အခန်းထဲတွင် ကနယ်ရစ် နှင့် ဗိုဂဲလ်တို့သာ အရင်ဦးဆုံး ရောက်ရှိလာသူများ ဖြစ်နေသည်၊ ကနယ်ရစ်က "ကြက် ‌‌မွေးတဲ့သူ မလာခင် ဆေးလိပ်သောက်ချင် သောက်ထား" ဟု ဗိုဂဲလ်ကို ပြောလိုက်သည်။ ကနယ်ရစ် စကားကြောင့် ဗိုဂဲလ်တယောက် တွန့်ကနဲ ဖြစ်သွားသည်၊ သူတို့ ရောက...

Read More

“ကျွန်တော့် နာမည်က ဗီကာရီ၊ အဲ..အပြည့်အစုံ ပြောရရင်တော့ အယ်ဖရက် ဗီကာရီ၊ သူက ဟာရီ ဒေါ်လ်တန်၊ ကျွန်တော်နဲ့ အတူတူ လုပ်နေတဲ့လူ၊ ဒီက လူကြီးမင်းကတော့ ဆာ ဘက်ဆယ် ဘုသီ၊ သူက တာဝန်ခံ အရာရှိပေါ့” နောက်တနေ့ မနက်စောစော တွင် ဖြစ်သည်၊ သူတို့ အားလုံး တော...

Read More

ထိုအခန်းသည် တခါက စာကြည့်ခန်း အဖြစ် အသုံးပြုခဲ့ပုံရှိသည်။ စာအုပ်တင်ရန် စင်များ အား အခန်းနံရံ များ တလျှောက် တွင် မြုပ်၍ တည်ဆောက်ထားသည်၊ စာရေးစားပွဲကြီး တလုံး နှင့် ချာချီ နှင့် အိုင်စင်ဟောင်ဝါ တို့ ထိုင်နေသည့် တယောက်ထိုင် လက်တန်းပါ ဆိုဖါ ထိုင်ခုံကြီး နှစ်လု...

Read More

ဗီကာရီ ထုတ်ပြလိုက်သော ဓါတ်ပုံ နှစ်ပုံသည် ရော်ဘတ် ပုပ် နှင့် ဒစ်ကီ ဒေါ့ဖ် တို့၏ ပုံများ ဖြစ်သည်။ "ခင်ဗျား ဒီလူနှစ်ယောက်ကို မြင်ဖူးလား" "သိတ်တော့ မသေချာလှဘူး၊ ဘယ်နေရာလဲတော့ မသိဘူး၊ တနေရာရာမှာ တွေ့ဖူးတယ် ထင်တာပဲ" ဗီကာရီသည...

Read More

ခင်ဗျား သူနဲ့ ဘယ်လို ဆုံခဲ့တာလဲ” “ညဖက် မှောင်မဲနေတုန်း ဝင်တိုက်မိခဲ့ရင်းကပါ” “ဘာဆိုလိုတာလဲ” “ကျွန်တော်က ဓါတ်မီး မပါပဲ ပလက်ဖေါင်း ဘေးက လျှောက်လာတုံး ဝင်တိုက်မိရင်းက သူ့လက်ထဲက ဝယ်လာတဲ့ စားစရာ သောက်စရာတွေ ဖိတ်ကျကု...

Read More

မိုးက တစိမ့်စိမ့် အဆက်မပြတ် ရွာသွန်းနေသဖြင့် အအေးဓါတ်က ပိုလာပြီး သူတို့ထိုင်နေသော ဟမ်ဘား ကားထဲတွင် စကားပြောလျှင်ပင် ပါးစပ်မှ အငွေ့များ တထောင်းထောင်း ထွက်နေသည်၊။ ဂရိုဗီနာ ရင်ပြင် တွင်တော့ ထူးထူးခြားခြား ငြိမ်သက် တိတ်ဆိတ်နေ၍ ယခုလို အမှောင်ချထားသည့် ညတွင် ခွ...

Read More

ဟာရီ ဒေါလ်တန်သည် သူ့တွင် ပါလာသည့် ပါးလွှာသော သတ္တု တံလေးဖြင့် ပီတာ ဂျော်ဒန်၏ အိမ်ရှေ့တံခါး သော့ပေါက်ထဲသို့ ထိုးထည့်လိုက်သည်၊ ဗီကာရီ က မတ်တပ်ရပ်လျက် နေရင်းက လမ်းဖက်သို့ မျက်နှာမူကာ ဟာရီကို ကွယ်ထားပေးရင်းက လူရိပ်လူခြေကို ကြည့်နေသည်။ တအောင့်လောက် အကြာတွ...

