ခင်ရီ ထွက်ရပြီ

by Hla Soewai - Nov 26 2022

စစ်တပ်၏ အခြေအနေ ယိမ်းယိုင်လာနေမှု ကို ထပ်မံ ပြဆို‌သည့် အ ကြောင်းတခုမှာ စစ်တပ်၏ လက်ပါးစေ အမည်ခံအဖြစ် ဗြောင်ကျကျ ခံယူလိုက်ပြီ ဖြစ်သော USDP ပါတီဥက္ကဌ ခင်ရီ မှ "မိမိတို့ အနေနှင့် မျက်ရည်သုတ်၊ လက်သီးဆုပ်ပြီး ရှေ့သို့ထွက်ကာ ကာကွယ်သွားရန် အသင့်ပြင်ထားရမည်" ဟု စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ကွင်ဆင်း၍ ဟောပြောလာနေရခြင်းပင် ဖြစ်သည်။

 

အားမာန် အပြည့်နှင့် ထိုသို့ ကြွေး ကြော်နေသော် ငြားလည်း ၎င်းကိုယ်တိုင်က စစ်ကိုင်းတိုင်းသို့ ကုန်းလမ်းဖြင့် မလာရဲဘဲ လေကြောင်းခရီး ဖြင့် ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်။

 

တဖက် က မိမိတို့အပေါ် တသက်လုံး အနိုင်ကျင့် ဗိုလ်ကျနေသည့် စစ်ဝါဒကို တိုင်းပြည်နှင့် လူမျိုးအတွက် အမြစ်ဖြတ် ချေမှုန်းနိုင်ရန် တိုက်ပွဲဝင်နေကြသူများကို ၎င်းတို့ သက်ဆိုးရှည်ရေး အတွက် အသက် အသေခံ ပေးကြပါရန် လိုက်လံဆော်ဩနေကြရသည့် အဖြစ်ဟု မဆိုက အခြား ဘယ်သို့များ ဆိုနိုင်ပေဦးမည်နည်း။

 

လာမည့် အတုအ‌ယောင် ရွေးကောက်ပွဲဖြင့် အနိုင်ရရှိရန် သေချာနေပြီ ဖြစ်သော USDP သည် လူထု၏ ယုံကြည်ကိုးစားမှုကို ရဖို့ နေနေသာသာ လူထု၏ ရွံရှာ မုန်းတီးမှု ခံနေရသော စစ်တပ် နှင့် ပုလင်းတူ ဘူးဆို့ မဟုတ်ဟု ဟန်ဆောင်ပန်ဆောင်ပင် လုပ်နေစရာ မလိုတော့‌ အောင် ထင်ထင်ရှားရှား လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။

 

မြန်မာ စီးပွားရေးသည် အဒမ်စမစ် အား ပန်းပဲဆရာ လားဟု တတ်ယောင်ကား ပြောဆိုသူများ၏ လက်ဝယ် ကျရောက်‌ နေပြီး ပြည်သူများသည်လည်း ၎င်းတို့၏ ပေါက်ပန်းဈေး အတွေး အခေါ်များ နှင့် စီမံ အုပ်ချုပ်ခံရမည့် အဖြစ်သို့ ဦးတည်နေပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!