D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၇) လမ်းလျှောက် ပြန်လာခဲ့ရင်းက ဖြစ်နိုင်လျှင် ပြေးပင် ပြေးလိုက်ချင်နေမိသည်။ ပြန်လာသည် ဆိုသော်လည်း သူ၏ ခြေလှမ်းများက ဦးတည်ရာမဲ့ ရွေ့လျားနေသည်။ သူ့ ဒူးခေါင်းတဝိုက်ရှိ အမာရွတ်ပေါ်က အသား တစ်ရှူးစများ စပ်ဖျင်းဖျင်...

Read More

"တခါတော့ ရှိအောင် ကြိုးစားခဲ့ဖူးသေးတယ်၊ ဒါပေမယ့် အဲ့ဒီလူကလည်း ဒေးဗစ် အတိုင်းပဲ၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ကျေးလက်က ဘုရားကျောင်းတခုမှာ ကျမ ပေးခဲ့ဖူးတဲ့ ကတိကို ချိုးဖောက် နိုင်စွမ်း မရှိတာလည်း ပါတယ်" "မင်း ကိုယ့်အပေါ် ပေးခဲ့တဲ...

Read More

ဟယ်လင်သည် ဗီကာရီ ရုံးသို့ လွန်ခဲ့သည့် မိနစ် နှစ်ဆယ်‌လောက်က ဖုန်းဆက်လာခဲ့သည်။ တယ်လီဖုန်း စကားပြောခွက်ကို ကောက်ကိုင်လိုက်သည့် အခါတွင်တော့ မျှော်လင့်မထားသည့် သူမ အသံကို ကြားလိုက်ရခြင်း ဖြစ်သည်။ ဘုသီက သူ၏ နောက်ထပ် ပြောင်မြောက်သည့် လုပ်ရပ်အကြောင်း ပြောနို...

Read More

ဟင်းမလား ပြောသည်က ဖြစ်နိုင်ခြေရှိသည်ဟု ဗိုဂဲလ် တွေးလိုက်မိသည်၊ သို့သော် ထိုသို့ အကြီးအကျယ် လိမ်လည်ဖို့က ဖြစ်နိုင်ဖွယ် ရှိပါမည်လော၊ ထိုတိုင်းဆိုက ဂျာမန် အေးဂျင့်မှန်သမျှ အချုပ်ထဲ ရောက်နေရမည် သို့တည်း မဟုတ် ရန်သူ၏ တဖန် ပြန်စည်း ရုံးခြင်း ခံရမှသာ ဖြစ်နိုင်ပေ...

Read More

ထိုညက နျူမန် အိပ်မပျော်၊ ရထားသည့် ဒဏ်ရာက နာနေ၍ အိပ်ယာထဲတွင် တလူးလူး တလွန့်လွန့် ဖြစ်နေသည်၊ အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို ငြိမ်အောင် ကြိုးစားရင်း အိမ်နံရံကို ရိုက်ပုတ်နေသည့် လေတိုက်သံများကို နားစွင့် နေသည်၊ အဝေး ရှိ ကမ်းခြေမှ လှိုင်းပုတ်သံများကိုလည်း ခပ်သဲ့သ...

Read More

"မေရီက အပ်ဗဲယား အတွက် ခင်ဗျား စပိုင်လုပ်နေတာကို သိနေတယ်၊ ပြီးတော့ ကျွန်တော်ကလည်း ဂျာမန် အေးဂျင့် ဆိုတာ သိထားတယ်၊ ဗြိတိသျှ တွေသာ ဒါတွေကို သိသွားရင် ကျေကျေနပ်နပ် ကြီး လွှတ်ထားမှာတော့ မဟုတ်ဘူး၊ ‌သူ့ကို ပါ ထောင်ထဲ တန်းထည့်ကြလိမ့်မယ်၊ ဒါက ကံကောင်းရင်...

Read More

အခန်း (၄၄) HAMPTON SANDS, NORFOLK ဗီကာရီ နှင့် ဟာရီ တို့ သူ့ကို ရှာဖွေရန် စတင် လုံးပမ်းလာနေချိန်တွင် ဟော့စ် နျူမန်သည် သူ တည်းခိုနေထိုင်ရာ ဒိုရသီ ၏ အိမ် မှ ရွာဖက်သို့ စက်ဘီးကို မှန်မှန် နင်းကာ ထွက်လာနေသည်။ လည်ပင်းကို ပါ ဖုံးထားသည့် ထူထဲသော ဆွယ်တာ...

