ဒေါ် အောင် ဆန်း စု ကြည် ဘာဖြစ်ခဲ့လဲ(4)

by Hla Soewai - Aug 12 2019

အတိုက်အခံ ခေါင်းဆောင်

"ကဲ...ရှင်ဘာပြောချင်လဲ"..သူမ မေးလိုက်သည့် လေသံ က သိသိသာသာ အေးစက်နေသည်။ ထိုအချိန်က ၂၀၁၃ နွေရာသီ ဖြစ်သည်။ သမ္မတ အိုဘာမားမှ သူမအတွက် ရေးပေးလိုက်သောစာကို ယူပြီး မြန်မာပြည်သို့ က္ဈန်တော်ရောက်လာခဲ့သည့် အချိန်ကဖြစ်သည်။ ဖြု ဖွေး သစ်လွင်နေသော စာအိပ်က စားပွဲပေါ်တွင် မဖွင့်ရသေးပဲအတိုင်းသား ရှိနေသည်။ နေပြည်တော်ရှိ လွှတ်တော်ရုံး ဧည့်ခမ်းမဆောင်တခုတွင် တွေ့ ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

အိုဘာမားက ဦးသိန်းစိန်အားဘဲဥပုံ ရုံးခန်းထဲ ခေါ်ပြီး ကြိုဆိုခဲ့ခြင်းအားအတိုက်အခံ ခေါင်းဆောင်တယောက် အနေဖြင့် ကျေနပ်ခြင်မှ ကျေနပ်မည့်ဖြစ်သည်။ က္ဈန်တော် ရောက်လာရသည့် ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ဆက်လက် တိုးမြှင့်လာနိုင်ရေးအတွက် အဓိက ထား အာရုံစိုက်နေသည့် အိုဘာမား ပေါ်လစီအားထပ်လောင်း အာမခံ ပြောနိုင်ဖို့ ပင် ဖြစ်သည်ဒီမိုကရေစီ အောင်မြင်ဖြစ်ထွန်းလာရေးသည် သူမအပေါ်တွင် တည်မှီနေကြောင်းမြန်မာ ပြည်သူများ က ယုံကြည်ထားကြပြီး
ဖြစ်သည်။

(ဆောင်းပါးရှင် ဘင် ရိုဒ် အား တွေ့ရစဉ်)

မန်မာက အသွင်ကူးပြောင်းရေး ကာလသို့ရောက်ရှိနေခဲ့သည်။ စစ်အစိုးရမှ တိုင်းပြည်ကို တံခါး ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းသည် အနောက်နိုင်ငံများ နှင့် ဒေါ်အောင်ဆန်းစုကြည် ကြောင့်သာ မကတော့ပဲ အခြားအကြောင်းများ ပါဝင်လာခဲ့သည်။ ၂၀၀၈ ခုနှစ် အတွင်း နာဂစ် ဆိုင်ကလုံး ရိုက်ခတ်မှုကြောင့် လူပေါင်း သိန်းချီ၍ သေဆုံးခဲ့ကြယုံ
မျ မက အစိုးရ၏ သုံးစားမရအောင် ညံ့ဖျင်းခဲ့မှုက ဖုံးမရ ဖိမရ ပေါ်လာခဲ့ရသည်။ ထို့အပြင်စင်္ကာပူ နှင့် ဗီယက်နမ်တို့ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ သိသိသာသာချမ်းသာကြွယ်ဝလာနေသည့် အဖြစ်ကို မြင်လာခဲ့ကြပြီး ဒီအတိုင်း သီးခြားနေသည်ထက် ပြင်ပကမ္ဘာနဲ့ဆက်ဆံခြင်းသည် ပို၍ အလုပ်ဖြစ်နိုင်သည်ဟု သဘောပေါက်လာခဲ့ကြသည်။ ထို့အပြင်တရုတ် အပေါ် အလွန်အက္ဈံ မှီခိုလာနေရမူအပေါ် လူထု၏ အမျက်ဒေါသ ထွက်လာနေမှုကလည်း အုပ်ချုပ်သူ များ အပေါ် ဖိအားများ ဖြစ်လာစေခဲ့သည်။

ဦးသိန်းစိန်သည်လည်း တိုင်းပြည်ကို လျော့ပေါ့ပေးလာသည်မှာ မျော်လင့်ထားသည်ထက်ပင် မြန်ဆန်လာနေသည်။ စစ်တပ်ကရည်ရွယ်ထားသည်ထက်ပင် သူက ပိုမြန်နေသယောင် ထင်ရသည်။ ၂၀၁၂ အစောပိုင်းကာလများတွင် နိုင်ငံရေး အကျဉ်းသား အများစုကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်ပတွင် ရှိနေသူများကိုလည်း ပြန်လည် လက်ခံခဲ့သည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုစည်းခွင့်၊အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် အစရှိသည်တို့ကို လေးစားသည့် အရိပ်အယောင်များ တွေ့လာရသည်။တိုင်းရင်းသား လက်နက်ကိုင် တဒါဇင်ကျော်ခန့်နှင့်လည်း အပြစ်အခတ် ရပ်စဲရေး ရဖို့ အောင်မြင်လုနီးပါးအခြေအနေ ရောက်လာခဲ့သည်။ ထိုသို့သောအခြေအနေများကို မြင်လာရသည့် အတွက်အမေရိကန် နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားမှုများကို စတင် ဖွင့်ပေးလာခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်မီ ဦးသိန်းစိန်က တက်သုပ်ရိုက် လုပ်ပြီးနာမည်ကောင်း ဦးအောင် ယူသွားခြင်းသာဖြစ်သည်ဟု မြန်မာပြည်တွင် အခြေစိုက်သည့် နိုင်ငံရေး လေ့လာ ဆန်းစစ်သူ ရစ်ချတ်
ဟိုဆေးက သူ၏ ထင်မြင်ချက်ကို ပြောပြခဲ့သည်။

