သောင်တင်ရေမကျ ဖြစ်လာသော နိူင်ငံတွင်းရှိ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းများ

by Hla Soewai - Oct 08 2019

မကြာသေးမီက မြန်မာတပ်မ‌တော်မှ NCA လက်မှတ်ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကို အပြစ်အခတ် ရပ်စဲရေးသက်တမ်း ထပ်မတိုးပေးတော့ဟူသော ဆုံးဖြတ်ချက်ကြောင့် နိူင်ငံတွင်းရှိ ရပ်ဝန်း နှင့်လမ်း ‌Belt and Road စီမံချက်များ အားလုံး ရှေ့မတိုး နောက်မဆုပ် ဖြစ်ကုန်ခဲ့ကြပါတယ်။

မြစ်ဆုံအပြင် နောက်ထပ် ဆည်တည်ဆောက်ရေး လေ့လာတိုင်းထွာနေမှု တခုလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။ မြစ်ဆုံကတော့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ များနဲ့မသက်ဆိုင်ပဲ နိူင်ငံတဝှမ်း ဆန့်ကျင်ကန့်ကွက်မှု များ ကြောင့်ဖြစ်ပြီး နိူင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကြီး တခုကလည်းမြန်မာပြည်ရဲ့ မြစ်အထက်ပိုင်းတွေမှာ ဆည်များ မတည်ဆောက်ကြဖို့ အလေးအနက် အကြံပြု ထားတဲ့ အစီရင်စာလည်း ရှိနေပြန်ပါတယ်။

စက်တင်ဘာလ ကုန်ပိုင်းလောက်မှာ တပ်မတော်က ကွတ်ခိုင်မှာ ရှိတဲ့ MNDAA အဖွဲ့တွေကို တိုက်ခိုက်လာပါတယ်။ တိုက်ပွဲများကတရုတ် ဦးဆောင် အကောင်အထည် ဖေါ်နေတဲ့ မူဆယ်-လားရိူး-မန္တလေး မီးရထားလမ်း‌ရဲ့ တည့်တည့် မှာ သွားဖြစ်နေပါတယ်။

နောက်တနေ့မှာပဲ မီးရထားဌာန ‌ပြောခွင့်ရသူက မတည်ငြိမ်မှုများကြောင့်ဆိုကာ လုပ်ငန်းများ ရပ်စဲကြောင်း ‌ကြေငြာခဲ့ပါတယ်။

ဤသည်က အစိုးရ၏ ထိမ်းချုပ်မှု ကနေအတော်ကို ကင်းလွတ်နေတဲ့ မြန်မာ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ‌ပြေလည်အောင် စေ့စပ်ပေးနေတဲ့ တရုတ်တို့ရဲ့ ကြိုးပမ်းမှု ပျက်ပြားသွားပြီဆိုတာ ပြဆိုနေတယ်လို့ ဂျပန် နိူင်ငံထုတ်Nikki Asian Review စာစောင်က အခုလို ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရဲ့ အပြင်ဖက်မှာလည်း AA နဲ့ တိုက်ပွဲတွေ ဖြစ်နေပြန်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည်များ ပြန်ခေါ် နိူင်ဖို့ ပိုပြီး ခက်ခဲလာခဲ့ရပြန်ပါတယ်။

(ဒက္ကားရှိ တရုတ်သံအမတ်ကနေ ဘင်္ဂါလီများ ရခိုင်ပြည်နယ် အတွင်း အ‌‌ခြေအနေများ ကိုယ်တိုင်သိခွင့်ရအောင် ကိုယ်စားလှယ် အဖွဲ့လာရောက် လေ့လာခွင့် ပြုဖို့နဲ့ လာတဲ့လူတွေကိုလည်း လက်ကိုင်ဖုန်းတလုံးစီ ပေးဖို့ သို့မှသာ ကျန်ခဲ့တဲ့ မိသားစုတွေကို အခြေအနေလှမ်းပြောနိူင်ဖို့ ကို တရားဝင် အဆိုပြုလာချက်ကို မြန်မာဖက်က ပြတ်ပြတ်သားသားပါယ်ချခဲ့ပြီး ဖြစ်ပါတယ် - မိမိ၏ စကားချပ်)

