ဒေါ် အောင် ဆန်း စု ကြည် ဘာဖြစ်ခဲ့လဲ(3)

by Hla Soewai - Aug 12 2019

ဖခင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အချိန်ကား သူမသည် အသက်အရွယ်အားဖြင့်၂ နှစ်သာ ရှိပေသေးသည်။ အိန္ဒိယတွင်ကျောင်းဆက်တက်ခဲ့သည်။ ထို့နောက်အောက်စဖို့ တက္ကသိုလ်ကြီးတွင် ပညာဆက်လက် ဆည်းပူးရင်း ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် နှင့် ဆုံဆည်းခဲ့ရသည်။ သားနှစ်ယောက် ထွန်းကားခဲ့ပြီး အင်္ဂလန်တွင် အခြေချနေထိုင်ရင်း မြန်မာစာပေ ဖြင့် ဒေါက်တာဘွဲ့ ကို ရ ယူရန် ပြင်ဆင်လာခဲ့သည်။ ၁၉၈၈နွေဦးကာလ တွင် မိခင်ကြီး နာမကျန်း ဖြစ်ခဲ့သောကြောင့် ရန်ကုန်သို့ ပြန်လာခဲ့သည်။

ထိုအချိန်၌ ကျောင်းသားများက မြေအောက်လူပ်ရှားမူ နှင့် အတူ လူထု ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ရန် အပူတပြင်း လူပ်ရှားနေချိန်လည်း ဖြစ်ပေသည်။ အစိုးရ၏ ဖိနှိပ်အုပ်ချု ပ်မှုများနှင့် အတူ ပြည်သူများ၏ ခ္ဈေးနဲစာဖြင့်စုဆောင်းငွေများ ကို မီးရှို့ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားအောင် လုပ်ခဲ့သည့် ငွေကြေး မူဝါဒ များအပေါ် မခံမရပ်နိုင်အောင် အမျက်ဒေါသ ထွက်လာခဲ့ကြသောကြောင့်လည်း ဖြစ်သည်။ ထိုသို့ လူပ်ရှားလာမှုများကို စစ်အစိုးရ က အင်အား သုံး တုန့်ပြန်လာခဲ့သည်။ လမ်းပေါ်ထွက်လာသောကျောင်းသားများကို ပြစ်ခတ်နှိမ်နှင်းခဲ့ပြီးတက္ကသိုလ်များကို ပိတ်ပြစ်လိုက်ကြသည်။

ဒဏ်ရာရသူများက ဆေးရုံသို့ တဖွဲဖွဲ ရောက်လာ နေသည်ကို မိခင်ကြီးကို ပြုစု စောင့်ရှောက်ရန် ရန်ကုန် ဆေးရုံကြီးသို့ ဝင်ထွက်နေရသော ဒေါ်အောင်ဆန်းစုကြည် က မြင်တွေ့.နေခဲ့ရသည်။ ထို့ အတွက် စစ်အစိုးရ၏ရက်စက်ကြမ်းကြုပ်မူ များကြောင့် ပြည်သူများသွေးမြေကျခဲ့ရသည့် မြင်ကွင်းများကို အနီးကပ် မြင်တွေ့ခွင့်ရအောင် ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ရပေတော့သည်။

၎င်းတို့ ချစ်မြတ်နိုးသော အမျိုးသား ခေါင်းဆောင်ကြီး၏ သမီး ဖြစ်သူ ပြန်ရောက်နေသည်ကို သိလာကြသည့်အခါ ယခု ၈၈ မျိုးဆက်သစ်များဟု ထင်ရှားလာမည့်ကျောင်းသားများက သူမအား ချည်းကပ်လာခဲ့ကြသည်။ သူမနှင့် တက္ကသိုလ် ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံခဲ့ကြသည့် ထို ကျောင်းသားများထဲတွင် အောင်ဒင်လည်း ပါဝင်ခဲ့သည်။ "သူက အတော်လေးကို ထက်ထက်မြက်မြက်ရှိတယ်ဗျ၊ က္ဈန်တော်တို့ တွေ့ခဲ့ဖူးတဲ့နိုင်ငံရေးသမားတွေနဲ့ တော့ တခြားစီပဲဗျာ၊အဲ့ဒီတုံးက သူမှာတိုင်းပြည်ကို ချစ်တာကလွဲလို့ အခြား ဘာအစီအစဉ်မှ မရှိသေးဗူးဗျ၊"ဟုအောင်ဒင်က က္ဈန်တော်ကို ပြောပြခဲ့သည်။