သို့သော် အဆိုပါ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေး များတွင် ရိုဟင်ဂျာ ဆိုသူများ အရေးကိုကား သိသိသာသာ ချန်လှပ်ထားခဲ့သည်။၂၀၁၃ ခုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေရသေးခင် ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဆိုသူ ဦးစိုးသိမ်းနှင့် ပြောဖြစ်ခဲ့သည်။ က္ဈန်တော်က ရိုဟင်ဂျာ အကြောင်းဖိမေးသည့်အခါ ဦးစိုးသိမ်းကအစိုးရ၏ အစီအစဉ်များကို ပြောလာခဲ့သည်။ ထိုအထဲတွင်တင်းမာမှုများ လျော့ချရေး၊ နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့လို လူသားချင်း စာနာ မူနှင့် ကူညီပေးရေး အဖွဲ့များ ဝင်ရောက်ခွင့်ပြု မည် နှင့်ရိုဟင်ဂျာ ဆိုသူများအား နိုင်ငံသား အဖြစ်လျောက်ထားခွင့် ပြု မည်ဟု ပါရှိခဲ့သည်။သို့သော် ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာသို့အမည်မတပ်မှသာ နိုင်ငံသားကပ် ထုတ်ပေးမည်ဟုလည်း ပြောခဲ့သည်။ ထိုသို့ လုပ်မည့်လူ အနည်းငယ်သာ ရှိပေလိမ့်မည်။ 

"အခြေအနေတွေက အကုန်ဆက်စပ်နေတော့ ရှုပ်ထွေးနေတယ်။ က္ဈန်တော်တို့အနေနဲ့လည်း ဒေသခံ ရခိုင်လူမျိုးတွေနဲ့မြန်မာတွေရဲ့ ရှု့မြင်နေပုံတွေကို ပြောင်းလဲပြစ်လို့ မရဖူး" ဟု ဦးစိုးသိမ်းက ပြောခဲ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည့်အခါ အိုဘာမား အစိုးရ အနေဖြင့် ဒီမိုကရစီအပြည့်အဝ ပြန်လည် ကူးပြောင်းနိုင်ရေးကိုထောက်ခံနေမှာ ဖြစ်သလို တချိန်တည်းမှာစစ်တပ်ကို အရပ်ဖက် ထိမ်းချုပ်မူ အောက်ပြန်ရောက်ရေး အတွက် ဖွဲ့စည်းပုံကို ပြင်ရန်လိုသည့် အကြောင်းပါ ပြောပြခဲ့သည်။ ထို့အပြင် လက်ရှိ တိုင်းရင်းသား အုပ်စုများနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည်လည်းအရေးပါကြောင်းနှင့် ရိုဟင်ဂျာ ဆိုသူများ၏အခြေအနေကို အမေရိကန်က စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း က္ဈန်တော်က အထူးပြု ပြောခဲ့သည်။ "ကျမတို့ ဒါတွေကို ကိုင်တွယ်သွားမှာပါ။ ပထမဆုံးက ဖွဲ့စည်းပုံ ပြောင်းလဲနိုင်ဖို့ ပါပဲ။ ဒီမိုကရေစီ မရသေးပဲနဲ့တော့လူ့ အခွင့်အရေး ဆိုတာ မရနိုင်ပါဖူး" ဟုက္ဈန်တော်ကို ပြန်ပြောခဲ့သည်။ သူမအနေဖြင့်လူ့ အခွင့်အရေး ဖက်တွင် တိုးတက် ဖြစ်ပေါ်လာရေးသည် သူမ အဓိက ထားလုပ်မည့်အစီအစဉ်များနှင့် ခွဲ၍ မရဟု ခံယူထားသူဖြစ်မှန်း သိလိုက်သည်။

