ဒီဂျစ်တယ် မိတ်ကပ် လိမ်းချယ်လာပြီ ဖြစ်သော မန္တလေး

by Hla Soewai - Aug 05 2019

မြန််မာ ဘုရင်တို့ ထီးနန်းစိုက်ခဲ့ရာ နှစ်ပေါင်း ၁၆၂ နှစ် ရှိပြီဖြစ်သော မန္တလေး မြို့ကြီးအား ယခုအခါ Smart City အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက် ရှိနေပြီ ဖြစ်ပါတယ်။

AI နည်းပညာ သုံး ဆော့ဖ်၀ဲယား များ နဲ့ ဒရုန်းများ ဖြင့် မှိုတက်နေသော ဖိုင်များ၊ ဖောင်တိန် ဘော့ပင်များ နဲ့ မြင်တွေ့နေကျ အစိုးရ ရုံးများရှိ လေးလံ ထိုင်မှိုင်းနေတဲ့ ဗြူရိုကရေစီ စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

မြို့နေ ပြည်သူ များ အဖို့ အစိုးရ အဆက်ဆက် အုပ်ချုပ်သူများကို ကိုယ်တိုင် ကိုယ်ကျ စကားပြောဖို့ မဆိုထားဖိ သူတို့ရှေ့တွင် ဖြတ်သွားနေကျ မှန်အလုံပိတ် ကားမည်းကြီးများကို သာ လှစ်ကနဲ သာ မြင်တွေ့ခွင့် ရခ့ဲကြသူများ ဖြစ်ပါတယ်။

ယခုအခါ မြို့တော်၀န် နဲ့ ဖေ့ဘုတ်စ် မှ တဆင့် တိုက်ရိုက် ထိတွေ့ မေးမြန်းနိူင်ပြီး ပေးဆောင်စရာ ရှိသည်များကို QR code နဲ့ ပေးချေနိူင်ပြီ ဖြစ်ပါတယ်။ ဒီလို စနစ်မျိုး ရန်ကုန်မှာ မရှိသေးပါဖူး၊ အမှိုက်သိမ်း စနစ်ကိုလည်း GPS နဲ့ ခြေရာခံ နိူ်င်ပြီး ယာဉ်သွားယာဉ်လာ များကို အေ၀းမှ sensor နဲ့ ထိမ်းချုပ်နိူင်ခဲ့ပါတယ်။

ဤသည်ကလည်း စစ်အစိုးရ လက်အောက် အကျင့်ပျက် ခြစားမှုများ၊ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှု များ ထူပြောနေတဲ့ စည်ပင်သာယာ အဖြစ်ကနေ အရပ်သားများ ဦးဆောင်ပြီး စီမံချက်များကို ဦးဆောင်ဦးရွက် ပြုလာနိူင်တဲ့ စည်ပင်သာယာ ကော်မီတီ အဖြစ် ရုန်းထွက်လာနိူင်ခဲ့ပါတယ်။

အဆိုပါ အပြောင်းအလဲများအား ဒေသတွင်း မီဒီယာ များ နဲ့ ပြည်ပနေ မြန်မာတို့ရဲ့ အထူး ချီးကြူးမှုကို ရရှိလာခဲ့ပါတယ်။ မြို့တော်၀န်ကိုပင် ပြည်ပနေ မြန်မာများ အဖွဲ့တခုက နိူင်ငံသားကောင်းဆု ချီးမြှင့်ခံရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ မြို့တော် စည်ပင် သည် လျင်မြန်စွာ တိုးတက် ပြောင်းလဲလာနေတဲ့ နည်းပညာများကို အမှီလိုက်နိူင်ယုံမက အခွင့်အရေးများကို အမိအရ ဖန်တီးပေးနိူင်ခဲ့ပါတယ်။

ထုံးစံအတိုင်း အပြောင်းအလဲများက ဆန့်ကျင်တွန်းလှန်မှု များ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ယခင် ဗြူရိုကရေစီ စနစ်ဟောင်းကို ဖက်တွယ်ထားလိုသူများ နှင့် စမတ် နည်းပညာများဖြင့် နိူင်ငံသားတို့ကို စောင့်ကြည်နေနိူင်တာကို စိုးရိမ်မကင်း ဖြစ်နေတယ် ဆိုသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုများ ပါ၀င်နေပါတယ်။

