D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၁)

by Hla Soewai - Apr 10 2022

"ကျမ ကလေးဘဝ ကတည်းက လန်ဒန်မှာ နေခဲ့ဖူးတယ်ဆိုတာကို သူက သိနေတယ်၊ ပြီးတော့ အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်တာရယ်၊ သေနတ် ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် ပစ်ခတ် နိုင်တယ် ဆိုတာကိုပါ သိထားပြီးသား၊ ပြီးတော့.,.."

 

 

သူမသည် စကားကို ရှေ့ဆက်မပြောပဲ ခဏရပ်လိုက်ပြန်သည်၊ နျူမန်လည်း ပြီးတော့ ဘာလဲ ဆိုတာ ဆက်မမေးတော့။

 

 

 

"ပြီးတော့ ကျမ ကို ပေးမယ့် တာဝန် နဲ့ အလိုက်ဖက်ဆုံး အနေအထား ရှိနေတယ် ဆိုတာပါ သိထားတယ်၊ ကျမ တယောက်တည်း ဗြိတိန်မှာ ခြောက်နှစ်လုံးလုံး နေလာခဲ့ရတယ်၊ ကျမ မှာ ဘယ်သူနဲ့မှ မဆက်သွယ်ရတဲ့အပြင်၊ မိတ်‌‌ ဆွေ တွေ၊ မိသားစုဝင်တွေ လည်း မရှိ၊ ကုန်ကုန်ပြောရရင် အင်္ဂလန်မှာ ရှိနေပြီးသား အခြားအေးဂျင့်တွေနဲ့တောင် ထိတွေ့ခွင့် မပြုခဲ့ဘူး။ တာဝန် ဆိုတာထက် အကျဉ်းချခံလိုက်ရသလို ပါပဲလေ၊ ဘာလင် ကို ပြန်ပြီး ဗိုဂဲလ်ကို သူသင်ပေးခဲ့တဲ့ နည်းတွေနဲ့ သတ်ပြစ်ချင်တဲ့ စိတ်တွေ အကြိမ်ပေါင်း မရည်နိုင်လောက်အောင်  ပေါ်ခဲ့ဖူးတယ်။"

 

 

"ဒီနိုင်ငံထဲ ဘယ်လိုများ ဝင်လာခဲ့တာတုန်း"

 

 

ဗိုဂဲလ် ခိုင်းသည့် အတိုင်း တ‌သွေမတိမ်းလုပ်ကာ ဝင်လာခဲ့ပုံများကို ပြောပြလိုက်သည်။

 

 

"ဘုရား...ဘုရား" ဟု နျူမန်ထံမှ အာမေဋိတ်သံ ထွက်လာသည်။

 

 

"ဒီလိုမျိုး က ဂက်စတာပို က ပဲ လုပ်လိမ့်မယ်လို့ ရှင် ထင်နေတာလား၊ ဒီထဲ ရောက်ပြီး တလလောက်ကြာအောင် ကျမ ဘဝသစ် တခု တည်ဆောက်‌နေရတယ်လေ၊ အခြေတကျ ဖြစ်ပြီဆိုမှ ဗိုဂဲလ်နဲ့ ဝိုင်ယာလက်စ်က တဆင့် ဆက်သွယ်ဖြစ်တယ်၊ လျို့ဝှက် သင်္ကေတတွေလည်း မသုံးခဲ့ကြတော့ ဗြိတိသျှ တွေ ကျမ ရှိနေမှန်း မသိခဲ့ကြဘူး၊ ကျမ အန္တရာယ် မရှိ၊ လုံခြုံနေတယ် ဆိုတာ ဗိုဂဲလ်က သိထားပြီး လိုအပ်လာရင် သုံးဖို့ မှန်းထားပြီးသား၊ နောက်ဆုံး အဲ့ဒီ ဗိုဂဲလ် ဆိုတဲ့ ကောင် တာဝန်က ကျမ ကို MI-5 လက်ထဲရောက် အောင် တွန်းပို့ပေးလိုက်သလို ဖြစ်သွားတော့တာပဲ" ပြောရင်း ခပ်တိုးတိုး ရယ်လိုက်သည်။ "ဘုရားစူးရပါစေရဲ့၊ ကျမလေ အဲ့လောက် အကြာကြီး နေလာခဲ့ရပြီးမှ ဂျာမဏီ ကို ပြန်တွေ့ရလိမ့်မယ်ကို မထင်ခဲ့တော့တာ"

