နိုင်ငံတကာ အကူအညီများ ဒေါ်လာသန်း ရာချီသော်လည်း ဆယ်ဂဏန်းမျှသာ ရရှိနေ

by Hla Soewai - Aug 22 2022

မင်းအောင်လှိုင် ၏ အကြမ်းဖက် တပ်များသည် တပ်ရင်းမှူးကစပြီး နေ့စဉ်လို နိုင်ငံတဝှမ်းတွင် အကျအဆုံးများစွာ ဖြစ်နေသော်လည်း တွေ့နေမြင်နေရသော သူ ၏ မျက်နှာကတော့ အမူအရာ တချက်လေးမျှ မပျက်‌ ပေ။

 

ထိုသူများသည် မိဘ ဆွေမျိုး ဇနီး သားသမီးများ ရှိနေကြသူများ ဖြစ်သည်။ စက်ရုပ် စစ်သားများ မဟုတ်ကြ၊ ယခုအခါ မင်းအောင်လှိုင်သည် သမ္မတလုပ်ရန် အိမ်တော်ကိုပင် ပြင်ဆင် မွမ်းမံနေသော်ငြားလည်း တပြည်လုံးက ရပ်ကွက်ထဲမှ အရက်မူးသမား လောက်ပင် လေးစားကြခြင်း မရှိဘဲ အဆဲဆို ခံရဆုံး လူ ဖြစ်လာနေသည်။ ဆိုလိုချင်သည်မှာ ထိုသို့သော လူမျိုး အတွက် အသက်စွန့်သွားရသည်မှာ မတန်လိုက်လေခြင်း ဟု ရင်ထဲက မြည်တမ်း ငိုကြွေးနေကြမည် ဖြစ်သည်။

 

တိုင်းပြည် အတွက် အသက်စွန့် သွားကြရသည်ဟု မည်မျှပင် ဝါဒဖြန့်စေကာမူ ယခု အခြေအနေမှာ တတိုင်းပြည်လုံး က ၎င်းတို့အဖွဲ့အား ဝိုင်းဝန်း ဆန့်ကျင်နေကြသည့် အဖြစ်သည် ဖုံးကွယ်ထား၍ မရ၊ မသိချင်ယောင် ဆောင်‌၍ မရ ဖြစ်နေသည်။ ထိုသို့ အနေအထားဖြင့် မင်းအောင်လှိုင် အဖို့ ရေရှည် ရပ်တည်သွားနိုင်မည်ဟု တွေးနေခြင်းကပင် စဉ်းစား၍ မရအောင် ဖြစ်နေသည်၊ ယတြာကောင်း ရှိနေသည်ဟု ယုံကြည်နေ၍သာ ဖြစ်မည်။

 

၎င်းတို့လက်ချက်ကြောင့် စစ်ဘေးရှောင်လာရသူများက သန်းဂဏန်း အထိ ရောက်ရှိလာနေပြီ ဖြစ်သည်။

ထိုဒုက္ခသည်များကို အကူအညီပေးရေးတွင် အာဆီယံ နှင့် ပူးပေါင်းခြင်းမရှိဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြောလာသည်။

 

ဤသည်ကို တုန့်ပြန်သည့် အနေဖြင့် ထိုအကူအညီများကို မိမိတို့ မှ ပေးလိုသူများ ထံ အရောက်ပေး မည် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အသင်းအဖွဲ့များ ဝင်ရောက်စီမံမည်ကိုမူ လက်မခံနိုင်ကြောင်း ပြောလာသည်။

 

အာဆီယံ အဖို့ကလည်း သူခိုးလက် အိမ်သော့ အပ်ရမည့် ကိန်း ဖြစ်လာနေသည်။

 

မြန်မာ စစ်အာဏသိမ်း အဖွဲ့သည် ထိုသို့ အကူအညီပေးရန် ကမ်းလှမ်းလာသူများကို စိတ်ပျက်သွားအောင် နည်းအမျိုးမျိုး နှင့် ပညာပြလျှက် ရှိသည်ဟု ဝေါ စထရိ ဂျာနယ် သတင်းစာကြီးတွင် ယနေ့ ဖေါ်ပြလာသည်။

 

ထို့အတွက် ပြည်ပ နိုင်ငံများ မှ အစိုးရ များသည်

ထိုင်းနိုင်ငံ အတွင်း မှတ်ပုံတင်ထားပြီး တရားဝင် ရပ်တည်နေသော ပရဟိတ အသင်းများကိုသာ ပို့ပေးကြရပြီး ၎င်းတို့မှလည်း အသုံးစရိတ်များ နှုတ်ကာ နယ်စပ်ဒေသများတွင် ၎င်းတို့ ပေးသလောက်နှင့် အစားအသောက်၊ ဆေးဝါးများ ကို သယ်ယူ ကာ မြန်မာဖက်မှ ပရဟိတ သမား ၂၀၀ ကျော်သည် နယ်ခြားမှ ညအချိန် ခိုးကြောင် ခိုးဝှက် ဖြတ်ကာ သယ်ပို့ပေး‌နေသည်ဟု သတင်းစာက ဆက်လက်ရေးသားထားသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူမှ "မိမိတို့ အနေဖြင့် ၎င်းတို့ ခွင့်ပြုမည်ကို အားကိုးနေ၍ မရတော့ဘဲ အခြားနည်းများ သုံးရန် ရှာဖွေလာရကြောင်း" ပြောဆိုခဲ့သည်။

 

အာဏာသိမ်းပြီး ကတည်းက ထိုင်းနယ်ခြားမှ တဆင့် ဒေါ်လာ ၁၀သန်း ခန့် အကူအညီများကို ထိုလမ်းကြောင်းများ သုံး၍ ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု အမေရိကန် အခြေစိုက် ဒုက္ခသည်များ အကူအညီပေးရေး အဖွဲ့က ဆိုသည်။ ၎င်းတို့ပေးသည့် ဒေါ်လာ သန်း ရာနှင့်ချီ ရှိသည့် အထဲမှ ထိုမျှ ပမာဏသာ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် စစ်ကိုင်းတိုင်းလို ဒေသကြီးများသို့ ဝင်ထွက်ရ မလွယ်၍ မရောက်နိုင် ဖြစ်နေကြဆဲ ဟု လည်း သိရသည်။

 

ကုလ သမဂ္ဂသည် နိုင်ငံလူဦးရေ၏ လေးပုံတပုံခန့် ရှိသော ၁၄.၄ သန်းခန့်သည် အကူအညီများ လိုအပ်နေသည် ဟု ပြောခဲ့ပြီးလည်း ဖြစ်သည်။

 

တနိုင်ငံလုံးက လက်နက်ကိုင် ဆန့်ကျင် တွန်းလှန်လာနေသဖြင့် ရှေ့တန်းနယ်မြေ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိတော့ဘဲ နေရာအနှံ့ ဖြစ်လာနေသည်။

 

ထိုသို့ နေရာအနှံ့ ကိုယ်ထိလက်ရောက် အကူအညီများ ပေးရန် ထိုင်းအဖွဲ့များ နှင့် မရတော့သဖြင့် နယ်မြေကျွမ်းကျင်သည့် မြန်မာလူမျိုး များ လိုအပ်နေသည်။

 

ဇူလိုင်လ အတွင်းက ၎င်းတို့ပေးသည့် ငွေဖြင့် ဆန်ဝယ်ပြီး ဝေငှရန် ပဲခူးတိုင်း အတွင်း ရောက်ရှိနေသော ကယ်ဆယ်ရေး လုပ်သားတဦးအား စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ပြီးလည်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!