၂၀၁၈ ဧပြီလအတွင်း ထိုစဉ်က အာဆီယံ ဥက္ကဌ ဖြစ်လာတဲ့ စင်္ကာပူ သည် ဒေသတွင်း “စမတ်စီတီး ၂၆ ခု” ဖန်တီးပြီး ကွန်ယက်သဖွယ် တည်ထောင်ဖို့ အဆိုပြုလာခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ ကျေးလက်ဒေသများမှ လူများ မြို့တော်များဆီ ရွှေ့ပြောင်းနေထိုင်လာကြတဲ့ အတွက် အခက်အခဲများ ဖြင့် ရင်ဆိုင်လာနေရမှုများကို နည်းပညာ များ ဖြင့် ရင်ဆိုင် ဖြေရှင်းသွားနိူင်ရေး ပဲ ဖြစ်ပါတယ်။

ထိုအစီအစဉ်များ မှာပါတဲ့ နည်းပညာများကို အသုံးပြုပြီးနေပြီ ဖြစ်တဲ့ မန္တလေးကို စမတ်စီတီး အဖြစ် ရွေးချယ်လာခဲ့ကြပါတယ်။ ရန်ကုန်ကတော့ ဒီနေရာမှ မန္တလေး ရဲ့ နောက်မှာ ကျန်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ရန်ကုန် မြို့ကြီးကတော့ ပြဿနာများ ဖြင့် နပမ်းလုံးနေရဆဲ ဖြစ်ပါတယ်။ သောက်သုံးရေများ ညစ်ညမ်းခြင်း၊ ယာဉ်သွားယာဉ်လာများ ပိတ်ဆို့ ကြပ်ညပ်လာခြင်း၊ လမ်းများက ကျင်းများ ချိုင့်များ အပြင် အမှိုက်သရိုက်များ နဲ့ ပြန့်ကျဲလာနေတယ်လို့ မြို့နေလူထုက ငြည်းညူနေဆဲ ဖြစ်ပါတယ်။

မန္တလေးကို အခုလို ပြုပြင်ပြောင်းလဲအောင် လုပ်လာနိူင်ခဲ့သူက မြို့တော်၀န် ဦးရဲလွင် လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကု ဆရာ၀န်ကြီး အဖြစ်မှ မြို့တော်၀န အဖြစ် ရောက်ရှိလာတဲ့ ဦးရဲလွင်က မြို့တော်ကို နှစ်နှစ် အတွင်းမှာ အခြေအနေတွေကို ပြောင်းပြန် လှန် ပြစ်နိူင်ခဲ့တယ်လို့ ဆိုပါတယ်။ နေ့စဉ် သူ့ဖေ့ဘုတ် ပေါ် ၀င်လာတဲ့ များပြားလှတဲ့ ကွန်မန့်များ ကို ဖတ်ရှု့ပြီး လုပ်သင့်သည်များ လုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းများနဲ့ နေ့စဉ်လို အလုပ်များနေသူ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရေးသားခဲ့တဲ့ ရိုက်တာ သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခွင့် ရဖို့ တောင်းဆိုမှု ကို ဦးရဲလွင်က ငြင်းဆိုခဲ့ပါတယ်။

အမှိုက်သရိုက် အညစ်အကြေးများ ကို စီမံခန့်ခွဲနိူင်ဖို့ အာရှ ဖွံ့ဖြိုးရေး ဘဏ်က ငွေကြေး ထောက်ပံ့မှုတွေ ရှိနေသော်လည်း အဓိကကတော့ အခွန်အကောက်က ရရှိတ့ဲ ငွေများနဲ့ ပံ့ပိုး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် ကို လေ့လာ တိုင်းတာ နိူင်ဖို့ 3D သုံး ဒရုန်း တွေက မြို့ပေါ် အနှံ့ ၀ဲပျံနေပါတယ်။ စည်ပင်သာယာ အရာရှိ များ ကလည်း GPS များဖြင့် မြို့အနှံလည်လည်နေပြီး မြို့တော်နေ အိမ်ထောင်စု များ အကြောင်း ပိုမိုသိရှိနိူင်ရေး နဲ့ အခွန်အကောက် ပေးဆောင်သင့်သော စီးပွားရေး လုပ်ငန်းများ ကို စာရင်းကောက်ယူနေခဲ့ကြပါတယ်။

