တရုတ်ကြောင့် မြန်မာ လူ့ အခွင့်အရေး ကိစ္စ အား အမေရိကန် လျစ်လျူရှု့လာပြီလေ

by Hla Soewai - Sep 16 2019

အမေရိကန်၏ လက်များသည် တဖက်ကမြန်မာအား အလဲထိုးသလို တဖက်ကလည်း
လက်ဆွဲနူတ်ဆက်နေပြန်ကြောင်း Nikki Asian Review မှာ အခုလို သုံးသပ်ထားပါတယ်။

စက်တင်ဘာ ၂ ရက်ကစပြီး အမေရိကန်မှဦးဆောင်ဦးရွက်ပြုကာ.အာဆီယံ နိူင်ငံများနဲ့ရေတပ် စစ်ရေးလေ့ကျင့်မူတွေ ပြုလုပ်ခဲ့ရာမှာ
မြန်မာရေတပ်ရဲ့ ဖရီးဂိတ် များကိုလည်း ကြိုဆိုခဲ့တာ တွေ့ရပါတယ်။

သို့သော် ပြီးခဲ့သည့် တလခွဲခန့်ကပင် အမေရိကန်က ကာကွယ်ရေး ဦးစီးချ ုပ် ဗိုလ်ချ ုပ်ကြီး မင်းအောင်လှိုင် နဲ့ အခြား အထက်တန်း စစ်အရာ
ရှိကြီးများကို ပြည်ဝင်ခွင့် ပိတ်ပင် ခဲ့ပါတယ်။ "လူ့ အခွင့်အရေး များကို ပြောင်ပြောင်တင်းတင်း ချ ိုး ဖေါက်လို့" ဆိုတဲ့ စွပ်စွဲချက်များနဲ့
ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရှေ့နောက်ညီညွတ်ခြင်း မရှိသည့် မူဝါဒ များ အဘယ်ကြောင့် ထွက်ပေါ်လာရပေသနည်း။ မေးခွန်းရဲ့ အဖြေကတော့
တရုတ် ကြောင့်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ အစိုးရ အပေါ် အမေရိကန်၏ သံတမန်ရေး ချည်းကပ်ပုံသည်ယခင် စစ်အစိုးရများ လောက် ပြင်းထန်ခြင်း မရှိခဲ့တာ တွေ့ရ
မှာ ဖြစ်ပါတယ်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရ ဆက်ဆံခဲ့ပုံများကို အမေရိကန်က တင်းတင်းမာမာ
ကန့်ကွက်ခဲ့ပါတယ်။ ၁၉၉၇ မှာ အမေရိကန် ကုမ္ပဏီများကို မြန်မာပြည်တွင် ရင်းနှီးမြုပ်နှံခြင်း မလုပ်ဖို့ တားမြစ်တဲ့ ပြင်းထန်တဲ့ စီးပွား
ရေး ဒဏ်ခတ်မူတွေ ပြဠာန်းလာခဲ့ပြန်ပါတယ် ဒါတင်အားမရသေးပဲ ၂၀၀၃ ခုနှစ်မှာ မြန်မာနဲ့ ကုန်သွယ်ရေး အရရော ငွေပေးငွေယူတွေ
ပါ မလုပ်ကြဖို့ အမေရိကန် ကုမ္ပဏီများကို ပိတ်ပင်လာခဲ့ပါတယ်။

၂၀၁၁ မတ်လ တွင် သမ္မတ ဦးသိန်းစိန် အာဏာရလာပြီးနောက်ပိုင်းမှသာ တဖြေးဖြေးဖြေလျော့ပေးလာခဲ့ပါတယ်။ ၂၀၁၆
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာချိန်တွင်တော့ အပြီးအပြတ် ရုပ်သိမ်းပေးလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီး မကြာခင်မှာပဲ လူသားချင်း စာနာမူ မှာ အငြင်းပွားစရာ ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လ အတွင်း ရဲကင်းများကို မူဆလင် အကြမ်းဖက် အဖွဲ့ တဖွဲ့ က တိုက်ခိုက်လာမူ ကို လက်တုံ့.ပြန်ခဲ့ရာက ဒုက္ခသည် ၇ သိန်ုးခန့် ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေးခိုလှုံသွားခဲ့ကြပါတယ်။