ရွှေတိဂုံဘုရား အနောက်ဖက် မုဒ်တွင် လူထုကို မိန့်ခွန်းပြောရန် သူမက သဘောတူလိုက်သည်။ သူမပြောသည်ကို နားထောင်ရန် လူငါးသိန်းခန့် စုဝေးရောက်ရှိလာခဲ့ကြသည်။ ဖခင်ကြီး၏ ဓါတ်ပုံ ပန်းချီကားချပ်ကြီး ရှေ့တွင် မားမားရပ်ရင်း မြန်မာနိုင်ငံရေး သမိုင်းတွင် တင် ကျန် ရစ်ခဲ့မည့် စကားများကို ပြောကြားသွားခဲ့သည်။ 

"ဖေဖေရဲ့ သမီးတယောက်အနေနဲု့ဖြစ်ပျက်နေတာတွေကို မသိချင်ယောင် ဆောင်နေလို့ မဖြစ်နိုင်ပါဖူး။ ယခုပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းကြီးက ဒုတိယအကြိမ် လွတ်လပ်ရေး အတွက် ရုန်းကန်ကြဖို့ တောင်းဆိုနေတာပဲဖြစ်တယ်"။ 

သူမ၏ ဒီမိုကရေစီ တောင်းဆိုလိုက်မူ နှင့်အတူ ကျောင်းသားလူပ်ရှားမှုကြီးစတင်လာပြီး သူမသည်လည်း ကျောင်းသားတို့အတွက် သူရဲကောင်း တဦးအဖြစ် ထွက်ပေါ်လာခဲ့ပေတော့သည်။

စစ်အစိုးရ က လူထုလှုပ်ရှားမူကြီးကို ဖြိုခွဲလာခဲ့သည်။ ကျောင်းသားများကို ရိုက်နှက်ဖမ်းဆီးပြီး အချို့ သတ်ဖြတ်ခံခဲ့ရသည်။ ၁၉၈၉ဧပြီလတွင် အောင်ဒင်အား ဖမ်းဆီးလိုက်ပြီးတိုက်ပိတ်ချုပ်နှောင်လိုက်ကြသည်။ ထိုအချိန်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ ဆန့် ကျင်ရာတွင် အဓိက အခန်းမှ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ ၁၉၉၀ တွင် ကျင်းပပေးမည်ဟု စစ်အစိုးရ ကတိပေးထားခဲ့သည့်ရွေးကောက်ပွဲ မတိုင်မီ ကာလများတွငသူမသည် နိုင်ငံတဝှမ်းသို့ ခရီးဆန့်ခဲ့ပြီး ရောက်လေရာတွင် မိန့်ခွန်းများ ပြောခဲ့သည်။ ဓနုဖြူ မြို့တွင်တော့ သူမကို ပြစ်ရန် သေနတ်မောင်းပေါ်ကို လက်တင်ထားပြီး အသင့်အနေအထားဖြင့် တန်းစီရပ်နေသော စစ်သားများနှင့်
ရင်ဆိုင်လာခဲ့ရသည်။ သူမအား ပြန်လှည့်ရန် အမိန့်ပေးခဲ့သည်။ သူမအား ပြစ်ရန်အမိန့်ပေးထားခဲ့ပြီး ဖြစ်သော်လည်း သူမက စစ်သားများရှိရာသို့ တလှမ်းချင်း လျောက်လာခဲ့ပြီး ရှေ့ဆက်သွားခွင့်ပြုရန် တောင်းဆိုလိုက်သည်။ စစ်သားများက နောက်ဆုံးတွင်အလျော့ပေးခဲ့ကြရသည်။ အောင်ဆန်း၏ သမီးက အာဇာနည် ဖြစ်မသွားခဲ့ပေ။