 

 

"ခင်ဗျားကြည့်ရတာ အိမ် ပြန်ရဖို့ကို သိတ် တက်တက်ကြွကြွ ရှိတာ မတွေ့ရ ပါလား"

 

 

"အိမ်...ဟုတ်လား၊ ဂျာမဏီကို ကျမ အိမ်လို့ ယူဆဖို့က အတော်ခက်နေတယ်၊ ကျမ ကိုယ် ကျမလည်း ဂျာမန် တယောက်လို့ ယူဆဖို့ မလွယ်လှဘူး၊ ဘာဘေးရီးယား တောင်ခြေ စခန်းတခုမှာ ဗိုဂဲလ်က ကျမ အတိတ်ရဲ့ တစိတ်တပိုင်းကို ချေဖျက်ခဲ့ပြီး ပြီလေ"

 

 

"ခင်ဗျား ဘာလုပ်မယ် စိတ်ကူးထားလဲ"

 

 

"ဟိုရောက်ရင် ဗိုဂဲလ်နဲ့တွေ့ပြီး ကျမ အဖေ သက်ရှိထင်ရှား ရှိနေတာ ဟုတ်မဟုတ် သေချာအောင် အရင်လုပ်ရမယ်၊ ပြီးမှ ကျမ ရသင့်ရထိုက်တာတွေ ယူပြီး သွားတော့မယ်၊ ဗိုဂဲလ် က ကျမ အတွက် နောက်ထပ် လူသစ် တယောက် ဖြစ်အောင် စာရွက်စာတမ်းတွေ လုပ်ပေးဦးမှာပဲ၊ ကျမ အနေနဲ့ ငါးနိုင်ငံ လောက်ကို နိုင်ငံသား တယောက် အဖြစ် ကောင်းကောင်း ဝင်ထွက် နိုင်တယ်၊ အစကတည်းက ကျမလည်း ဒီ အလုပ် မျိုး လုပ်ခဲ့ရတာ၊ ကစားပွဲကြီး တပွဲလိုပဲ မဟုတ်လား"

 

 

"ဘယ်ကို သွားမယ် မှန်းထားလဲ"

 

 

"စပိန်ကို ပြန်သွားမယ်၊ ကျမ အလုပ်ကို အစပျိုးခဲ့တဲ့ နေရာကိုပဲ ပြန်မယ်"

 

 

"အဲ့ဒီ အကြောင်းလေးလည်း ပြောပြစမ်းပါဦး၊ ကျွန်တော် အဖို့က အခု ဘုရားသခင်တောင် လက်လျော့ရမယ့် လမ်းမျိုး ကို မောင်းနေရတာ ဆိုတော့ စိတ်ပြောင်းစိတ်လွှဲ ဖြစ်အောင် မေးရတာပါ"

 

 

"အဲ့တာက ပီရနီးစ်မှာ ရှိတဲ့ တောင်ခြေ တနေရာ မှာ ရှိတယ်၊ မနက်ဆို ကျမတို့ အမဲလိုက် ထွက်၊ နေခင်းဆို တောင်တန်း‌ တွေ ရှိတဲ့ဖက်ကို မြင်းစီးကြ၊ အဲ့တောင်ကြားတွေမှာ ရေနက်ပြီး စိမ့်အေးနေတဲ့ စမ်းချောင်းလေး တခု ဖြတ်စီးနေတော့ အင်မတန်ကို သာယာတယ်၊ ကျမတို့ အဲ့မှာပဲ ဝိုင်‌ တွေ သောက်ရင်း ယူကလစ်ပင် ရဲ့ အနံ့လေးရှုလိုက်နဲ့ အချိန်ဖြုန်းနေကြတာ များတယ်၊ ကျမစိတ်ထဲ အထီးကျန် ဆန်လာတဲ့ အခါတိုင်း အဲ့ဒီ နေရာလေးကိုပဲ တွေးနေမိတယ်။ တခါတလေကျ တယောက်တည်း နေလာရတာ ကြာတော့ ရူးသွားမလားတောင် ထင်ရတယ်"

 

 