၂၀၁၈ စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ အရပ်သားများအပေါ် "လူမျ ိုးတုံးစေရန် ရည်ရွယ်ချက်" နဲ့
သတ်ဖြတ်မှု ၊ အဓမ္မ ကျင့်မူတွေ စစ်တပ်ကကျ ုး လွန်ခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အဆိုပါရက်စက် ကြမ်းကြုပ်မူကြီးများတွင် မြန်မာ
ကာကွယ်ရေး ဦးစီးချ ုပ် ပါဝင်ပါတ်သက်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ပြီး အမေရိကန်က ဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိူဝင်ဘာလအတွင်း စင်္ကာပူမှာ ပြုလုပ်ခဲ့တဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေး ကျင်းပစဉ်အတွင်း အမေရိကန် ဒုသမ္မတ
မိုက် ပင့်စ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာတွင် ရိုဟင်ဂျာ ဆိုသူများ လက်ရှိ ရောက်ရှိနေတဲ့ အခြေအနေများသည်
မည်သို့မျ လက်သင့်မခံနိူင်ကြောင်း ပြောခဲ့ပါတယ်။ အီးယူကလည်း မြန်မာပြည်မှ သွင်းုကုန်များ အပေါ် အကောက်ခွန်ဆိုင်ရာ အထူး
အခွင့်အရေး ပေးထားမူ အပေါ် ပြန်လည်သုံးသပ်ဖို့ စဉ်းစားလာနေပါတယ်။

သို့သော် ထိုအချိန်က အခြေအနေများအရ မြန်မာအပေါ် တင်းတင်းမာမာ ဆက်ဆံလာတာလည်း သဘာဝကျပါတယ်။ သြဂုတ်လ
၂၀ ရက်နေ့ တွင် အမေရိကန်သည် ဂျပန်နှင့်အတူ ရင်းနှီးမြုပ်နှံမူ ဆိုင်ရာ နှီးနှောဖလှယ်ပွဲတခု ရန်ကုန် တွင် ကျင်းပခဲ့ရာမှာ ဒေါ်အောင်
ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီများသည် မြန်မာဈေးကွက်သို့ ဝင်ရောက်နိူင်ရေး စိတ်အားထက်သန်နေကြ
တယ်လို့ အမေရိကန် သံအမတ်ကြီးက ပြောလာခဲ့ပါတယ်။

ယင်းနှင့် အတူ စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေ တွဲ ပြု ုလုပ်လာရင်း အမေရိကန်ကမြန်မာကို ၎င်းတို့ အသိုက်အဝန်းထဲကို ဆွဲ
သွင်းလာတာ တွေ့ရပါတယ်။ ၁၉၉၇ နှင့် ယခု အချိန် ကွာခြားချက်ကတော့ တရုတ်ကြောင့် လုံခြုံရေး ဆိုင်ရာ ကိစ္စများအပေါ်
ပိုပြီး အရေးပေးလာတာပဲ ဖြစ်ပါတယ်။

အနောက်တိုင်းရဲ့ ပိတ်ဆို့မူအောက်မှာ အနှစ်နှစ်ဆယ် နီးပါး ရောက်နေခဲ့ရတဲ့ မြန်မာကိုထောက်ခံမူ ပေးခဲ့တာတော့ တရုတ်ပဲ ဖြစ်ပါ
တယ်။ နိူင်ငံတဝှမ်း ဓါတ်အားပေး စက်ရုံများ၊လမ်းများ ဖေါက်လုပ်ရေးတွေမှာ တရုတ်ကကူညီပေးခဲ့ပြီး သဘာဝအရင်းအမြစ်များ
ထုတ်လုပ်ရေးမှာလည်း ရင်းနှီးမြုပ်နှံလာခဲ့ပါတယ်။ မြို့တော်ကိုလည်း ရန်ကုန်မှ နေပြည်တော်ကို ရွှေ့ုပြောင်းရေးမှာလည်း ဘီဂျင်းက
ပါဝင်ခဲ့ပြန်ပါတယ်။ ဒါကလည်း အမေရိကန်မရိမ်းတပ်တွေ ဝင်လာဖွယ် ရှိတယ်ဆိုတဲ့ကောလဟသ များကြောင့်လည်း ဖြစ်ပါတယ်။
မြို့တော်သစ်မှာ ကြီးမားလှတဲ့ လွှတ်တော် အဆောက်အအုံကြီး၊ နိူင်ငံတကာ လေဆိပ်၊ယာဉ်သွားလမ်း ၂၀ ပါတဲ့ လမ်းမကြီး အစရှိတဲ့ ဆောက်လုပ်ရေး ပရိုဂျက်တွေကိုလည်း ကျောထောက်နောက်ခံ ပေးလာခဲ့ပါတယ်။ ယာဉ်သွားလမ်း ၂၀ ရှိတဲ့ လမ်းမကြီးကတော့ အရေးပေါ် အခြေအနေ ဖြစ်လာရင်
လေယာဉ် ဆင်းသက်နိူင်ဖို့ ဖြစ်ပါတယ်။