Read More

"ဟင်းဒရစ်ခ်ျ ဟင်းမလား ကျမတို့ အိမ် ထဲ ရောက်လာတာကို ခုထိ မယုံနိုင်အောင်ကို ဖြစ်နေတုံးပဲ" ဟု ထရုဒ်က သူမဖာသာ တဦးတည်း ပြောဆိုနေသည့် အလား ရေရွတ်လိုက်ပြန်သည်။ သူတို့ အိပ်ခန်းထဲရှိ ငြိမ်းလုလု ဖြစ်နေသော မီးလင်းဖို ရှေ့တွင် ရပ်နေရင်း ယခုလို ပြောလိုက်ခြင်...

Read More

ဟစ်တလာက အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြန်သည်၊ ဒီတကြိမ်တွင်တော့ ခပ်ဖြေးဖြေး သာ၊ အဝေးက ငြိမ်သက်အေးချမ်းစွာ လဲလျှောင်းနေသော အယ်လ်ပ်တောင်တန်းကြီး သည် သူ့စိတ်ကို တနည်းနည်း နှင့် ဖြေသိမ့်ပေးနေသလို ဖြစ်ပုံရသည်။ “အခု ကိစ္စကို ဗိုဂဲလ်၊ ရှလင်းဘ...

Read More

အခန်း (၄၂) BERCHTESGADEN “ခွေးမသားတွေ ငါတို့ နောက်က မလိုက်ဘဲ ရှေ့ကသွားနေမယ် ဆိုရင် စိတ်သက်သာရာ ရဦးမယ်ကွာ” ဟု ဝီလျံ ကနယ်ရစ်သည် မျက်နှာ သုန်သုန်မှုန်မှုန် ဖြင့် ရေရွတ်လိုက်သည်။ သူတို့ လိုက်ပါလာသော ဌာနပိုင် မာစီဒီးကား သည် အဖြူများနှ...

Read More

ကက်သရင်း သည် တက္ကစီ နောက်ခန်းရှိ ကူရှင်ကို မှီထိုင်လိုက်ရင်း ကားပြတင်းပေါက်မှန်ကို လာရောက် ရိုက်ခတ်နေသော မိုးပေါက်များ စီးကျလာနေပုံကို ငေးကြည့်နေသည်။ ဘက်တာဆီး တံတားကို ဖြတ်ကျော် လာချိန်တွင် မိုးနှင့် အတူ လေက ပါလာ၍ တက္ကစီပင် ယိမ်းထိုးသွားသည်။ လမ်းပေါ်တွင် ...

Read More

“ပါတီပွဲကြီး” စစ်ဆင်ရေး အကြောင်း ထင်ရာမြင်ရာ စဉ်းစားရင်း ဗီကာရီသည် စိန့်ဂျိမ်း လမ်းရှိ သူ့ ရုံးခန်းထဲတွင် တနေ့တာ အချိန်ကုန်လွန်သွားခဲ့ရသည်။ ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်ကိုကား ဗီကာရီသည် ထိပ်တန်းလျှို့ ဝှက်ချက်များကို ရယူနိုင်စွမ်း ရှိနေသည့် ဂျာမန်...

Read More

၁၉၄၀ တွင် Ml-5 ကို ပြန်လည် ဖွဲ့စည်းလာခဲ့သည်။ MI-5 အား ၁၉၀၉ ခုနှစ် ကတည်းက တည်ထောင်ပြီး အုပ်ချုပ်လာခဲ့သည့် ညွန်ကြားရေးမှုးချုပ် ဗာနွန် ကဲလ် အား ချာချီသည် ရုတ်ခြည်းဆိုသလို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဆာ ဒေးဗစ် ပီထရီအား တာဝန်ယူစေခဲ့သည်။ ဘုသီ သည် ပီထရီနှင့် အိန္ဒိယ...