"ခင်ဗျား ပြောတာနဲ့ကို အတော်လေး သာသာယာယာ ရှိပုံပဲဗျ၊ ခင်ဗျား အတွက် ကူဖေါ်လောင်ဖက် မြင်းထိန်းပေးဖို့ လိုရင် ကျွန်တော်ကို ခေါ်ဖို့ မမေ့နဲ့"

 

 

သူမက နျူမန်အား ကြည့်ရင်း ပြုံးပြလိုက်သည်၊ "ရှင်က အတော်ကို ချီးကြူးစရာ ကောင်းပါတယ်၊ အခုလည်း ရှင်သာ ရောက်မလာခဲ့ရင် ကျမတော့ ဘာဖြစ်သွားမလဲ ဆိုတာ တွေးတောင် မတွေးရဲ လောက်အောင်ပါပဲ"

 

 

"အဲ့တာတွေ ပြောမနေပါနဲ့တော့ဗျာ၊ ကျွန်တော် ကူညီ နိုင်ခဲ့တယ် ဆိုတာ ကြားရတာနဲ့တင် ဝမ်းသာလှပြီ၊ ကျွန် တော် စိတ်ပျက်အောင် ပြောတာတော့ မဟုတ်ဘူးနော်၊ ကျွန်တော်တို့ အန္တရာယ်တွေ ပတ်ပတ်လည် ဝိုင်းနေတုန်းပဲ"

 

 

"ကျမ ကောင်းကောင်း သဘောပေါက်ပါတယ်"

 

 

ပြောရင်းက သူမသည် လက်ထဲက စီးကရက်တိုကို ပြတင်းပေါက် အနည်းငယ် ဟပြီး အပြင်သို့ တောက်ထုတ်လိုက်သည်။ လမ်းပေါ်သို့ ကျသွားပြီး မီးပွားလေးများ လွင့်စင်ထွက်သွားသည်ကို လှမ်းမြင်ရသည်။ ထို့နောက် ခုံကို မှီထိုင်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ သူမ ခန္ဓာကိုယ်ထဲတွင်လည်း စိတ်လှုပ်ရှား များ၊ စိုးရွံ့နေရမှု များ အချိန်အတော်ကြာ ခံစားနေခဲ့ရသဖြင့် အဒရီနယ်ဂလင်းများက တချိန်လုံး အလုပ်လုပ်နေရသည်။ ပင်ပန်းနွမ်းနယ်စ ပြုလာနေပြီ ဖြစ်သည်။ ကားကလည်း တလှုပ်လှုပ် နှင့် သွားနေ၍ မျက်လုံးများ စင်းကာ အိပ်ငိုက်စ ပြုလာသည်။

 

 

"ဗိုဂဲလ်က ခင်ဗျား နာမည်အရင်းကို ကျွန်တော် တခါမှ မပြောခဲ့ဖူးဘူး၊ ဘာတဲ့လဲဗျ"

 

 

"ကျမ နာမည် အရင်းက အင်နာ ကက်ထရီနား ဗွန် စတိန်နား" ဟု ပြန်ဖြေလိုက်သော သူမ အသံ သည် အိပ်ချင်မူးတူး ဖြစ်လာနေသည်။ 'ကျမကို ကက်သရင်းလို့ ခေါ်တာပဲ ပို သဘောကျမိတယ်၊ အင်နာ ဆိုတဲ့ အမျိုးသမီးက အင်္ဂလန် မသွားမီမှာပဲ 

ကပ် ဗိုဂဲလ် လက်ချက်နဲ့ သေသွားခဲ့ပြီ၊ အင်နာ ဆိုတာ မရှိတော့ဘူ၊ သေပြီ"

 

 

"အေးဗျာ...အင်နာ ကက်ထရီနား ဗွန် စတိန်နားလို လှလည်းလှ ထက်ထက်မြက်မြက်လည်း ရှိတဲ့ မိန်းမတယောက် ဘယ်လိုကြောင့်များ ဒီဘဝ ရောက်လာရတာလဲ" 

 

နျုမန် အသံသည် သူမနားထဲတွင် တော့ ရှည်လျားသော လှိုင်ခေါင်း တခု၏ အဆုံးမှ ထွက်လာနေသလို ခံစားနေရသည်။

 

 

"Very good question" ဟု ပြန်ဖြေလိုက်ရင်း သူမလည်း အိပ်ပျော်သွား‌ ပေတော့သည်။

 

 

