပ်ခဲ့သော လေလံပွဲတွင် အမေရိကန် ဒေါ်လာ ၂၂ သန်း ရရှိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ မီဒီယာ များ တွင် ဖေါ်ပြထားခဲ့သည်။

 

တဖက်တွင် လူထုကလည်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ ရံပုံငွေ ရရာရကြောင်း အတွက် နည်းလမ်းမျိုးစုံ ဖြင့် ကူညီလှုဒါန်းလျက် ရှိနေသည်။

 

ကရင်ပြည်နယ် အတွင်း တောတွင်းတနေရာတွင် အပြီးသတ် ထိုးစစ်ကြီး ဆင်နွှဲရန် PDF တပ်များ အပြင်းအထန် လေ့ကျင့်နေသည့် အကြောင်းများကို ရိုက်တာ သတင်းဌာနမှ ဓါတ်ပုံများ နှင့် ဝေဝေဆာဆာ တင်ပြလာသည်။ (ပုံတွင် ရှု့)

 

ကေအင်ယူ ထိန်းချုပ် နယ်မြေ ထဲတွင် ရှိ လေးကေ့ကော် မြို့သစ်အား အင်အား ၂၀၀ ခန့်ဖြင့် အတင်းဝင်ရောက်လာပြီး ၎င်းတို့အား ဆန့်ကျင်သူများဟု သံသယ ရှိသူများအား ကေအင်ယူနှင့် ပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းအင်အားဖြင့် ပြန်လည် ခုခံခဲ့ရာ စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီး သုံးဦး အပါအဝင် ၁၈ ဦး သေဆုံးပြီး ၈ ဦးကို လက်ရဖမ်းဆီးနိူင်ခဲ့သည်ဟု သိရသည်။

 

ကေအင်ယူမှ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ရာတွင် စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ယုံမက ငြိမ်းချမ်းရေးကိုပါ ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း ဆိုကာ ပြစ်တင်ရှုတ်ချလိုက်သည်။

 

စစ်ကောင်စီ သည် နိုင်ငံအနှံ့တွင် PDF တပ်များ၏ ဟန်ချက်ညီညီ တိုက်ခိုက်နေခြင်းကြောင့် အကျအဆုံး များလျက် ရှိသည်၊ ထိုသို့ အနေအထားကို မည်သို့မျှ ရေရှည်လက်ပိုက်ကြည့်နေ၍ မဖြစ်တော့၊ တပ်ပြိုကွဲထွက်လာတော့မည်ကို ရိပ်စားမိ၍ ဂမူးရှုးထိုး နှင့် ဝင်ရောက်စီးနင်းလာခြင်း ဖြစ်သည်။

 

ထိုသို့ NCA လက်မှတ်ထိုးထားသော ကေအင်ယူ အား ထိုးစစ်ဆင်နေချိန်တွင် မြောက်ပိုင်းရှိ NCA လက်မှတ်ထိုးထားသော EAOs များအား NCA ကို လက်မှတ် ရေးထိုးထားသည်ကို လိုက်နာကြရန် တိုက်တွန်းနေပြန်သည်။

 

မြဝတီ နှင့် ‌ခြောက်မိုင် ခန့် အကွာအဝေးတွင် ရှိသော ထိုင်းနယ်မြေ အတွင်းသို့ အမြှောက်ကျည်ဆံ တခု ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းများက ဆိုသည်။

 

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ နှင့် အာဏာ သိမ်းအပြီး ပြုလုပ်ခဲ့သော ရွေးကော်အား ကန့်ကွက် ဆန္ဒပြပွဲ များ နှင့် စစ်တပ်ထောက်ခံပွဲများကို ရန်ကုန် အတွက် အသေးစိတ် စီစဉ် ဆောင်ရွက်ခဲ့သူသည် လက်ရှိ လဝက ဝန်ကြီး နှင့် ကြံခိုင်ရေး ပါတီ ဒုဥက္ကဌ ဖြစ်သူ ခင်ရီ ပင် ဖြစ်ကြောင်း ယခင် ဗိုလ်သိန်းစိန်၏ အစိုးရ အဖွဲ့ဝင်ဟောင်း ဦးစိုးသိမ်းက ၎င်း၏ စာအုပ် ဖြစ်သော "ဒုတိယ ဒီမိုကရေစီ အစိုးရ နှင့် မြန်မာနိုင်ငံ" စာအုပ်တွင် ဖွင့်ချရေးသား ထားသည်ဟု ဧရာဝတီ သတင်း ‌တွင် ဖေါ်ပြထားသည်။

 

အလားတူ နေပြည်တော် အတွက် တာဝန်ပေးခြင်း ခံရသူသည် ယခင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင် ဖြစ်သည်ဟု ဆိုသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!