D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၁၂)

by Hla Soewai - Feb 04 2022

ဗီကာရီ ထုတ်ပြလိုက်သော ဓါတ်ပုံ နှစ်ပုံသည် ရော်ဘတ် ပုပ် နှင့် ဒစ်ကီ ဒေါ့ဖ် တို့၏ ပုံများ ဖြစ်သည်။


"ခင်ဗျား ဒီလူနှစ်ယောက်ကို မြင်ဖူးလား"


"သိတ်တော့ မသေချာလှဘူး၊ ဘယ်နေရာလဲတော့ မသိဘူး၊ တနေရာရာမှာ တွေ့ဖူးတယ် ထင်တာပဲ"



ဗီကာရီသည် ဂျော်ဒန် ဖိုင်ကို ဖွင့်လိုက်ပြီး တနေရာကို လှန်လိုက်ရင်းက...


"ခင်ဗျား အခု နေတဲ့ အိမ်အကြောင်း ပြောပြပါဦး"


"အဲ့ဒီ အိမ်ကို ယောက္ခထီး က စစ်မဖြစ်ခင်က ဝယ်ထားခဲ့တာပဲ၊ သူကလည်း လုပ်ငန်းကိစ္စ ကော၊ အလည် သဘောမျိုးပါ လန်ဒန်ကို ခဏခဏ ရောက်နေတော့ ရောက်တဲ့အခါ သက်တောင့်သက်သာ နေလို့ ရအောင် ဆိုပြီး ဝယ်ခဲ့တာ"


'အခြား ဘယ်သူတွေ သုံးသေးလဲ"


"ကျွန်တော် နဲ့ မာဂရက်ပဲ ဥရောပ ကို အပန်းဖြေ ခရီး ထွက်လာရင် သုံးတာပဲ ရှိပါတယ်"


"ခင်ဗျား ‌ယောက္ခထီး ရဲ့ ဘဏ်မှာ ဂျာမန် ရင်းနှီးမြုပ်နှံမှုတွေ ရှိနေလား"


"ရှိနေတယ်၊ ဒါပေမယ့် စစ်ကြီး မတိုင်မီကတည်းက ငွေ ပြန်အမ်းခဲ့ပြီးပါပြီ"


"ငွေ ပြန်အမ်းတာ ကို သူကိုယ်တိုင် ကြီးကြပ်ခဲ့တာလား"


"အလုပ်အတော်များများကိုတော့ ဝေါ်ကာ ဟာဒီဂင် ဆိုတဲ့ လူက လုပ်လေ့ရှိပါတယ်၊ ဘဏ်မှာတော့ သူက ဒုတိယ အကြီးဆုံးပေါ့ဗျာ၊ ဂျာမန် လိုလည်း
မွှတ်နေအောင် ပြောတတ်ယုံမကဖူး အဲ့ဒီနိုင်ငံ အကြောင်းပါ နှိုက်နှိုက်ချွတ်ချွတ် သိထားတဲ့ လူတယောက်ပေါ့"



"သူကကော စစ်ကြီး မဖြစ်မီက ဂျာမဏီ ကို သွားခဲ့တာမျိုးကော ရှိလား"


"သွားပါတယ်၊ အကြိမ်ပေါင်း မရေနိုင်လောက်အောင်ပါပဲ"


"ခင်ဗျားကော အတူ လိုက်သွားဖူးတာမျိုး ကော ရှိလား"


"မသွားခဲ့ဖူးပါဘူး၊ ကျွန်တော့် ယောက္ခမ အလုပ်တွေကို ကျွန်တော် ဝင်မပါတ်သက်ခဲ့ဖူးပါဘူး"


"ဝေါ်ကာ ဟာ‌ဒီဂင်က လန်ဒန်လာရင်ကော အဲ့ဒီ အိမ် မှာ တည်းတတ်လား"


"တည်းချင်လည်း တည်းနိုင်ပါတယ်၊ ကျွန်တော် အသေအချာ တော့ မသိဘူး"


"ခင်ဗျား အဲ့ဒီလူ အကြောင်းကို ဘယ်လောက် အထိ ကောင်းကောင်း သိထားလဲ"