*******************

 

 

"အိမ်မက်သည်သာ သူမ အဖို့ အတိတ်ကို သတိရစရာများ အဖြစ် ကျန်ခဲ့သည်။ ကာလကြာမြင့်စွာ ကတည်းက သူမ၏ အသိစိတ်ထဲမှ စိတ်လိုလက်ရ ထုတ်ပယ်ထားခဲ့ပြီး ဖြစ်သည်။ အခုအခါတွင်တော့ ထိုပုံရိပ်များက ဖြတ်ကနဲ ဖြတ်ကနဲ ဆိုသလို ပြန်ပေါ်လာနေခဲ့သည်။ တခါတရံ တွင် သူမ အဖို့ ကိုယ်တိုင် ကိုယ်ကျ ပြန်ရောက်သွားသလို ပျက်ပျက်ထင်ထင် မြင်လာခဲ့ပြန်သည်။ တခါတရံတွင် အိမ်မက်များက ထိုအဖြစ်အပျက် များကို ပြန်မြင်လာအောင် သူမအား အထူးတန်း ပွဲ့ကြည့်စင်တွင်ပင် နေရာချထားပေးလာခဲ့သည်။ 

 

ဒီည သူမ ကိုယ်တိုင်ကိုယ်ကျ ပြန် ပါရမည့် အလှည့် ကျလာခဲ့သည်။

 

 

သူမသည် ရေအိုင်ကြီး ဘေးတွင် ရှိနေပြီး ပါပါက ရေထဲသို့ တယောက်တည်း သွားခွင့် ပြုခဲ့၍ ရောက်လာခဲ့ရခြင်း ဖြစ်သည်။ ပါပါ စိတ်ထဲတွင်တော့ ရေစပ်နား ရောက်သည်အထိ သူမ သွားလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။ ရေအား စိမ့်အေးလွန်းနေသဖြင့် ရေကူးဖို့ က မဖြစ်နိုင်၊ သူမသည် အမေ‌ အကြောင်းကို တယောက်တည်း အေးအေးလူလူ တွေးနေရသည်ကို နှစ်သက်မှန်း ပါပါက သိထားသည်။ 

 

ရာသီဥတုက ဆောင်းဦးပေါက် ချိန် ဖြစ်‌၍ စောင်တထည်ပါ ယူလာခဲ့သည်။ ရေအိုင် အစပ်ရှိ မြက်ပင် ရှည်ကြီးများသည် နံနက်ခင်းက မိုးရွာထားသဖြင့် စိုစွတ်နေသည်။ လေတိုက်နေ၍ သစ်ပင်များလည်း လှုပ်ရမ်းနေသည်။ အစာရှာ ထွက်လာသော ကျီး တသိုက်လည်း ကောင်းကင်တွင် ဝိုင်းကြီး ပတ်ချာ လှည့်နေသည်။ ငိုကြွေး‌ နေသော သစ်ပင်များက လိမ္မော်ရောင် နှင့် အနီရောင် သစ်ရွက်များကို မျက်ရည်များ အဖြစ် ချွေခြပေးနေပုံရသည်။ သစ်ရွက်များ အောက်သို့ လေဗူးပေါင်းများကဲ့သို့ တလှုပ်လှုပ် နှင့် ကြွေကျကာ လှိုင်း‌များနှင့် လှုပ်ခပ်နေသော ရေမျက်နှာပြင်ပေါ် ကျလာနေသည်ကို ကြည့်နေမိသည်။ 

 

 

သစ်ရွက်လေးများ ကြွေကျသက်ဆင်းလာသည့် နောက်ကို လိုက်ကြည့်နေရင်းက ရေအိုင်ကြီး တဖက်ရှိ သစ်ပင်များ အကြား ရပ်နေသော လူတယောက်ကို တွေ့လိုက်ရသည်။

 

 

ထိုလူကြည့်ရသည်မှာ အချိန်ကြာမြင့်စွာ ကတည်းက မလှုပ်မယှက် ရပ်နေပုံရှိသည်။ သူမကိုလည်း စိုက်ကြည့်နေပြီး နောက် အနီးသို့ လျှောက်လာနေသည်။ ဒူးဆစ်ထိ ရှည်သော ဘွတ်ဖိနပ် နှင့် လောင်းကုတ် အင်္ကျီ အရှည်ကြီးကို ဝတ်ထားသည်။