ဩစတေးသျ ရှိ ဒီကင်း တက္ကသိုလ် နိူင်ငံတကာ ဆက်ဆံရေးဌာနမှ ပါမောက္ခ ဟီ ဘောင်ဂန်ကတော့ တရုတ်တို့ မိမိကိုယ်မိမိ ပိုတွက်ထားခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်၊ ကျိုင်းတုံမှာ တံခါးပိတ် ဆွေး‌နွေးပွဲလုပ်ပြီး ပြဿနာကို ဖြေရှင်းနိူင်ခဲ့လိမ့်မယ်လို့ထင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဖူး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာနဲ့ မျက်နှာခြင်းဆိုင် ဆွေးနွေးဖို့ လုပ်ခဲ့တာလည်း မအောင်မြင်ခဲ့ပါဖူး။

ဒါပေမယ့် စက်တင်ဘာ ၁၇ ရက်နေ့က ကျိုင်းတုံမှာ လုပ်တဲ့ ဆွေးနွေးပွဲ ကို တိုင်းရင်းသား လက်နက်ကိုင် တွေ အားလုံးကို တရုတ်က အပါခေါ်လာနိူင်ခဲ့တာတော့ ရှိတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ထိုအစည်းအဝေးမှာပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ တောင်းဆိုတဲ့ နိူင်ငံရေးအရအသိအမှတ်ပြုဖို့၊ နယ်မြေ လုံခြုံခွင့်ရဖို့ နဲ့ဒေသတွင်း စီးပွားရေး အခွင့်အလန်းတွေကိုဝင်ရောက် လုပ်ကိုင်ခွင့် ရဖို့ အစရှိတာတွေကို တခုမှ မလိုက်လျော နိူင်ဖူးလိူ့ တပ်မတော်က သူတို့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြောလာခဲ့ပါတယ်။

ဒီအတွက် ဆက်လက်ဖြစ်ပေါ်လာဖို့ ရှိနေတဲ့လက်နက်ကိုင် ပဋိပက္ခ တွေက တရုတ်-မြန်မာ စီးပွားရေး စက်ြန်လမ်းမကြီးကို ထိခိုက်လာရပြန်ပါတယ်။ အဆိုပါ လမ်းမကြီး ဆိုတာက ယူနန် ပြည်နယ်ကနေ မန္တလေး ပြီးတော့ ရန်ကုန်ကို ခွဲထွက်မသွားမီမှာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေး ဇုံတွေ ဆီ ဆက်သွယ်ထားပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က မန္တလေး-မူဆယ်ကားလမ်းကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တိုက်ခိုက်တာ ခံခဲ့ရပြီး တံတားတွေ အခြေခံအဆောက်အအုံတွေ ဖျက်စီးခံလိုက်ရတာကို ကြည့်ရင် စီးပွားရေးစင်္ကြန် လမ်းမကြီး ရဲ့ အဓိက အသက်သွေးကြောကိုယ်၌ က အန္တရာယ် မလုံခြုံတာကို ပြ‌နေပါတယ်။

မူဆယ် ရှိ နှစ်နိူင်ငံနယ်ခြား ကုန်သွယ်ရေး ပမာဏ သည် နှစ်စကနေ စက်တင်ဘာ လလယ်အတွင်း ၂၂.၉% ကျဆင်းသွားပြီးငွေတန်ဖိုးအရ ၄.၆၇ ဘီလီယံ ရှိပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူ စီမံကိန်းကလည်း ရပ်တန့်နေပါတယ်။

ကျောက်ဖြူ မှာ တရုပ် တွေ အနေနဲ့ ထင်သလို လုပ်ခွင့်မရ ဖြစ်သွားခဲ့ပုံ ရပါတယ်။ ငွေကြေးအရလည်း မနှစ် အောက်တိုဘာအတွင်း ဒေါ်လာ ၇. ၂ ဘီလီယံ ကနေ ၁.၃ ဘီလီယံ အထိ လျော့ချခံလိုက်ရပါတယ်။ မြန်မာအနေနဲ့ လည်း တရုတ်အပေါ် ‌ကြွေးမြီတွေ အလွန်အကျွံ တင်သွားမှာ စိုးတာရယ်ပါတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေရယ်မြေပြသနာ တွေ ‌အားလုံးခြုံငုံ စဉ်းစားပြီးလုပ်ခဲ့ပုံ ရပါတယ်။