"ကျွန်တော် သူ့အကြောင်း ကောင်းကောင်း သိပါတယ်"


"ဒီအတိုင်းဆို ခင်ဗျားတို့က မိတ်ဆွေရင်းခြာတွေပဲ"


"အဲ့လောက်ထိလည်း မဟုတ်သေးဘူးဗျ'


"ခင်ဗျားက သူ့အကြောင်း ကောင်းကောင်းသိတယ်လည်း ပြောသေးတယ်၊ မိတ်ဆွေ အရင်းအခြာလည်း မဟုတ်ဘူး ဆိုပါလား"


"အဲ့တာ အမှန်ပါပဲ"


"ရန်ဖက် တွေလား"


"ရန်ဖက်ဆိုတဲ့ အသုံးအနှုံး က ပြင်းလွန်းပါတယ်၊ တယောက်နဲ့ တယောက် သိတ်အဆင်ပြေလှတယ် မဟုတ်ဖူး ဆိုယုံ လောက်ပါ"


"ဘာဖြစ်လို့ များပါလိမ့်"


" ကျွန်တော့် အမျိုးသမီးက ကျွန်တော်နဲ့ မဆုံခင်က သူနဲ့ တွဲခဲ့ဖူးတယ်၊ ခုထက်ထိလည်း ကျွန်တော် အမျိုးသမီး အပေါ် စွဲလမ်းနေတုန်းပဲလို့ ကျွန်တော် ထင်တယ်၊ အမျိုးသမီး ဆုံးတော့ သူက အရက်တွေ အရမ်းမူးအောင်သောက်ပြီး ကျွန်တော်‌ အလုပ်ကိစ္စ ဦးစားပေးခဲ့လို့ သေရတာ ဆိုပြီး စွတ်စွဲလာတယ်"


"ကျွန်တော်ကို တယောက်ယောက်က ဒါမျိုး ပြောလာလို့ကတော့ ကျွန်တော် ရန်သူပဲလို့ သတ်မှတ်လိုက်မှာပဲ"


"အဲ့တုန်းကလည်း ဆွဲထိုးပစ်ချင်လောက်အောင် ကျွန်တော် စိတ်ထဲ အတော် ဒေါသထွက်မိသွားတယ်"


"ခင်ဗျားကကော ခင်ဗျား မိန်းမ သေရတာနဲ့ ပတ်သက်ပြီး ခင်ဗျားကို ခင်ဗျား အပြစ်တင်နေခဲ့သလား"


"အေးဗျာ၊ အဲ့လိုမျိုးတော့ အမြဲတွေးနေမိတယ်၊ ကျွန်တော်သာ အဲ့ဒီညက အလုပ်ကိစ္စ အတွက် ညစာစားပွဲ တခု တက်ဖို့ ရှိတာ ကို အတူသွားရအောင် ဆိုပြီး မြို့ထဲ လာဖို့ မခေါ်မိရင် ခုထိ အသက်ရှင်နေမှာပဲ"


"ခင်ဗျား အလုပ်အကြောင်းကော ဝေါ်ကာ ဟာဒီဂင်က ဘယ်လောက်အထိ သိထားလဲ"


"သိထားတာ ဘာမှ မရှိပါဘူး"


"သူက ခင်ဗျားကို တော့ ထူးချွန်တဲ့ အင်ဂျင်နီယာ တယောက်ဆိုတာတော့ သိနေမှာပေါ့"


"သိနေပါတယ်"


"ခင်ဗျားကို လျို့ဝှက် ကိစ္စ အခု အတွက် လန်ဒန်ကို
လွှတ်လိုက်တယ် ဆိုတာလည်း သိနေမှာပဲ"


"သူ့ဖက်က ခန့်မှန်း‌ ကောင်း ခန့်မှန်းလို့ ရနိုင်‌လောက်ပါတယ်"


"ခင်ဗျား အိမ်ကို ရေးတဲ့စာတွေထဲမှာ ပိုးစာပင် စီမံချက် အကြောင်းတွေကော ထည့်ရေးခဲ့ဖူးသေးလား"


"တခါမှ မရေးခဲ့ဖူးပါဘူး၊ စာတွေ အားလုံးကလည်း
ဆင်ဆာ အရင် လုပ်ပြီးမှ ပို့ခဲ့တာပဲ မဟုတ်လား"