Read More

ပုပ် တယောက် ချွေးပြန်လာနေသည့် အဖြစ်ကို ဟာရီ ကဲ့သို့ပင် ဗီကာရီလည်း ရိပ်စားလာမိသည်။ ထို့အတွက် တချိန်လုံး နှုတ်ဆိပ်နေသော ဗီကာရီသည် စကားစ လာခဲ့သည်။ "ခင်ဗျား ကျွန်တော်တို့ အပေါ် ကွယ်ဝှက်ထားတာတွေ ရှိနေတယ် မစ္စတာ ပုပ်" ယဉ်ယဉ်ကျေးကျေးပင် ပြောဆိုလိုက်သည...

Read More

စာမျက်နှာ အနည်းငယ်သာ ကျန်တော့၍ ခပ်သွက်သွက်ပင် ဓါတ်ပုံ ရိုက်ယူလိုက်သည်။။ ပြီးသွားသည်နှင့် စာအုပ်ကို ပြန်ပိတ်ပြီး ဘရိဖ်ကေ့စ်ထဲ ပြန်ထည့်လိုက်သည်။ မီးခံသေတ္တာ တံခါးကို အသာအယာ ပြန်ပိတ်ကာ မော်ဆာ ပစ္စတိုကို ကောက်ယူပြီး မောင်းဆွဲတင်လိုက်သည်။ ထို့နောက် စာကြည့်မီးက...

Read More

အယ်ဖရက် ဗီကာရီသည် စိန့်ဂျိမ်း လမ်းရှိ ရုံးတွင် ဂဏှာမငြိမ် ဖြစ်နေမှုကို ကြိုးစားဖြေဖျောက်နေရသည်။ ည ကိုးနာရီ လောက်တွင် ရုံးက ကန်တင်းသို့ တခုခု စားဖို့ ရောက်ခဲ့သော်လည်း ဈေးက ကြီးပြီး အာလူး ပြုတ်ရည် နှင့် ငါး‌ ပေါင်းဟင်းသာရသည်၊ ငါးကလည်း မြစ်ထဲမှ ရလာသည်...

Read More

ဗီကာရီ အခန်း အပြင်သို့ ရောက်သည်နှင့် ဘုသီသည်သူ့စားပွဲပေါ်ရှိ မည်သူမျှ ကြားဖြတ် နားထောင်၍ မရအောင် စီမံထားသည့် တယ်လီဖုန်း မှ စကားပြောခွက်ကို ကောက်ကိုင်လိုက်ရင်း နံပတ်တခုကို လှည့်လိုက်ပြီး တဖက်မှ ပြန်ဖြေလာမည်ကို စောင့်နေသည်။ တဖက်မှ လူက ထုံးစံရှိသည့် အ...

Read More

အခန်း (၃၅) LONDON ဟိုက်ပတ် ပစ်ခတ်မှု သတင်းကို လန်ဒန် ညနေပိုင်း သတင်းစာများက ဦးစားပေး ဖေါ်ပြလာခဲ့ကြသည်၊ သတင်းစာ အားလုံးက ရဲအဖွဲ့မှ ထုတ်ပြန်သော လိမ်လည်ထားသည့် ကြေညာချက် ကိုသာ ကိုးကား ဖေါ်ပြခဲ့ကြသည်၊ ရဲမှူခင်း ထောက်လှန်းရေး အဖွဲ့မှ လုယက်မှု ကျု...

Read More

လန်ဒန်၏ အမှောင်ချထားမှု အောက်တွင် ဟိုက်ပတ်သည်လည်း ပိန်းပိတ်အောင် မှောင်လာနေပြီ ဖြစ်သည်။ ဘေးစ်ဝါတား လမ်းပေါ်ရှိ သွားလာနေသော ယာဉ်တန်းများ၏ မီးရောင်သဲ့သဲ့ များကိုသာ မမြင်ရပါက ရှားဝုဒ် တောအုပ်ကြီးထဲ ရောက်နေသလားဟု ထင်မှတ်နိုင်လောက်သည်။ သူတို့လည်း ပါလာသော ဓါတ်မ...