၎င်းတို့က သြစတေးသျ လုပ် ယာဉ်အသွားအလာ ထိမ်းချုပ်မှု စနစ် များ နဲ့ အိမ်တအိမ်ရှေ့ကို ဖြတ်သွားယုံနဲ့ လျပ်စစ်မီတာ ပေးဆောင်ရမည့် ပြေစာ ကို ထုတ်ယူနိူင်တဲ့ ကရိယာ များကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

သို့သော် အခက်အခဲများက ရှိလာခ့ဲပါတယ်။ အမှိုက်သိမ်း ထရပ်ကားများကို ခြေရာခံနိူင်မယ့် GPS များ တပ်ဆင်ပေးခ့ဲသော်လည်း ထရပ်ကား မောင်းသူ အချို့က ၎င်းကိရိယာ များ အပေါ် ရေများ လောင်းပြီး ပျက်စီးအောင် လုပ်ခဲ့မှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

ထိုအပြင် နောက်ထပ် ပြဿနာ တခုက တက်လာခဲ့ပြန်ပါတယ်။ မန္တလေးစည်ပင်သာယာ နဲ့ တရုတ် နည်းပညာ ကုမ္ပဏီ ဟွာေ၀း တို့မှ ဒေါ်လာ ၁.၂၄ သန်း အကုန်အကျခံမယ့် မြို့တော်အား လုံခြုံစိတ်ချရအောင် ပြုလုပ်ရေး စီမံချက်ကို ပူးတွဲ အကောင်အထည် ဖေါ်မယ့် အရေး အား ေ၀ဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ စီမံချက်အရ လူမျက်နှာအား သရုပ်ခွဲ သိရှိစေမည့် နည်းပညာ သုံး CCTV ကင်မရာ တွေ တပ်ဆင်မယ့် အရေး အား အစိုးရမှ နိူင်ငံရေး အရ တက်ကြွလှုပ်ရှားသူများအပေါ် စောင့်ကြည့်ရာတွင် အသုံးပြလာမှာကို စိုးရိမ်မိတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

သို့သော် မန္တလေး စည်ပင် နဲ့ ဟွာေ၀းတို့ ယခုအချိန်အထိ တရား၀င် လက်မှတ်ရေးထိုးခြင်း မရှိသေးဖူးလို့ ဟွာေ၀း (မြန်မာ) ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က အတည်ပြုခဲ့ပါတယ်။

အဆိုပါ စီမံချက် ကို အကောင်အထည် မဖေါ်မီ ပုဂ္ဂိုလ်ရေး အချက်အလက်တွေနဲ့ စပ်လျင်းတဲ့ ဥပဒေ အခြေခံ များ အရင်ရှိသင့်တယ်လို့ မန္တလေး စည်ပင်မှ တာ၀န်ရှိသူတဦးက ဆိုပါတယ်။

မိမိတို့၏ ရည်မှန်းချက်သည် ပြည်သူများ အတွက် နေပျော်ယုံမက ပတ်၀န်းကျင်ထိမ်းသိမ်းမှုအား ထိခိုက်စေချင်း မရှိပဲ စီးပွား ရေး လုပ်ကိုင်နိူင်မည့် အခြေအနေများ ဖန်တီးပေးရန်ပင် ဖြစ်တယ်လို့ မန္တလေး စည်ပင်သာယာ အတွက် နည်းပညာ ကျွမ်းကျင်သူ အဖြစ် လုပ်ကိုင်နေတ့ဲ ဦးရဲမြတ်သူ က ပြောပါတယ်။

https://www.facebook.com/ynt.online/