၁၉၉၀ တွင် အင်အယ်ဒီသည် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့သည်။သို့သော် စစ်အစိုးရက ထွက်ပေါ်လာသောရလာဒ်များကို ပေလျကံ ပြုခဲ့ပေသည်။ နောက်နှစ် နှစ်ဆယ် အတွင်း သူမသည်လည်းအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် စစ်အစိုးရ၏ အကျဉ်းသားဘဝဖြင့်နှစ်အတော်များများ နေထိုင်သွားခဲ့ရသည်။ စစ်အစိုးရ က သူမအား အနောက်၏ လက်ကိုင်ဒုတ် အဖြစ်သာမက ပြည့်တန်ဆာမတဦး နီးပါး ပုံဖေါ်ပြီး အပုတ်ချ ဝါဒဖြန့် စစ်ဆင်ရေး ကို ဆင်နွှဲလာခဲ့ကြသည်။ မြန်မာပြည်သူများအားလည်း သူမ၏ နာမည် အပြည့်အစုံ ခေါ်မိပါက ရာဇဝတ်မှု တခုအလား ယူဆလာစေသည့်အထိ ပြု မူလာခဲ့သဖြင့် လူများက "လေဒီ" ဟု အစားထိုးခေါ်ဝေါ်ခဲ့ကြသည်။ မြန်မာ နယ်နမိတ်၏ ပြင်ပ တွင်တော့ သူမ၏ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့မှုများကြောင့် လျမ်းလျမ်းတောက် ဖြစ်လာနေချေပြီ။ စစ်အစိုးရမှလည်း သူမအားအင်္ဂလန်သို့ ပြန်ခွင့်ပြု မည်ဟု ထပ်တလဲလဲကမ်းလှမ်းလာခဲ့မှုအားလည်း ငြင်းဆန်ခဲ့ပြန်သည်။ အင်တာနက်လည်း ပျံ့နှံ လာနေပြီ ဖြစ်၍ တောင်အာဖရိက၏ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု ကို ပုံတူ ကူးယူကာ ဒီမိုကရေစီအရေး တက်ကြွလူပ်ရှားသူများက သူမပါတ်ဝန်ုးကျင်တွင် တံတိုင်းကြီးသဖွယ် ဝန်ုးရံပေးခဲ့ကြသည်။ ထိုဖြစ်စဉ်ကို မြန်မာတတ်သိပညာရှင်တဦးက "Organizational Superstructure" ဟု ကင်ပွန်းတပ်ခဲ့ဖူးသည်

ဒါးရက် မစ်ချယ်က သူမနှင့် ပထမဆုံးအကြိမ် စတင် ဆုံစည်းခဲ့သည့် အချိန်က၁၉၉၅ တွင် ဖြစ်သည်။ နိုင်ငံတကာ အကျိုးဆောင် အဖွဲ့ကြီး ဖြစ်သော National Democratic Institute တွင် ဝင်ရောက် လုပ်ကိုင်နေစဉ်လည်း ဖြစ်သည်။ အင်ယားကန်စပ်တွင် မေးတင်ထားသော သူမ၏ အိမ်ဧည့်ခန်းတွင် ထိုင်ဖြစ်ခဲ့သည်။ တည်ငြိမ်လှသည့် အင်ယားကန်ကြီးအား သူမကို ဖမ်းဆီးချုပ်နှောင်ရန် တခါက အမိန့်ပေးခဲ့ဖူးသည့်အာဏာရှင် နေဝင်း အိမ်အပါအဝင် လူသိများထင်ရှားသူတို့၏ အိမ်များက ဝိုင်းရံထားပြန်သည်။