Read More

ကက်သရင်း ဘလိတ်သည် တက္ကစီ စီးပြီး မာဘဲလ် အပ်ချ် သို့ ပြန်လာခဲ့သည်။ ဘတ်စ်ကား ပေါ်တွင် တွေ့ကြုံခဲ့ ရမှုကြောင့် သူမအဖို့ ယခုထိ တုန်လှုပ်ချောက်ချား နေရဆဲ ဖြစ်သည်။ ထိုအဖြစ်ကို ကောင်းစွာ မကိုင်တွယ် နိုင်ရ ကောင်းလားဟု သူမကိုယ် သူမလည်း အပြစ်တင် မဆုံး ဖြစ်နေရသည်။ ဘ...

Read More

လိုက်ကက်စတာ စကွဲယား ရှိ ကော်ဖီ ဆိုင်တွင် ဝင်ထိုင်လိုက်ရင်းက နျူမန် ပေးသော စာကို ထုတ်ဖတ်လိုက်သည်၊ စာထဲပါ အကြောင်းအရာများကို သေချာ နားလည် သဘောပေါက်အောင် နောက်တခေါက် ထပ်ဖတ်လိုက်ပြန်သည်၊ ထို့နောက် စာကို ခေါက်ပြီး ပိုက်ဆံအိတ်ထဲ ပြန့်ထည့်ထားလိုက်သည်။ သူမ တိုက်ခ...

Read More

အပိုင်း (၃) အခန်း (၃၁) BERLIN: February 1944 “သူတို့ အခေါ် က ပိုးစာသီး စစ်ဆင်ရေး လို့ ဆိုတယ်၊ ခက်တာက အခုထိ အဲ့တာ ဘာလဲဆိုတာ ကျုပ်တို့ဖက်က အစအနတောင် မသိရသေးတာပဲ” ဟု ဗိုလ်ချုပ် ကနယ်ရစ်က ပြောသည်။ သူ့စကားကြောင့် ဘရီးဂိတ်...

Read More

ထိုနေ့မနက် ဟော့ နျူမန် အတွက် ပထမဦးဆုံး နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရသော ပြဿနာသည်ကား ပီတာ ဂျော်ဒန်၏ သော့များကို မိတ္တူကူးပေးနိုင်မည့် လူကို ရှာဖွေရဖို့ ဖြစ်လာခြင်းပင်။ လန်ဒန် အနောက်ဖက်ခြမ်းရှိ အထင်ကရ ဆိုင်ကြီးများက ထိုကဲ့သို့ ရွှံ့တုံးပေါ်တွင် ပုံတူ လုပ်လာသ...

Read More

“မင်း ဘယ်သွားနေတာလဲ၊ ကိုယ် စိုးရိမ်သွားတယ်” ဟု ပီတာက မေးလိုက်သည်။ “ကျမ ရေဆာလွန်းအားကြီးလို့” ဟု ပြန်ဖြေလိုက်သော သူမ အသံက လွန်စွာ တည်ငြိမ်မှု ရှိနေသည့် အဖြစ် ကို သူမ ကိုယ်တိုင်ပင် အံ့ဩသွားမိသည်။ “ကိုယ့်အတွက်လည်း ...

Read More

ဒီည အတွက် ကက်သရင်း က သူမ၏ လုပ်ရမည်များကို အကန့်အသတ်ထား၍ လှုပ်ရှားရန် ရည်မှန်းထားသည်။ ဂျော်ဒန်၏ စာကြည့်ခန်း ထဲသို့ ပုံမှန် ဝင်ရောက်ကာ သူ၏ စာရွက်စာတမ်းများကို ကြည့်ရှုနိုင်မည့် အခွင့်အလမ်း အမြဲတမ်း ရနေရန် ရည်ရွယ်ထားသည်။ ထို့အတွက် အိမ်ရှေ့တံခါး၊ စာကြည့်ခန်း ...

Read More

သူတို့ နှစ်ဦး စားပွဲတွင် ပြန်ထိုင်လိုက်ကြသည့် အခါ “ဒါဟာ ကောင်တာက ဂျင်းတဲလ်မင်း တယောက်ရဲ့ စေတနာပါ” ဟု စားပွဲထိုးက ပြောပြောဆိုဆို နှင့် ရှမ်ပိန် တပုလင်းကို လာချပေးသည်။ “အဲ့ဒီ ဂျင်းတဲလ်မင်း နာမည်က” ဟု ဂျော်ဒန် မေးသည်။ &l...

Read More