ဒေါ် အောင် ဆန်း စု ကြည် ဘာဖြစ်ခဲ့လဲ(2)

by Hla Soewai - Aug 12 2019

ရခိုင်ပြည်နယ် အတွင်း နေထိုင်လျက်ရှိသောရိုဟင်ဂျာ ဆိုသူများ၏ ပြသာနာ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံသားများကတော့ တိုင်းရင်းသားအဖြစ် လက်မခံပဲ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီများ အဖြစ်သာ အသိအမှတ် ပြု ခဲ့ကြသည်။

ဒီအတွက် ၁၉၈၂ မှာ ဥပဒေပြဌာန်ုးပြီး ဗြိတိသျ အုပ်ချုပ်ရေး ကာလအတွင်း နိုင်ငံတွင်းဝင်ရောက်လာသူများ ကို နိုင်ငံသား အဖြစ်အသိအမှတ်ပြုရန် ငြင်းပါယ်ခဲ့သည်။ ၁၉၇၀နှစ်များ ကုန်ဆုံးကာနီး နှင့် ၁၉၉၀ ကျော်နှစ်များ အစောပိုင်းကာလတွင် စစ်ဆင်ရေးများ ဆင်နွှဲခဲ့ခြင်းကြောင့် ရိုဟင်ဂျာ သုံးသိန်းကျော်ခန့် တဖက်နိုင်ငံကို  ထွက်ပြေးခဲ့ကြရသည်။

ဗိတိသျ ကိုလိုနီ ခေတ် အတွင်း အိန္ဒိယနွယ်ဖွားများကို အုပ်ချုပ်ရေးဖက်တွင် ထည့်သွင်းလာခဲ့သောကြောင့် မြန်မာတိုင်းရင်းသားတို့ က တောင်အာရှသားများကို ရွံ့မုန်းခဲ့ကြပြီးဖြစ်သည်။ ထို့ အပြင် အင်ဒိုနီရှား နှင့်အာဖဂန် နစ္စတန် တို့ကဲ့သို့ အစ္စလာမ် ဘာသာ လွှမ်းမိုးခံရမည့် အရေးကိုလည်း မြန်မာတို့ စိုးရိမ် ထိတ်လန့် ခဲ့ကြသည်။ 
(ထိုအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် က္ဈန်တော်ကို ပြောပြခဲ့သည်)ရိုဟင်ဂျာ များသည် မူဆလင် လူနည်းစုများဖြစ်ကြသည့်အပြင် အိန္ဒိယ တိုက်မှ လာသူများလည်း ဖြစ်နေပြန်သဖြင့် သူတို့ အဖို့သုံးဆ နှီးပါး မုန်းတီးခံရဖို့ ဖြစ်လာရသည်။ "တကယ်တော့ ဒါတွေ အားလုံးက အာဏာပဲ။ မြန်မာ ဗုဒ္ဓဘာသာတွေ က သူတို့ ပဲ ဆုပ်ကိုင်ထားချင်တာ" ဟု စစ်အစိုးရ၏ နှစ်ပေါင်းများစွာ အကျဉ်းချခြင်း ခံထားရသူ ရိုဟင်ဂျာလူ့ အခွင့် အရေး လူပ်ရှားသူ ဝေဝေနုက ပြောပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘာမားတို့၂၀၁၂ အတွင်း မတွေ့ဆုံဖြစ်သေးမီ လအနည်းငယ် အလိုတွင် ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာဝင် အမျိုးသမီး တဦးအား မူဆလင်များက အဓမ္မ ပြု ကျင့်ခဲ့ကြသည်ဟုစွပ်စွဲလာခဲ့ကြသည်။ ဤသည်ကို လက်တုံ့ပြန်သည့် အနေဖြင့် ရခိုင် ဗုဒ္ဓဘာသာဝင်များက ရိုဟင်ဂျာ များကို တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့
၏ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ နောက်ဆုံးတွင် ရိုဟင်ဂျာ တသိန်းခန့် ဒုက္ခသည် စခန်းများတွင် ခိုလှုံခဲ့ကြရသည်။