"က္ဈန်တော် အနေနဲ့ ဒီမိုကရေစီ ကို သူ ပါဝင် ပါတ်သက်နေတာကို က္ဈန်တော် စိတ်ဝင်စားမိတယ်။ သူရဲ့ လုပ်ရပ်တွေကြောင့်က္ဈန်တော်တို့လညိး ဒီလှုပ်ရှားမှုကြီးရဲ့ တစိတ်တပိုင်း ဖြစ်လာသလို ထင်လာမိတယ်မယုံနိုင်လောက် အောင် အပြင် စိတ်မကောင်းလည်း ဖြစ်ရလောက်အောင် ပြိုလဲနေတဲ့ နိုင်ငံကို မယုံကြည်နိုင်လောက်အောင်ကို စိတ်ဓါတ်မာကျောတဲ့ လူတဦးက ပြန်ပြီး တည့်မတ်ပေးနေတာပါလား ဆိုတဲ့ အသိတရားတွေ ဝင်လာရတယ်။ ဒီတော့ လူတိုင်းရဲ့ စိတ်ထဲမှာ သူ့ကိုဘယ်လို ကူညီနိုင်မလဲ။ ကူညီမှ ဖြစ်မယ်ဆိုတဲ့ စိတ်တွေ ဝင်လာကြတော့တာပဲ" ဟုမစ်ချယ် က သတိတရ ပြန်ပြောင်းပြောပြခဲ့သည်။

"ကျမတို့ ကို မေ့မသွားပါနဲ့ ဦးနော်။ အခုမှ လွတ်လာကာစ ရှိသေးတော့ အခုကမီးမောင်းတွေ ထိုးနေတဲ့ အချိန်မို့လို့ပါ"ဟု သူမက မစ်ချယ်ကို ပြောခဲ့ပြန်သည်။

သူမ ပြောခဲ့သည်က အမှန်ပင်။ ၁၉၉၀ ကျော်ကာလများတွင် တရိပ်ရိပ်တက်လာနေသောဒီမိုကရေစီ ရေလိုင်းကြီးက မြန်မာနိုင်ငံသို့ရောက်မလာခဲ့ပေ။ ၁၉၉၉ တွင် ခင်ပွန်းဖြစ်သူ ကင်ဆာရောဂါ ဖြင့် ဗြိတိန် တွင် ကွယ်လွန်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူနှင့် အတူရှိနေရန် ငြင်းဆန် ခဲ့ပြန်သည်။ သူမလည်းအကျယ်ချုပ် ဘဝ ပြန်ရောက်သွားခဲ့ရသည်။ တခါတရံ တွင် ပါတ်ဝန်းကျင်နှင့်အတော်ဆိုးဆိုးဝါးဝါး အဆက်ဖြတ်ခံခဲ့ရသည့် အခြေအနေမျိုး လည်း ကြုံတွေ့ရတတ်သည်။ ၂၀၀၃ ခုနှစ် ပြန်လွတ်လာခဲ့စဉ်ကာလအတွင်း စစ်အစိုးရ က အင်အား၁,၀၀၀ ခန့်ရှိ လူဆိုးလူမိုက်များကို လွှတ်ပြီး သူမ လိုက်ပါလာသော မော်တော်ကားတန်းကြီးအား ဝိုင်ဝန်ုး ပိတ်ဆို့ စေခဲ့သည်။သူမလည်း လူရမ်းကားများ၏ အကြမ်းဖက်မှုမှ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သော်လည်း ဒါဇင်ပေါင်းများစွာ အရည်အတွက်ရှိသည့် လူများ သတ်ဖြတ်ခံခဲ့ရသည်။ နောက်တကြိမ် အကျဉ်းချ ခြင်းလည်း ခံခဲ့ရပြန်သည်။