"ခင်ဗျား မိသားစု တွေထဲ က တ‌ယောက်ယောက်ကိုများ ပိုးစာပင် စီမံချက်အကြောင်း ပြောပြခဲ့ဖူးလား"


"နိး"


"မိတ်ဆွေထဲက တယောက်ယောက်ကိုကော ပြောပြခဲ့သေးလား"


"နိုး"


"ခုနပြောတဲ့ ရှက်ပတ် ရမ်းဆေး ဆိုတဲ့ လူကိုကော ပြောဖူးသေးလား"


"နိုး"



"သူကကော မေးခဲ့တာမျိုး ရှိလား"


"နောက်သလို ပြောင်သလို မျိုးတော့ မေးခဲ့တာမျိုး ရှိပါတယ်"


"ခင်ဗျား အနေနဲ့ ကက်သရင်း ဘလိတ်ကို ထပ်တွေ့ဖို့ကော ရှိနေလား"


"တွေ့ဖို့လည်း အစီအစဉ် မရှိဘူး၊ တွေ့ချင်စိတ်လည်း မရှိတော့ဘူး"


"အဲ့တာတော့ မဖြစ်နိုင်လောက်ဖူး ကွန်မန်ဒါ ဂျော်ဒန်"


"ခင်ဗျား ဘာတွေ ပြောနေတာလဲ"


"နောက်ကျမှ ဆက်ပြောကြတာပေါ့၊ အခု အတော်လည်း ညဉ့်နက်လှပြီဆိုတော့ အိပ်ကျရအောင်၊ မနက်ကျ တခါ ထပ်ဆက်ကြတာပေါ့"


ဗီကာရီက ထိုင်နေရာမှ ထပြီး ဘုသီ ထိုင်နေသည့် နေရာသို့ လျှောက်လာခဲ့သည်။ ဘုသီ နား နာ ကပ်ပြီး "ကျွန်တော်တို့ ပြောစရာ ရှိတာ ပြောကြရအောင်"


"ကောင်းပြီလေ၊ ဟိုဖက်က အခန်းထဲ သွားကြရအောင်" ဆိုကာ ဘုသီက ထိုင်နေရာမှ ထလိုက်ပြီး
ဗီကာရီ လက်မောင်းကို ကိုင်ကာ ထွက်လာခဲ့ကြသည်။ "ခင်ဗျား ဒီလူကို ကိုင်တွယ်ပုံ ကိုင်တွယ်နည်း ကို ကြိုက်လှသဗျာ၊ ဘုရားရေ..အယ်ဖရက်၊ ခင်ဗျား ဒီလို လူယုတ်မာမျိုး ဘယ်တုန်းကများ ဖြစ်သွားတာပါလိမ့်"


ဘုသီက တံခါးကို ဆွဲဖွင့်လိုက်ပြီး ဗီကာရီ အရင်ဝင်ရန် လက်ဟန်ခြေဟန် ပြလိုက်သည်၊ ဗီကာရီသည်လည်း ဘုသီ ကို ဖြတ်ပြီး အထဲ ဝင်လာခဲ့သည်။


အခန်းထဲတွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်စိကိုပင် သူ မယုံနိုင်သလောက် ဖြစ်သွားခဲ့ရသည်။



အထဲတွင် ရောက်နှင့်နေသော ဝင်စတန် ချာချီက "ဟဲလို အယ်ဖရက်၊ တွေ့ရတာ ဝမ်းသာလှသဗျာ၊ ဒီလို အနေအထားနဲ့ မဟုတ်ပဲ အခြား အချိန်‌မျိုးမှာ အခုလို ပြန်ဆုံချင်သေးသဗျာ၊ ခင်ဗျားကို ဒီက ကျွန်တော် မိတ်ဆွေကြီးနဲ့လည်း မိတ်ဆက်ပေးချင်သေးတယ်၊ အယ်ဖရက်...ဒါက ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ"


ဒွိုက်ခ်ျ အိုင်စင်ဟောင်ဝါက ထိုင်နေရာမှ ထလာပြီး သူ့လက်ကို ကမ်းပေးလိုက်သည်။



*******************************