သေနတ်ပြောင်းရင်းက ကျိုးနေသည့် ပြောင်းရှည်သေနတ်ကို လည်း ညာဖက်လက်က ကိုင်ထားသည်။ သူ၏ ဆံပင် နှင့် မုတ်ဆိတ်မွှေးများက ‌ရှေနေပြီ ဖြစ်သည်။ မျက်လုံးများက နီရဲနေပြီး အရည်လဲ့နေပြန်သည်။ အနီးသို့ ရောက်လာခါမှ သူ၏ ခါးပတ်တွင် တွဲလောင်းကျနေသည့် တစုံတခုကို သတိထားမိခဲ့သည်။ သွေးများလူးနေသော ယုန်လေး နှစ်ကောင် ဖြစ်မှန်း သိလိုက်သည်။ 

 

ပါပါက သူတို့လူများကို ပိုင်နက် ကျူးလွန်သူများဟု အမြဲ ခေါ်ဝေါ်သုံးစွဲလေ့ ရှိသည်။ သူတို့သည် တပါးသူ၏ ပိုင်နက်ထဲ ဝင်ကာ သမင်၊ ဒရယ်၊ ယုန် နှင့် ရစ်ငှက်များကို သတ်ဖြတ် ကြသူများ ဖြစ်သည်။ သူတို့အား poacher ဟု အမည်ပေးထားခြင်းကပင် သူမအတွက် ရီစရာ ကောင်းနေသည်၊ ထိုအမည်သည် ကြက်ဥ ပြုတ်သူ ဆိုသည့် အဓိပ္ပါယ်မျိူးလည်း ထွက်နေ၍ ဖြစ်သည်။ ဤသည်ကို‌ တွေးမိပြီး သူ ပြုံးမိသွားသည်ကို အနားရောက်လာသော လူက မြင်သွားသည်။

 

 

ထိုလူကြီးက သူမဘေးတွင် ထိုင်ပါရစေဟု ခွင့်တောင်းလာ၍ ခွင့်ပြုလိုက်ရသည်။

 

 

သူက ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သေနတ်ကို မြက်ခင်းပေါ် ချထားခဲ့သည်။

 

 

"မင်း တယောက်တည်းလား"

 

 

"ဟုတ်တယ်၊ ကျမ အဖေက သွားလို့ရတယ် ပြောလို့"

 

 

"ဒါဆို မင်း အဖေကော အခု ဘယ်မှာလဲ"

 

 

"အိမ်မှာ" 

 

"ပြီးရင် ဒီကို လိုက်လာမှာလား"

 

 

"နိုး"

 

 

"ငါ မင်းကို ပြစရာ တခု ရှိတယ်၊ အဲ့တာ မြင်လိုက်ရင် မင်းစိတ်တွေ လန်းဆန်းလာမယ်"

 

 

သူ၏ မျက်လုံးများက တကယ်ကို အရည်လဲ့နေသည်။ ပြုံးလိုက်၍ မဲညစ်နေပြီး ယိုင်နဲ့နေသော သွားများကို မြင်လိုက်ရ၍ သူမစိတ်ထဲတွင် ပထမဆုံး အကြိမ် ကြောက်စိတ်များ ဝင်လာခဲ့သည်။ သူမက မတ်တပ်ထရပ်မလို လုပ်စဉ် သူမပုခုံးကို ဖိကာ အတင်းပြန်ထိုင်ခိုင်းပြီး သူမ ယူလာသော စောင်နှင့် လုံးထွေး ရစ်ပတ်လိုက်သည်။ သူမက အော်ဖို့ ကြိုးစားလိုက်သော်လည်း သူ၏ အမွှေးထူလှသော လက်ကြီးများဖြင့် ပိတ်လိုက်သည်။ 

 

 

ရုတ်ခြည်းဆိုသလိုပင် သူမအပေါ်မှ တက်ဖိလိုက်သည်၊ သူ၏ ကိုယ်အလေးချိန်ကြောင့် သူမသည် အကြောဆိုင်းနေသူလို မလှုပ်နိုင်အောင် ဖြစ်နေရသည်။ သူမ အင်္ကျီ အောက်သို့ လက်နှိုက်လိုက်ပြီး ကျန်လက်တဖက်က သူမ၏ အတွင်းခံ ဘောင်းဘီကို ဆွဲချွတ်နေသည်။