ထို့အပြင် အပြင်တွင် ကျန်ရှိနေသော ရိုဟင်ဂျာ ဆိုသူ ၁.၁ သန်း၏ အခြေအနေ သည်လည်း လုံခြုံမှု မရှိ ဖြစ်လာခဲ့ရသည်။ ၂၀၁၆နှစ်ကုန်ပိုင်း နှင့် ၂၀၁၇ နှစ်ဆန်းပိုင်းလောက်တွင် ရိုဟင်ဂျာ သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို ခံခဲ့ကြရသည်။ မြန်မာ စစ်တပ်၏အလွန်အက္ဈံ တုန့်ပြန်ခဲ့မူကြောင့် ရိုဟင်ဂျာ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားမူ နှင့် အတူ ကြောက်မက်ဖွယ်ရာအကြမ်းဖက်ခံရသည် ဆိုသော စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပေသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ထိုသို့သော ရက်စက် ကြမ်းကြုပ်မှုများကို ရပ်တန့်အောင်မယ်မယ်ရရ လုပ်ခဲ့ခြင်း မရှိပေ။ သူမအားစာနာစိတ်ကင်းမဲ့စွာ ဖြင့် ဖာသိဖာသာနေခဲ့သည်ဟု အပြင်ပန်းအားဖြင့် ရှု့မြင်လာသဖြင့် သူမအပေါ် အယုံအကြည် မဲ့လာခဲ့ကြသည်။ ဒေါ်အောင်ဆန်ုးစုကြည်ကဲ့သို့ နှစ်ပေါင်းများစွာ လူ့ အခွင့်အရေး ဂုရုကြီး အဖြစ်
ရပ်တည်လာခဲ့သူသည် သူမအစိုးရမှ ယခုလို ကျုး လွန်မှုများကို အဘယ်အတွက်ကြောင့် လက်ပိုက်ကြည့်နေရပေသနည်းဟူသော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

အနောက်တိုင်းရှိ နိုင်ငံရေးသမားများနှင့်မီဒီယာများကလည်း သူမအပေါ် အပြစ်ပုံချလာကြသည်။ သူမဖက် က ရပ်တည်ကာကွယ်ပေးခဲ့သည့် အဖွဲ့အစည်းများကလည်း
၎င်းတို့ တခါက ပေးထားသော ဆုများကိုပြန်လည် ရုပ်သိမ်းလာကြသည်။ သို့သော်ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမ ဦးတည်ရာ လမ်းကြောင်းကို ပြောင်းဖို့ ငြင်းဆန်
ခဲ့သည်။ "သူမ ကို တခါက အများလေးစားစံပြုစရာ ဖြစ်ခဲ့သည့် ခေါင်းမာမူ နှင့် ပင် သူမ၏ ရပ်တည်ချက်ကို မရွေ့မလျား ကြံကြံ့ခံရပ်တည်ခဲ့သည်" ဟု သူမနှင့် အတူ တွဲလုပ်ခဲ့ဖူးသည့် အနောက်တိုင်း သံတမန်တဦးကက္ဈန်တော်ကို ပြောပြခဲ့သည်။ "သူမကို ဆုများချီးမြှင့် မြှောက်စားခဲ့ခြင်းကို သဘောကျခဲ့သော်လည်း အဆုံးတွင် သူမ၏ လုပ်ရပ်သာမှန်ပြီး အားလုံး မှားသွားခဲ့ပြီ" ဟု ယူဆခဲ့သူဖြစ်သည်ဟု ဆိုသည်။