တရုတ် ဘဏ်တွေကလည်း လျပ်စစ်ဓါတ်အား ပုံမှန်မရှိတာရယ်၊ ကျွမ်းကျင် အလုပ်သမား ရှားပါးနေတာရယ်၊ ပစ္စည်း ထောက်ပို့ကွန်ယက်တွေ ရှိမနေတာတွေကြောင့် နောက်တွန့်နေပုံ ရှိနေပြန်ပါတယ်။ တရုတ်ရဲ့ စီးပွားရေး စင်္ကြလမ်းမကြီး တလျောက် ရှိနေမယ့်စက်မှုဇုံများနဲ့ အခြား စီးပွားရေး လုပ်ငန်းများ ထူထောင်ဖို့က ယူနန် ပြည်နယ် အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှု အပေါ် မူတည်နေပါတယ်။

ဒီလုပ်ငန်းတွေထဲမှာ တရုတ်နယ်ခြား တလျောက် အထူး စီးပွားရေးဇုံများ တည်ထောင်ခြင်း၊ ဧက ၁၀,၀၀၀ ရှိမယ့် Mandalay New Resort City နဲ့ China Communication Construction Company (CCCC) က ဦးဆောင်မယ့်ရန်ကုန်မြို့သစ် စီမံကိန်းကြီး၊ မန္တလေး မြို့ပြင်ရှိ မြို့သာ စက်မှု ဇုံ နဲ့ မြစ်ကြီးနား စက်မှုဇုံတွေ ပါဝင်နေပါတယ်။ လုပ်ငန်းကြီးတွေ အများအပြား ရှိ‌နေသော်လည်း ပြည်တွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုက ကျ‌ဆင်းလာနေတာ တွေ့နေရပြန်ပါတယ်။ ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဒေါ်လာ၁.၄ ဘီလီယံ ရှိခဲ့ရာက ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဩဂုတ်လ အထိ ဒေါ်လာ ၅၇၆ သန်းပဲ ရှိတာတွေ့ရပါတယ်။

တရုတ်က မြန်မာပြည်တွင်း ရင်းနှီးမြုပ်နှံမှုမှာ စင်္ကာပူ နောက်က ရောက်နေပြီး ဒုတိယနေရာမှာ ရှိနေပါတယ်၊ ရင်းနှီးမြုပ်နှံမှု ပုံစံကရပ်၀န်းနဲ့ ပိုးလမ်းမ စီမံကိန်း တွေလို ကြီးကြီးမားမား မှာ စုပြုံမနေပဲ ပရိုဂျက် ၁၂၃ ခုလောက်ဖြန့်ပြီး ရင်းနှီးမြုပ်နှံတာ တွေ့ရပါတယ်။ တရားမ၀င်တဲ့ ရင်းနှီးမြုပ်နှံမှု မျိုးကမန္တလေး မြို့ရဲ့ မှာ နေရာအနှံ့ တွေ့လာရပါတယ်။

မြစ်ဆုံစီမံကိန်းကိုတော့ တရုတ်က လက်မလျော့သေးတာ တွေ့ရပါတယ်။ အထူးသဖြင့်ရှီကျင်ပင့် ဒုသမ္မတ ဖြစ်ချိန် ၂၀၀၉ မှာ ကသူရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်နေတော့ သူရဲ့ ကွန်မြူ နစ်ပါတီအတွင်းမျက်နှာမပျက်ရဖို့က အထူး အရေးကြီးနေပါတယ်။ လက်ရှိလည်း စီးပွားရေး နှေးကွေးလာမှု‌ကြောင့် ပိုလျံလာ နေတဲ့ တရုတ် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပစ္စည်းတွေ တင်ပို့ချင်နေတာတွေကြောင့်ကလည်း အကြောင်းတခုဖြစ် ပါဝင်နေပြန်ပါတယ်။

သို့သော်လည်း အင်အယ်ဒီ အဖို့ နောက်နှစ်ထဲရွေးကောက်ပွဲ ရှိနေပြန်တာကြောင့် လှုပ်မရဖြစ်နေပြန်ပါတယ်။ မြစ်ဆုံ စီမံကိန်းက အမျိုးသား အချုပ်အခြာ အာဏာနဲ့ဆက်စပ်ရှုမြင်လာနေတာကြောင့်လည်း ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေက တရုတ်တို့ ‌ပြောသလို မီဂါဝပ် ၆,၀၀၀ ရဖို့က မဖြစ်နိူင်ဖူးလို့ ပြောဆိုနေတာတွေ ရှိနေပြန်တာကြောင့် အင်အယ်ဒီအနေနဲ့ အရွယ်အစား လျော့ချတာတို့ နေရာရွေပေးတာတို့ နောက်နှစ်ထဲ အဆိုပြုလာနိူင်ဖွယ်ရှိနေပါတယ်။