 

 

သူမ အဖို့ တခါမျှ မကြုံဖူးသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူမကိုယ်အားလည်း တစစီ ဖြစ်အောင် ဆွဲဆုတ်ခံနေရသည်ဟု ထင်လာမိသည်။ သူမ၏ လက်များအား သူ၏ လက်တဖက် နှင့် ခေါင်းအောက် လျိုသွင်းကာ ဖိထားပြီး ကျန်တဖက်က ပါးစပ်ကို ပိတ်ထား၍ သူမအဖို့ မအော်နိူင် ဖြစ်နေသည်။ ပူပူနွေးနွေး သာ ရှိနေသော ယုန်အသေကောင်များ က သူမ၏ ခြေထောက်နှင့် ထိနေသည်။ ထို့နောက်တွင်တော့ လူကြီး၏ မျက်နှာသည် နာကျင်သွားသလို တချက်ရှုံ့မဲ့သွားပြီး သူ့ကိုယ်လုံးလည်း ဆတ်ကနဲ တုန်သွားသည်။ သူမ၏ နာကျင်မှု များလည်း ရုတ်ခြည်း ပျောက်သွားသည်။

 

 

လူကြီးဆီမှ စကားသံ ထွက်လာပြန်သည်။

 

 

"မင်း ဒီမှာ ယုန်တွေကို မြင်တယ် မဟုတ်လား၊ ယုန်‌တွေကို ငါ ဘာလုပ်ခဲ့တယ် ဆိုတာကော သိတယ် မဟုတ်လား"

 

 

သူမ က ခေါင်းငြိမ့်ပြဖို့ ကြိုးစားခဲ့သော်လည်း သူ့လက်ကြီးများ ဖြင့် ပါးစပ်ကို ပိတ်ထား၍ ခေါင်းက လှုပ်လို့ မရ ဖြစ်နေသည်။

 

 

"ဒီနေ့ ဖြစ်ခဲ့တာတွေကို တယောက်ယောက်ကို ပြောမယ် ဆိုလိုကတော့ကွာ မင်းကိုလည်း ယုန်တွေကို လုပ်သလို လုပ်ပစ်မယ်၊ ပြီးရင် မင်းအဖေကိုလည်း အဲ့လိုမျိုး လုပ်ဦးမယ်၊ မင်းတို့ နှစ်ယောက်စလုံးကို ဒီသေနတ် နဲ့ ပစ်သတ်ပစ်မယ်၊ ပြီးရင် မင်း ခေါင်းကို ဖြတ်ပြီး ငါ့ခါးပတ်မှာ ဆွဲထားဦးမယ်၊ ဟဲ့ ကောင်မလေး ငါ ပြောတာ ကြားတယ် မဟုတ်လား"

 

 

သူမ ဆီမှ ငိုသံကြားလိုက်ရ၍ လူကြီးက... 

 

"မင်းတော်တော်ဆိုးတဲ့ ကလေးမလေးပါလားဟေ့၊ အိုး မင်းကြည့်ရတာ ခုနဟာ ကို အတော် ကြိုက်နေပုံရတယ်" ဟု ပြောရင်း နောက်တကြိမ် ထပ်လုပ်ပြန်သည်။

 

 

သူ တကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာသလို ခံစားလာရသည်။ ယခင်က ဒီလို အိမ်မက်မျိုး တခါမှ မမက်ဘူးခဲ့ပေ၊ တစုံတယောက်က သူ့ အမည်ကို အော်ခေါ်နေသံ ကြားလာနေရသည်။ က

"ကက်သရင်း....ထ...ထတော့"၊ သူက ဘာလို့ ငါ့နာမည်ကို ကက်သရင်းလို့ ခေါ်‌နေရတာ ပါလိမ့်၊ ငါ့နာမည် အင်နာလေ"

 

 

ဟော့ နျုမန်သည် သူမကိုယ်အား နောက်ထပ်တကြိမ် ခပ်ကြမ်းကြမ်း ကိုင်လှုပ်နှိုးလိုက်ပြန်သည်။

 

 

"ကက်သရင်း...ထ..ဟာ သောက်ရေးထဲ... ကက်သရင်း ထ၊ ဒီမှာ ပြဿနာ တက်နေပြီ"

 

 

*******************