မင်းအောင်လှိုင် သမ္မတ လုပ်ခွင့်မရ၍ နိုင်ငံတော် အတိုင်ပင်ခံ အား စုစုပေါင်း ထောင် ၃၃ နှစ် ချ

by Hla Soewai - Jan 02 2023

မင်းအောင်လှိုင် ၏ စစ်အာဏာရှင် စနစ် ဆိုးတွင် သူ မသိပါဘဲနှင့် အီးတောင် မပေါက်ရဲဘဲ နေနေကြရသည့် အချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ အား အမျိုးမျိုးသော ပုဒ်မများ တပ်ကာ မာရသွန် တရားစီရင်ခန်းသည် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

 

သူမအား စွဲဆို ထားခဲ့သည့် အမှု များ မှာ အောက်ပါ အတိုင်း ဖြစ်သည်။

 

(၁) ဖမ်းဆီးခံထားရစဉ်၊ မည်သည့်နေရာတွင် ချုပ်နှောင်ထားမှန်း မသိရ၊ မည်သူနှင့်မှလည်း တွေ့ခွင့် မရသည့် အချိန်တွင် သူမ၏ ပါတီမှ နိုင်ငံတကာ အဖွဲ့အစည်းများသို့ စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ် မပြုရန် စာပေးပို့ခဲ့မှု အတွက် ထောင်ဒဏ် ၂ နှစ်။

 

(၂) ကိုဗစ် စည်းကမ်း ဖေါက်ဖျက်သည် ဆိုကာ ၂၀၂၁ ဒီဇင်ဘာ ၂၁ ရက်တွင် ထောင် ၂ နှစ်၊ ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်နေ့တွင် နောက်ထပ် ၂ နှစ် (မင်းအောင်လှိုင်မှ ၂ နှစ် လျော့ပေး)

 

(၃) လမ်းလျှောက် စကားပြောစက်များ အိမ်တွင် တွေ့ရှိမှု ဖြင့် စုစုပေါင်း ထောင် ၂ နှစ်။

 

(၄) အမေရိကန် ဒေါ်လာ ၆ သိန်း နှင့် အလေးချိန် ၁၁.၄ ကီလို ရှိ ရွှေချောင်းများ လာဘ်ယူ မှု ဖြင့် ၅ နှစ်။

 

(၅) ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း မှ ရံပုံငွေများ အလွဲသုံးစားမှု နှင့် မြေယာများကို ပေါက်ဈေးထက် လျော့ကာ ဝယ်ယူခဲ့မှု အတွက် ၆ နှစ်။

 

(၆) ရွေးကောက်ပွဲ ကော်မရှင် အား ကြိုးကိုင် ကာ မဲစာရင်းများ လိမ်လည်ခိုင်းသည့် အတွက် အလုပ်ကြမ်း နှင့် ထောင် ၃ နှစ်။

 

(၇) နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ဖေါက်ဖျက် မှု အတွက် ၃ နှစ်။

 

(၈) စီးပွားရေး လုပ်ငန်းရှင် မောင် ဝိတ် ဆိုသူ မှ သူ၏ လုပ်ငန်းများ အကျိုးရှိရာ ရှိကြောင်း အတွက် အစိုးရ ဌာနများသို့ လှူဒါန်းငွေ အပါအဝင် စုစုပေါင်း ဒေါ်လာ ငါးသိန်းခွဲ လာဘ် ယူခဲ့မှု အတွက် ၃ နှစ်။

 

(၉) ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရဟတ်ယာဉ် ငှားရမ်း အသုံးပြုမှု နှင့် အကျင့်ပျက် ခြစားမှု ငါးမှု အတွက် ၇ နှစ် ဖြင့် မာရသွန် တရားစီရင်ခန်း အဆုံးသတ်သွားခဲ့သည်။

 

နယူးယောက်တိုင်း သတင်းစာကြီးကမူ တသက်တကျွန်း အပြစ်ဒဏ်မျိုး ချမှတ်လိုက်ခြင်းသာ ဖြစ်သည်ဟူသော ခေါင်းစဉ် ဖြင့် သတင်း ဖေါ်ပြလာခဲ့သည်။ စစ်ခေါင်းဆောင်များမှ သူမအား အကျယ်ချုပ် ပြန်လည်ထားရှိခြင်း၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် စီရင်ခဲ့မှုများကို ပယ်ဖျက်ပေးခြင်း သို့တည်းမဟုတ် ဖြုတ်ချခံရခြင်း များ မရှိလျှင် အကျဉ်းထောင်ထဲတွင်သာ တသက်တာ ပတ်လုံး နေသွားရဖွယ် ရှိနေသည်ဟု ဆိုသည်။

 

သတင်းစာမှ ဆက်လက်ရေးသားရာတွင် မင်းအောင်လှိုင်သည် သူမ၏ တရားခွင်ကို နှစ်မကူးခင် အဆုံးသတ် လိုကြောင်း၊ သို့မှသာ သူ၏ သမ္မတ သေချာပေါက် ဖြစ်မည့် ၂၀၂၃ ရွေးကောက်ပွဲ အတွက် အာရုံစိုက်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

 