ထိုသို့ တရုတ်ရဲ့ သြဇာအာဏာတွေ မြန်မာပြည်မှာ တိုးတက်ကြီးထွားနေစဉ်မှာပဲ နိူင်ငံတွင်း ဒီမိုကရေစီ ရရှိရေးကို အမေရိကန်က
ဦးစားပေး ထားရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန်ကတော့ တရုတ်မှ လုံခြုံရေးဖက်မှာ ခြိမ်းခြောက်လာမှုကြောင့် ဦးစားပေးလုပ်ရတော့မယ်လို့ ရှု့ မြင်ခဲ့တာကြောင့်
လည်း ဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း တရုတ်တို့ ဆောက်နေတဲ့ ကျောက်ဖြူ ဆိပ်ကမ်းကို စိတ်မသက်မသာ နဲ့ စောင့်ကြည့်နေခဲ့ပါ
တယ်။ ယင်း ဆိပ်ကမ်းသည်က အိန္ဒိယသမုဒ္ဒရာ ကို မျက်နှာမူထားပြီးသင်္ဘောကြီးတွေ ဝင်ထွက်သွားလာနိူင်ပါတယ်။

ကျောက်ဖြူ မှပဲ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၈၇၀ ရှည်လျားတဲ့ သဘာဝဓါတ်ငွေ့ နဲ့ရေနံ ပိုက်လိုင်းကြီး တွေလည်း သွယ်တန်းခဲ့
ပြန်ပါတယ်။ ဆိပ်ကမ်းအနီး အထူးစီးပွားရေး ဇုံတခု တည်ဆောက်ဖို့နဲ့ ပိုက်လိုင်းကြီးတွေနဲ့ အပြိုင် အဝေးပြေးလမ်းမကြီးများနဲ့ မီးရ
ထားလမ်းတွေ ဖေါက်လုပ်မယ့် စီးပွားရေးစြင်္ကန် လမ်းမကြီး တည်ဆောက်ရေးကိုလည်း နှစ်နိူင်ငံ သဘောတူခဲ့ကြပြန်ပါတယ်။

အမေရိကန်ကတော့ ကျောက်ဖြူ ကို သီရိလင်္ကာ ဆိပ်ကမ်းလို ဖြစ်သွားမှာကို ထိတ်လန့်လာနေပါတယ်။

သီရိလင်္ကာ ဆိပ်ကမ်း ဖြစ်တဲ့ ဟမ်ဘမ်တိုတာကိုတော့ ကြွေးမြီ ကို လျောပေးဖို့ အတွက်တရုတ်ကို ၉၉ နှစ် အငှားချ ပေးလိုက်ရပါ
တယ်။ ဒါကို ကြည့်ပြီး တရုတ်ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းများသည် ကြွေးမြီထောက်ချောက်များသာ ဖြစ်တယ်လို့ ဝေဖန်သူတွေ
က ထောက်ပြခဲ့ကြပါတယ်။ ယင်းဆိပ်ကမ်းကို တရုတ်က စစ်သင်္ဘောများနဲ့ အခြားသင်္ဘောတွေ ရပ်နား ဆီဖြည့်ဖို့ သုံးနေပြီလို့
လည်း သံသယ ရှိနေကြပါတယ်။

သီရိလင်္ကာ တနိူင်ငံတည်းမကပဲ ပါကစ္စတန် အနောက်တောင်ပိုင်းရှိ ဂဝါဒါ ဆိပ်ကမ်းကို
လည်း တရုတ်က ၂၀၁၅ မှာ ၄၃ နှစ် အငှားစာချ ုပ်နဲ့ ရရှိသွားခဲ့ပြန်ပါတယ်။ ကျောက်ဖြူ ကိုပါ ထည့်တွက်မယ် ဆိုရင်တော့ တရုတ်
အဖို့ မဟာဗျ ု ဟာအရ အရေးပါတဲ့ ဆိပ်ကမ်းကြီး သုံးခု ရရှိသွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလို အနေအထားမှာ အမေရိကန်က အီရန်နဲ့ ထိပ်တိုက် တွေ့ မူကြီး ဖြစ်ပေါ်လာခဲ့ပါတယ်ဒီအတွက် အကျိုးတူ နိူင်ငံများအနေနဲ့
ဟောမုဒ် ရေလက်ကြား လုံခြုံရေးကို ဝိုင်းဝန်းအာမခံကြဖို့ အမေရိကန်က တောင်းဆိုလာ
ခဲ့ပါတယ်။ ရေနံတင် သင်္ဘောတွေ လုံခြုံစိတ် ချစွာသွားလာနိူင်ခဲ့ရင်တောင်မှ အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိတဲ့ တရုတ် ရေငုပ်သင်္ဘောတွေရဲ့
ုခြိမ်းခြောက်မူကို အမြဲလို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည်များ ပြသာနာ စတင်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး တရုတ်က မြန်မာအပေါ် သြဇာလွှမ်းဖို့ တိုးပြီး လုပ်လာနေချိန်
မှာ အမေရိကန် နဲ့ အီးယူက နောက်ဆုပ်သွားခဲ့ပါတယ်။ ဒါကိုကြည့်ရင် တရုတ်အနေနဲ့ရခိုင် ပြသာနာကို ဖြေရှင်းဖို့ထက် မြန်မာကို
ပိုပြီး အထီးကျန်အောင် လုပ်နေတယ်ဟုကယ်ဆယ်ထောက်ပံ့ရေး ဆိုင်ရာ အရာရှိတဦးက ပြောလာပါတယ်။