၁၉၉၀ ကျော် နှင့် သက္ကရာဇ် ၂၀၀၀ ကျော်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုသာမက သူမ၏ လွတ်လပ်ခွင့်ပုံမှန် နေထိုင် ပြု မူနေထိုင် နိုင်စွမ်းများ အားလုံး ဆုံးရှုံးခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။သူမ ဘဝလည်း ပျော်ရွှင်စရာများနှင့် အဆုံးသတ်ခွင့် ရှိမည် မရှိမည်ကို ထိုအချိန်က မည်
သို့ မျ သိနိုင်စွမ်းလည်း မရှိခဲ့ ရှာပေ။ ထိုမျသာမကသေး ဖခင်ထူထောင်ခဲ့သည့် စစ်တပ်ကဘယ်အချိန်များ သူမကို အဆုံးစီရင်ကြမည်နည်းဆိုသည်ကို တွေးတောကြောက်ရွံနေနိုင်သည့် အကြောင်းများကလည်း ရှိနေရသည် မဟုတ်ပါလား။ သူမအဖို့က ဇွဲ နှင့်ခံနိုင်ရည်အားကိုသာ အမှီပြု ရပ်တည်ဖို့သာရှိပေတော့သည်။ ထိုသို့ ခံနိုင်ရည်အား ရှိအောင် ဖခင်ကြီးက သူမ ဘဝတွင် အဓိကနေရာက ပံ့ပိုးခဲ့သည့် အကြောင်းများကိုအခုလို ရှင်းပြခဲ့ပြန်သည်။

"တခါတလေ ညဖက် ခြံထဲ ဆင်းပြီး ဟိုဟိုဒီဒီ လမ်းလျောက်။ အိမ်ထဲ ပြန်ရောက်လို့ဖေဖေ ဓါတ်ပုံကို ကြည့်မိရင် ကျမ စိတ်ထဲဖေဖေ နဲ့ နီးကပ်လာတယ်လို့ ထင်မိတယ်။
ဖေဖေရေ..အခုတော့ ကျမ နဲ့ ဖေဖေ က တဖက် သူတို့က တဖက် ဖြစ်နေပြီ" လို့ ကျမ တီးတိုးရေရွတ်ခဲ့မိပါသေးတယ်။

၂၀၁၀ နိုဝင်ဘာလတွင်တော့ ပြည်တွင်းတွင် လူကြိုက်များလာစေရန် နှင့် အမေရိကန်ပြည်ထောင်စု၊ အနောက်အုပ်စုနှင့်ဆက်ဆံရေး ကောင်းမွန်လာစေရန် ရည်ရွယ်ပြီးစစ်အစိုးရ မှ ကနဦး ခြေလှမ်း အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်မှ နောက်တကြိမ် လွှတ်ပေးခဲ့ကြပြန်သည်။ သူမကတော့ သတိကြီးစွာဖြင့် ရှိနေဆဲ ဖြစ်သည်။ ထိုအချိန်က သူမနှင့်တွေ့ရန် ရောက်လာခဲ့သည့် သြစတေးသျနိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ကယ်လ်ဗင် ရပ်အား အစိုးရမှ သူမ၏ လုံခြုံရေးကို အာမ မခံလျင် လွှတ်တော် အမတ်နေရာအတွက်မဲဆွယ်မှု များ လုပ်လိမ့်မည်မဟုတ်ဟု အသိပေးခဲ့သည်။ နောက်ပိုင်းတွင် အစိုးရမှစာတတန် ပေတတန် ဖြင့် ကတိပေးလာခဲ့
သည်။ "အသတ်ခံရနိုင်တယ်ဆိုပြီး ထိတ်လန့်နေပုံရှိတယ်" ဟု ရပ် က မကြာသေးမီကမှ က္ဈန်တော်ကို ပြောပြခဲ့သည်။ နောက်ဆုံးတွင် သူမလည်း ရွေးကောက်ပွဲ ဝင်ဖြစ်ခဲ့ပြီး အနိုင်ရရှိ သွားခဲ့သည်။