Read More

အခန်းက ခပ်စုတ်စုတ် ပင် ဖြစ်သည်။ လူအိပ်ပုံမရသည့် ကုတင်တလုံးတွေ့ရပြီး ဗီကာရီ၏ MI-5 ရုံးခန်းထဲရှိ ကုတင် အရွယ်အစားလောက်ပင်၊ မီးဖိုချောင်ကလည်း ခပ်သေးသေး ဖြစ်ပြီး ဓါတ်ငွေ့မီးဖိုပေါ်တွင် ကော်ဖီကို ပူအောင် တင်ထားသည်၊ စားပွဲတွင်တော့ လူနှစ်‌ယောက်သည် ကျောက်ရုပ်...

Read More

အခန်း (၄၀) LONDON "အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေပါပေါ့လား အယ်ဖရက်၊ လာ...ကားထဲ မြန်မြန်ဝင်၊ အေးလွန်းလို့ အရိုးတွေ ကွဲထွက်သွားဦးမယ်။ ကျွန်တော်လည်း နှစ်ဆယ်ဦး ကော်မတီဆီ သွား အစီရင်ခံပြီး ပြန်လာတာ ၊ ပြောစရာတောင် လိုမယ်မထင်ဖူး၊ သဘောကျနေကြတာများ၊...

Read More

ဗီကာရီသည် အပေါ်ထပ်ရှိ စာကြည့်ခန်းထဲတွင် စောင့်နေသည်၊ အောက်က ကလေးမလေးများက သူ့အတွက် နောက်ဆုံးဝင်လာသော သတင်းများကို တခုပြီး တခု ယူလာပေးနေသည်။ ၂၁၁၅ နာရီ - အားလ်ကုပ် ရှိ စောင့်ကြည့်နေသူများ ထံမှ ကက်သရင်း ဘလိတ် သည် သူမ၏ တိုက်ခန်းမှ ထွက်သွားသည်ကို တွေ့လိ...

Read More

“ကလိုက် ရိုချ် က အရင်တုံးက ဘယ်ဂျာမန် အေးဂျင့်ကိုမှ မျက်ခြေပြတ်သွားတာမျိုး မရှိခဲ့ဖူးဘူး” ဟု ဘုသီက သူထံ ရောက်လာသည့် အစီရင်ခံစာကို စူးစူးရဲရဲ စိုက်ကြည့်နေရင်းက ပြောလိုက်သည်။ ဗီကာရီကို မော့ကြည့်လိုက်ပြန်ပြီး “ဒီလူက ဟမ်စတက် ဟိသ် မှာ ယင်တကောင...

Read More

အခန်း (၃၉) LONDON ဗီကာရီ တို့ စစ်ဆင်ရေး ၏ လျို့ဝှက် အမည်ကို "ပါတီပွဲကြီး" ဟု အမည်ပေးထားသည်၊ မည်သူက မည်သည့် အတွက်ကြောင့် ထိုသို့ ပေးခဲ့ခြင်း ဆိုသည်ကိုလည်း ဗီကာရီ မသိ၊ စစ်ဆင်ရေး သည် ကြီးမားကျယ်ပြောပြီး ရှုပ်ထွေးနိုင်သည့် သဘောရှိသဖြင့် ဗီကာ...

Read More

"ဗိုလ်ချုပ် ကနယ်ရစ် က အမျိုးသမီး တွေကို အေး ဂျင့် အဖြစ် ယုံယုံကြည်ကြည် သုံးလေ့မရှိဘူး လို့ ကျုပ် အမြဲလို ထင်ထားခဲ့တာကလား၊ အမျိုးသမီးတွေက စိတ်ခံစားမှု ကို ရှေ့တန်းတင်လွန်းပြီး ဓမ္မဓိဌာန်ကျကျ တွေးခေါ်မှု အားနည်းတယ်ဆိုပြီး လျို့ဝှက် လုပ်ရမယ့် လုပ်ငန်း...

Read More

ဖီးလ်မာရှယ် ဗွန် ရန်းစတက် ပြောသွားတာက အတော်လေးကို အကျိုး အကြောင်း ခိုင်လုံမှု ရှိလှပါတယ်" ဟု ဗိုဂဲလ် က ပြောရင်း ပြောလက်စ စကားကို ခဏ ရပ်လိုက်သည်၊ ဗွန် ရန်းစတက်ကလည်း သဘောကျသည့် ပုံဖြင့် ခေါင်းကို ငြိမ့်ပြလိုက်သည်။ "ဒီနေရာမှာ ကျွန်တော်တို့က ဖ...

Read More