အိုဘာမား အစိုးရ အဖွဲ့တွင် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေးအဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ပေါင်း
များစွာ က္ဈန်တော် တွေ့ဆုံ ဖြစ်ခဲ့သည်။ သူမ၏ရန်ကုန်အိမ်တွင်ကော၊ လွှတ်တော် ရုံး ခန်းတွင်ကော၊ နေပြည်တော်ရှိ သူမအိမ်၌ပါမက ဝါရှင်တန်တွင်ပါ ဆုံဖြစ်ခဲ့သည်။ ထို့အတွက် သူမ၏ လူ့ အခွင့်အရေးဘက်မှအခိုင်အမာ ရပ်တည်ပေးခဲ့မှုသည် ရိုးသားမူ ရှိကြောင်း က္ဈန်တော် ယုံကြည်ခဲ့ပြီးလည်းဖြစ်သည်။ ထိုအချိန်ကတည်းကသူမပြောသည်များကို လူများ ယုံကြည်လာအောင်တြင်သာမက သူမအေပါ် ယုံကြည္မှူ ရွိလာစေရန် ပြုလုပ်နိုင်စွမ်းရှိသူလည်း ဖြစ်သည်။အနောက်တိုင်းရှိ လူတော်တော်များများသည်လည်း သူမအား ကယ်တင်ရှင်တဦး အဖြစ်သူကောင်းပြုရန် လိုလိုလားလားရှိခဲ့ကြသည်ုပြန်စဉ်းစားမည်ဆိုက သူမတွင် စိတ်ကူးစိတ်
သန်းများ ဖြန့်ကျက်လိုက ဖြန့်ကျက်နိုင်ခြင်း၊ မိမိယုံကြည်ရာ ကို ပြောင်းလဲအောင် တိုက်ပွဲဝင်နိုင်ခြင်း၊ နိုင်ငံရေးသမား ပီသစွာ စွမ်းဆောင်နိုင်ခြင်း၊ ခေါင်းအေးအေး နှင့် လက်တွေ့ကျကျ တွေးခေါ်တတ်ခြင်း အစရှိသည်မြောက်မြားလှသော အရည်အချင်းများ ပိုင်ဆိုင်ထားပြီး ဖြစ်သည်ကို သတိထားမိနိုင်သည်။

"နိုင်ငံ အတွက် ဒုတိယမြောက် အရေးတော်ပုံကြီး" ဟု သူ့အား အမြဲပြောလေ့ရှိသည်ဟုသံအမတ်ကြီး ဒဲရစ် မစ်ချယ်က က္ဈန်တော်ကိုပြောပြခဲ့ဖူးသည်။

ဖခင်၏ သမီး
မြန်မာနိုင်ငံတွင် သူမ နှင့် သူမအပေါ် လူထု၏ ညြတ်နူးမှု ကို နားလည်နိုင္ဖို့ အဓိက သိထားရမည့် အချက်က သူမသည် အောင်ဆန်း၏ သမီး ဖြစ်နေခြင်း ဆိုသည်ပင် ဖြစ်သည်။

အောင်ဆန်းသည် ခေတ်မှီ မြန်မာတပ်မတော်ကို ၁၉၄၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။မြန်မာနိုင်ငံကို ဗြိတိသျ ကိုလိုနီ လက်အောက်မှ ရုန်းထွက်ရန် ဂျပန်တို့ နှင့် လက်တွဲပြီး တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဂျပန်တို့၏ အုပ်စိုးလာမူ ကို ဗြိတိသျ တို့နှင့်အတူတိုက်ခိုက်ခဲ့ပြန်သည်။ မြန်မာလွတ်လပ်ရေးကိုလည်း ဗြိတိသျ တို့ နှင့် စေ့စပ်ဆွေးနွေးပြီးအရယူပေးနိုင်ခဲ့သည်။ နိုင်ငံရှိ အကွဲကွဲ အပြားပြား ဖြစ်နေသော နိုင်ငံရေး အုပ်စုများနှင့် တိုင်းရင်းသားများကို တစည်းတလုံတည်းဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိသူ အဖြစ်လည်း ရှု့မြင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်အသက် ၃၂ နှစ် အရွယ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မော်စီတုံး၊ ဂျဝါဟာလာနေရူး၊ ဆူဟာတို့ တို့ ကဲ့သို့ အာဏာကြောင့်သေးသိမ်သွားခဲ့ရသည့် အဖြစ်သို့ မရောက်ခဲ့ပေ။ မြန်မာသည် ပြည်တွင်းစစ်ဒဏ်၊ အာဏာရှင်စနစ် ဆိုး တို့ကြောင့် တဖြေးဖြေး လုံးပါး ပါးလာခဲ့သော်လည်း အောင်ဆန်းသည်ကားစာရိတ္တ မဏ္ဍိုင်ကို မြဲမြံအောင်ကျင့်ကြံခဲ့သူ၊ လွတ်လပ်ရေး၏ အသီးအပွင့်များ မခံစားခဲ့ရမူများ၏ သင်္ကေတ ပြယုဒ် တရပ် အဖြစ် အမြဲ
ရပ်တည်သွားနိုင်ခဲ့သည်။

ဆက်လက်တင်ပြပါမည်