တော်လှန်ရေး ဥဒါန်း

by Hla Soewai - Dec 28 2022

ရန်ကုန်တွင် လက်ပါးစေ လူတစု က ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသော်လည်း စစ်ကောင်စီ အဖို့ အခြေအနေများ တိုးတက်ကောင်းမွန် လာနေပြီဟု မပျော်ရွှင်နိုင်ပဲ အမေရိကန်၏ လတ်တလော ပြဋ္ဌာန်းခဲ့သော BURMA ACT ဥပဒေ ကြောင့် ရင်မအေး နိုင် ဖြစ်နေကြသည့် လက္ခဏာ များ အထင်အရှား တွေ့လာနေရသည်။

 

အဓိကအားဖြင့် BURMA ACT ဆိုသည့် အဓိပ္ပါယ် အပြည့်အစုံကပင် "မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်စို့" Burma Unified through Rigorous Military Accountability" ဟူသော အင်္ဂလိပ် စကားလုံးများကို အတိုကောက် ယူသုံးကာ ခေါင်းစဉ် တပ်ထားသော ကြောင့်ပင် ဖြစ်သည်။ ထို ဥပဒေဖြင့် ၎င်းတို့အားလုံးကို အမေရိကန် မှ စစ်ရာဇဝတ်ကောင်များ အဖြစ် ရှုမြင်ထားကြပြီ ဆိုသည်ကို တရားဝင် ကျေညာလိုက်သည့် သဘော ဖြစ်နေသည်။

 

အမေရိကန်သည် ‌ဗီယက်နမ် စစ်နောက်ပိုင်းတွင် နိုင်ငံတခုကို ကူညီရန် ထိုသို့ ဥပဒေမျိုး ပြဋ္ဌာန်းပေးခဲ့ခြင်း မရှိသေးဟု ယူဆနိုင်ပြီး အနောက်အုပ်စုဝင် နိုင်ငံများကလည်း ထိုသို့ လုပ်ပေးခဲ့ခြင်းမျိုး မရှိသေးပေ။

 

ယခုအခါ ရုရှားမှ ယူကရိန်းအား ကျုးကျော်ခဲ့မှု၊ တရုတ်မှ နန်စီ ပလိုစီ ခရီးစဉ် အပြီးတွင် တိုင်ဝမ် အရေး ကို အကြောင်းပြုပြီး စစ်အင် အား ပြောင်ပြောင်တင်းတင်း စုစည်းလာမှု များ ကြောင့် အမေရိကန်သည် ယခင်ကလို မည်သူ့မျက်နှာ မှ ကြည့်မနေတော့ပဲ မဟာဗျူဟာ အရ လက်ဦး နိုင်ရန် ရှာကြံလာတော့မည် ဖြစ်သည်။ ရှီကျင့်ပင်သည် ၂၀၂၇ မတိုင်မီ တိုင်ဝမ်ကို အပြီးသိမ်းပိုက်ရန် ပြင်ဆင်နေသည်ဟုလည်း အမေရိကန် ဖက်မှအခိုင်အမာ ယုံကြည်ထားကြသည်။

 

ထို့အတွက် ပနားမား အာဏာရှင် နော်ရီဂါး၏ ကြမ္မာဆိုးမျိုး ကြုံရတော့မည်လားဟု တွေးကြောက်နေမည် ဆိုလည်း ၎င်းတို့အား အစိုးရိမ်ကြီးလွန်းသည်ဟု မည်သူမျှ အပြစ်တင် ကြလိမ့်မည် မဟုတ်ပေ။

 

ထိုဥပ‌ဒေသည် ဘာမလုပ်ရ၊ ဘာလုပ်ရမည် ဆိုသည်များကို တိကျသေချာစွာ ဖေါ်ပြထားခြင်း မရှိပြန်၍ လိုသလို ဆွဲဆန့်၍ ရနေပြန်သည်။ ဝင်ငွေရနေသည့် ရေနံ လုပ်ငန်းသည်လည်း ပိတ်ဆို့ရန် ဥပေဒထဲ ပါနေပြန်သည်။ ဘိုင်ဒင် အစိုးရက မသိချင်ယောင် ဆောင်နေလျှင်တောင်မှ မကြားကြားအောင် အသံကုန်ဟစ်ကြမည့် pressure group များက ကမ္ဘာအနှံ့တွင် ရှိနေသည်၊ ယိုးဒယား ပင် ပတ်စွာခွာ ဖျာသိမ်းစ ပြုလာနေသည်။

 

၎င်းတို့အဖို့ အမေရိကန်တို့ ကျေနပ်အောင် တခုခု လုပ်ပြလာနိုင်သော်လည်း မည်သို့မည်ပုံ လုပ်ရမှန်း မသိ၊ တခုခုကို လျော့ပေးလိုက်လျှင်ပင် အန္တရာယ် ရှိနေသောကြောင့်ပင် ဖြစ်သည်။

 

ယခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ အထိ ပြုစု‌ခဲ့သော စာရင်းဇယား များ အရ အသက်ဆုံးရှူံးသွားခဲ့ရသူ ပေါင်း ၂,၆၄၁ ဦး ရှိနေပြီး အဖမ်းဆီး ခံထားရသူ ပေါင်း ၁၆,၅၉၂ ဦး ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ အကူအညီ ပေးရေး အဖွဲ့ AAPP စာရင်းအား ကိုးကား၍ ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ ၂၀၂၂ တနှစ်ထည်းမှာပင် လူပမယ် ကလေးသူငယ် ၁၅၀ ကျော် အသတ်ခံခဲ့ရသည်ဟု လည်း ပါရှိသည်။ (ဧရာဝတီ သတင်း ဓါတ်ပုံ)

 

ထို့သို့သော အနေအထားများကြောင့် ပြည်သူ တော်လှန်ရေး ဘက်တော်သားများ၏ စိတ်ဓါတ် နှင့် သံန္ဓိဋ္ဌာန် တို့သည် live or die ဟု ပြတ်သားစွာ ချမှတ်လာခဲ့ကြပြီ ဖြစ်သည်ဟု မဇ္ဈိမ သတင်းက ဆိုသည်။ 

 

စစ်တပ် အဖို့လည်း တော်လှန်ရေး အင်အားစုများ၏ hit and run ပျောက်ကျား နည်းဗျုဟာ ကြောင့် အကျအဆုံး များလာပြီး နဲနဲ နှင့် ကျဲကျဲ ဝိုင်းလာနေရသည်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော တိုင်းရင်းသား အဖွဲ့များကပင် မကြာသေးမီက ၎င်းတို့၏ စေ့ဆပ်ဆွေးနွေးရန် ဖိတ်ခေါ်မှု ကို ငြင်းပယ်ခဲ့ကြသည်ဟု ဆိုသည်။ ရန်သူများ ပတ်လည် ဝိုင်းနေသော်ငြားလည်း ယခင်က တပ်သားသစ် ဆယ်ယောက် စုဆောင်းရခဲ့လျှင် ယခု အခါ တယောက်လောက် ရဖို့ပင် မနည်း ကြံဖန်နေကြရသည်။

 

လာမည့် ‌ရွေးကောက်ပွဲဖြင့် နိုင်ငံတကာ အလယ်တွင် တရားဝင် ပြန်လည် ရပ်တည်လာနိုင်ကောင်းရဲ့ဟူသော အတွေးဖြင့် မိုးကြိုး ပစ်နေသည်ကို ထန်းရွက် နှင့် ကာရန် ကြံစည်နေကြပြန်သည်။

 

တော်လှန်ရေး အင်အားစုများကလည်း စစ်လက်နက်အင်အားတွင် နိမ့်ကျနေသော်ငြားလည်း မကြာမီက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ အမေရိကန် ဥပဒေ ပြဋ္ဌာန်း ပေးလာမှု များ‌ နှင့် ရံပူံငွေများ တိုးတက် ရရှိလာတော့မည့် အလားအလာများကြောင့် အောင်ပွဲ ပန်းတိုင် နှင့် မဝေးတော့ဟု ပို၍ အားတက်လာကြသည်။

 

အခြေအနေအားလုံး၏ အကောင်းအဆိုးကို ယခု လာမည့် ရှစ်လ အတွင်း အဆုံးအဖြတ် ပေးနိုင်ဖွယ် ရှိနေသည်ဟု မြန်မာ အခြေအနေများကို လေ့လာသူများက ခန့်မှန်းနေကြသည်ဟု မဇ္ဈိမ သတင်းက ဆိုသည်။

 

ဒုတိယ နှစ်ထဲ ရောက်လာသည့်တိုင် တော်လှန်ရေး အရှိန်အဟုန်သည် လျော့ကျသွားခြင်း မရှိသည့် အပြင် မြင့်သည်ထက် မြင့်၍သာ လာနေသဖြင့် ပြည်သူများဖက်က စစ်အုပ်ချုပ်ရေး ဆိုသည်အား မြန်မာရာဇဝင်တွင် အပြီးအပိုင် ချုပ်ငြိမ်းသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်နေသည်ကို ပြဆိုနေသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

PDF အင်အားသည်လည်း တနိုင်ငံလုံး အတိုင်းအတာ နှင့် ၆၅,၀၀၀ ခန့်အထိ ရှိလာနေပြီဟု United Institute of Peace အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

ပရာရွတ် လောက်ကိုသာ လှမ်းကြည့် အတုယူခဲ့သည့် မင်းအောင်လှိုင် နှင့် စစ် ‌ဗိုလ်ချူပ်များ အဖို့ တော်လှန်ရေး ကို နှိမ်နှင်းနိုင်ဖို့ နေနေသာသာ လက်အောက်ခံ အရာရှိ အရာခံ အကြပ်တပ်သားများ အကြား သစ္စာခံမှု (၎င်းတို့ အခေါ် စည်းလုံးညီညွတ်မှု ရှိရေး) မနည်း ကြိုးပမ်းနေကြရသည့် အနေအထားမျိူး ၂၀၂၃ တွင် တွေ့မြင်ရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!