ဒါကြောင့်လည်း အမေရိကန်က ရိုဟင်ဂျာဆိုသူများ အရေးအတွက် အတင်းအကျပ်မလုပ်လိုတာလည်း ဖြစ်ပါတယ်။ ဒီအတွက်
ဝါရှင်တန်ရှိ လူ့ အခွင့်အရေး ထောက်ခံလူပ်ရှားသူများက အမေရိကန်သည် လျာနှစ်ခွနဲ့လုပ်နေတယ်လို့ စွပ်စဲလာခဲ့ကြပါတယ်။

တရုတ်ပြည်ရဲ့ ခြေရာလက်ရာတွေ ကြီးထွားလာနေမူ အပေါ် အမေရိကန်တွင် အန္တရာယ်အချက်ပေး ခေါင်းလောင်းသံတွေ မြည်ဟီးလာနေပြီဆိုတာ မြန်မာ အပေါ် ဆက်ဆံရေးက ပြဆိုနေပါတယ်။

အမေရိကန် နိူင်ငံခြားရေး ဝန်ကြီး ဌာန နှင့်စီအိုင်အေမှ အရာရှိများ အခုနောက်ပိုင်း မြန်မာပြည်ကို ခြေလှမ်းစိတ်လာတာ တွေ့နေရပါတယ်။ သို့သော် မြန်မာသည် သီရိလင်္ကာ၊ ပါကစ္စတန်တို့ နဲ့ နှိုင်းစာမည်ဆိုက တမူကွဲပြားတဲ့ အနေအထားမှာ ရှိနေပြန်ပါတယ်။ မကြာမီလောက်ကထိ အမေရိကန်သည်
မြန်မာနဲ့ သံခင်းတမန်ခင်းအရ ဆက်ဆံရေး မရှိသလောက် ဖြစ်ခဲ့တာမို့ အခြေအနေတွေ စမ်းတဝါးဝါး ဖြစ်နေခဲ့ရပါတယ်။

ဒီနေရာမှာ ဂျပန်က အမေရိကန်ထက် တပန်းသာပြီး အခြေအနေမှန်ကို ကွဲကွဲပြားပြား သိမြင်ခွင့် ရခဲ့ပါတယ်။ တိုကျ ိုက မြန်မာနဲ့ ဆက်
ဆံရေးကို ထိမ်းထားနိူင်ခဲ့လို့ ဖြစ်ပါတယ်။ အမေရိကန် နဲ့ ဥရောပလို စီးပွားရေးဒဏ်ခတ်မူတွေမလုပ်မိအောင်လည်း ရှောင်ကျဉ်ခဲ့ပြန်ပါတယ်
အရပ်ဖက် အုပ်ချ ုပ်ရေး ဖက်ကို အာဏာလွှဲပြောင်းပြီးလျင် ပြီးချင်းပဲ ဂျပန်က ချေးငွေတွေပြန်ပြီး ထုတ်ချေးလာခဲ့ပါတယ်။

အမေရိကန်က ၎င်းတို့ ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျ ုဟာ မှာ အတူတွဲ လှုပ်ရှားနေတဲ့ဂျပန်နဲ့ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံရေး နှီးနှော
ဖလှယ်ပွဲမှာ ပါဝင်လာခဲ့တာကိုက ရှေ့ကိုဆက်သွားမယ့် လမ်းပြ အလင်းရောင်ဖြစ်လာခဲ့ပါတယ်။

(အမေရိကန် ကမကထ လုပ်သည့်ရင်းနှီးမြုပ်နှံမူ နှီးနှောဖလှယ်ပွဲသို့
တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် သံအမတ်ကြီးမှကြိုဆိုနူတ်ဆက်စဉ် - ဧရာဝတီ)