ကျွန်တော် အနေဖြင့် ဆိုရလျှင် အသက်အရွယ် ကြီးရင့်လာသော နိုင်ငံတော် အတိုင်ပင်ခံ အနေဖြင့် ရုံးချိန်း နေ့တိုင်း၌ အဓိပ္ပါယ်မဲ့ ပြောဆိုနေသည်များကို မိုးလင်း မှ မိုးချုပ် အထိ ထိုင်ပြီး အညောင်းမိ ခံကာ နားထောင် နေရသည့် အဖြစ်မှ လွတ်ငြိမ်းခွင့် ရသွားပြီဟု ဝမ်းမြောက်မိရပေသည်။

 

သူမ၏ တရားခွင်အား တံခါးပိတ် စီရင်ခဲ့ခြင်းမျိုး ဖြစ်ပြီး လိုက်ပါခဲ့ရသော ရှေ့နေများကပင် နိုင်ငံရေး အရ ရည်ရွယ်ချက် ရှိရှိ လုပ်နေသော တရားခွင် သာ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မင်းအောင်လှိုင်ကတော့ သူ့အား သမ္မတ လုပ်ခွင့် မပေးလည်း လက်နက်အားကိုး ဖြင့် ဖြုတ်ချကာ ရွေးကောက်ပွဲ အသစ် ပြန်လုပ်ပြီး သမ္မတ ဖြစ်အောင် လုပ်မည်ဟု သန္နိဋ္ဌာန် ချထားသူ ဖြစ်နေ၍ နေပြည်တော် ရှိ သူ့အိမ်သို့ အဝိုင်းမခံရမချင်း အလျော့ပေးမည့် လူမျိုးတော့ မဟုတ်ပေ။

 

သူ့အဖို့မှာ လက်ရှိတွင် တိုင်းပြည်ကို တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်နေရ၍ ပြည်တွင်းတွင် သမ္မတကြီး မင်းအောင်လှိုင် အခေါ်ခံရသည်မှ လွဲ၍ ထူးထူးခြားခြား ပြောင်းလဲမှု ရှိမည် မဟုတ်သော်လည်း ထိုသို့ သော ရွေးကောက်ပွဲမျိုးဖြင့် သမ္မတ ဖြစ်လာမည့် သူကို နိုင်ငံတကာ မှ မဖြစ်မနေ အသိအမှတ် ပြုရတော့မည်၊ သွားလေရာ တွင် ကော်ဇော်နီ ခင်းကာ ကြိုဆိုခြင်း ခံရတော့မည် ဟု တလွဲ အထင်ရောက်နေသူ ဖြစ်သည်။ ထိုသို့ ဖြစ်လာမည် မဟုတ်သည်ကို စိတ်တော်သိ ဗောင်းတော်ငြိမ့်များက ကောင်းစွာ ရိပ်စားမိနေသော်လည်း မည်သူမျှ အကျိုး အကြောင်း ရှင်းပြ ရဲကြခြင်း မရှိပေ။

 

အာဏာရှင်တိုင်းလိုလိုသည် ထိုသို့ ကိုယ်ထင် ကုတင်ရွှေနန်းဘဝ ဖြင့် နောက်ဆုံးတွင် မရှုမလှ ကျဆုံးသွားခဲ့ရ သည်ချည်း ဖြစ်သည်မှာလည်း သမိုင်း တလျှောက် မရေတွက် နိုင်သော ဖြစ်ရပ်များက သက်သေခံပြီး ဖြစ်သည်။

 

၎င်း၏ လက်ရှိလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ် ချက် ၂၆၆၉ အား ပထမဆုံး အကြိမ် လူသိရှင်ကြား အာခံလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

ပုဒ်မ အမျိုးမျိုး တပ်ကာ ထောင်ဒဏ်များ စီရင်ခဲ့မှုသည် စစ်တပ် အား နဂိုကတည်းက မျက်စိမှိတ် ထောက်ခံ ပြီးသား လူများ အတွက် အားတက်ဖွယ် ဖြစ်သော်လည်း သူမအား ပြည်ထောင်စု မိခင်ကြီး ဟု တလေးတစား ခေါ်ဝေါ်ကာ ချစ်မြတ်နိုးနေကြသည့် သန်းပေါင်း များစွာသော ပြည်သူများ အဖို့တော့ အနည်း ငယ်မျှပင် အပြောင်းအလဲ ရှိမည် မဟုတ်ပေ။

 

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်တိုးတက်ကြောင်း အတွက် လက်တွေ့ကျကျ pragmatic approach ဖြင့် ချဥ်းကပ်ပြီး စစ်တပ် နှင့် အာဏာ ခွဲဝေ ယူရမည့် ၂၀၀၈ ကိုပင် မျက်စိမှိတ် လက်ခံခဲ့ရှာသည်။ သူမ ၏ ထိုသို့ အမြော်အမြင် ရှိရှိ လုပ်ခဲ့မှုကြောင့် မြန်မာ ပြည်၏ စီးပွားရေး နှင့် လူနေမှု အဆင့်အတန်းသည် တမဟုတ်ချင်း တိုးတက်လာခဲ့ရသည် ကို ပြည်သူများ အားလုံး မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ကြရပြီး ဖြစ်လေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!