သူမနှင့် တွေ့ဆုံဖြစ်ခဲ့သည့် ဆွေးနွေးပွဲတိုင်းတွင် လောကဓံကို ကြံ့ကြံ့ခံနိုင်သည့် အသွင်က သူမ၏ ခန္တာကိုယ် တခုလုံးတွင် ထင်ဟပ်နေသယောင် ရှိသည်။ ခန္တာကိုယ်ကို တည့်မတ်စွာ ထားတတ်ပြီး လှုပ်သည့် အခါတွင်ပင် အားအင်ကို ထိမ်းသည့်အလား ဂရုတစိုက် လုပ်တတ်သည်။ ဟိုအကြောင်း ဒီအကြောင်းများ ရောက်သွားသည့်အခါတွင်တော့ ခန္တာကိုယ် အနေအထား အနည်းငယ်ပြေလျော့သွားဟန် ရှိသည်။ မျက်နှာတွင်အပြုံးရိပ်များ ထင်ဟတ်လာကာ ဖေါ်ရွေသည့်အိမ်ရှင်တဦးအဖြစ် ပြောင်းလဲသွားပြီး အိုဘာမား၏ ခွေးအကြောင်း ရင်းရင်းနှီးနှီး စကားစ လာသည်။ "သူ့ ခွေးလေးတွေက ကျမ ခွေးထက်စာရင်ပိုပြီး လိမ္မာတယ်ရှင့်" ဟု ပြောခဲ့သည်။ သူမ
ကြည့်ရသည်မှာ ကာလကြာမြင့်စွာ မခံစားခဲ့ရသည်များကို အတိုးချ ခံစားနေသလိုမျိုးရှိပုံရသည်။ သူမသည် အိမ်မွေးတရိစ်ဆာန်များနှင့်ပေါခ် ယဉ်ကျေးမူ အပေါ် အတော်နှစ်သက်ခုံမင်ဟန်ရှိသည်။ သံအမတ်ကြီး မစ်ချယ်နှင့်က္ဈန်တော် သူ့ အတွက် ယူလာပေးသည့်Glory ရုပ်ရှင် DVD အခွေကို ရ၍ ကျေနပ်နေသည်။ ထိုရုပ်ရှင်က အမေရိကန် ပြည်တွင်းစစ်ပွဲ အတွင်း အနှိမ်ခံ လူမည်း တပ်ရင်းအကြောင်း ရိုက်ကူုးထားခြင်း ဖြစ်သည်။

က္ဈန်တော်တွေ့ဖူးခဲ့သမျ အစိုးရနှင့် ပါတ်သက်သော လူအနည်းအကျဉ်းထဲတွင်ဒေါ်အောင်ဆန်းစုကြည်လည်း ပါသည်။အင်္ဂလန် ဘုရင်မကြီး၊ ရာအူး ကက်စထရို၊ ဒလိုင် လားမား တို့ အားလုံးသည် က္ဈန်တော်တွေးထင်ထားခဲ့သည့် ပုံစံအတိုင်း မြင်ခဲ့ရသည်။ သူမ၏ နန်းဆန်သော အနေအထိုင်၊သိမ်မွေ့လှသည့် မြန်မာ အဝတ်အစား၊အောက်စဖို့ ကျောင်းထွက်တို့၏ အင်္ဂလိပ်စကားနှင့် ခေါင်းတွင် အမြဲလို တွေ့ရတတ်သည့် ပန်းတပွင့် အစရှိသည်များက လွန်စွာသိမ်မွေ့ နူးညံ့ပြီး သြဇာတက္ကိမ နှင့် ပြည့်စုံသော အသွင် ထင်ဟပ်အောင် ပံ့ပိုးပေးနေခဲ့သည်။ သူ မ သည် အရှေ့နှင့် အနောက်လိုကွာခြားနေသည့် မတူညီသော အနေအထားနှစ်ခုကြားတွင် ခွလျက်ရှိနေပုံရသည်။ အစိုးရအဖွဲ့ တွင် အတွေ့အကြုံ မရှိမယ့် အောင်မြင်ခဲ့သည်။ အကျဉ်းချ ခံခဲ့ရသော်လည်း ယခုလွတ်မြောက်လာခဲ့သည်။ သူမ၏ ခေါင်းမာမှုနှင့် လျပ်တပြက် ဒေါထွက်သည့် အမူအရာများကလည်း"သူမ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေမှာငါလည်း ရှိခဲ့ရင် ဒီလိုမျိုး ဖြစ်မှာပဲ" ဟုအတွေးပေါက်အောင် အားဖြည့်ပေးသလိုသာ ရှိခဲ့သည်။ အကြောင်းအရာတခုကို တိတိကျကျ ရည်ညွန်းခြင်းမရှိပဲ သူမ၏ အတွေးအမြင်များကိုကြုံ ရင် ကြုံ သလို ထပ်တလဲလဲ ပြောဆိုခဲ့မှုများကြောင့် အခြားလူများ အနေဖြင့် သူတို့၏ ကိုယ်ပိုင် အယူအဆများနှင့် သူမအပေါ်တွေးခေါ် ပုံဖေါ်လာစေခဲ့ပြီး ယုံကြည်မှု ရှိလာကာ သူမ၏ အရေးသည်သူတို့၏ အရေးဟု ထင်မြင်ခံစားလာစေ
ခဲ့သည်။

ဆက်လက် တင်ပြပါမည်။